ဘုန်းကြီး ဖက်ရှင်ရှိုး၊ ပွဲလမ်းသဘင်ကြိုက်တဲ့ ကိုယ်တော်တွေနဲ့ ရင်လေးဖွယ် သာသနာ့အနာဂတ်ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လျက်ရှိပြီး လူပြောများနေတဲ့ ဓာတ်
ပုံတပုံကတော့
ဖက်ရှင်ရှိုးလို စင်မြင့်ပေါ်မှာ သံဃာ ၁၀ ပါးခန့် တန်းစီ လမ်းလျှောက်လာတာကို စင်အောက်က လူပရိသတ်တွေက လက်အုပ်ချီ ရှိခိုးနေတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။အဆိုပါ ဓာတ်ပုံနဲ့
ပတ်သက်ပြီး လူမှုကွန်ရက် အသုံးပြုသူများက အမျိုးမျိုးဝေဖန်လျက် ရှိနေကြပါတယ်။ဘုန်းကြီး ဖက်ရှင်ရှိုးပွဲလို့ ပြောနေကြသူတွေ ရှိသလို၊ မော်ဒယ်တွေက သင်္ကန်းဝတ်ထားပြီး
ရှိုးလျှောက်ပြနေတယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ပုံထဲမှာ ပါဝင်တဲ့ ပရိသတ်တွေရဲ့ ပုံအရ မြန်မာပြည်ထဲက တနေရာမှာ ပြုလုပ်တာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
သံဃာတော်တွေကတော့ သင်္ကန်းအရောင် မျိုးစုံဝတ်ဆင်ထားပြီး နောက်ပိတ်ဖိနပ်တွေ ဝတ်ဆင်ထားသူတွေ ပါဝင်တာကြောင့် နိုင်ငံခြားက သံဃာတော်တွေ ဖြစ်နိုင်ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းအရ အဆိုပါပွဲဟာ ရန်ကုန်မြို့က ဟိုတယ်လော်တီမှပြုလုပ်ခဲ့တဲ့ ဆရာတော် တပါးရဲ့ မွေးနေ့ပွဲလို့ သိရပါတယ်။အဆိုပါပွဲမှာ ပါဝင်ခဲ့တဲ့ သံဃာတွေနဲ့
စီစဉ်သူတွေကို သိရှိဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ရဟန်းသံဃာတွေပွဲလမ်းသဘင်တွေမှာ ပျော်မွေ့ခြင်း မရှိစေဖို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။ ဆရာတော်တွေရဲ့
မွေးနေ့ပွဲတွေကို အများအားဖြင့် ဘုန်းကြီးကျောင်းတွေမှာပဲ ပြုလုပ်လေ့ ရှိကြပါတယ်။ဒါပေမယ့် ယခုလို အတတ်ဆန်းပြီး ဟိုတယ်ရဲ့ ဖက်ရှင်ရှိုး လျှောက်တဲ့နေရာမှာ ပြုလုပ်လိုက်တော့
အများပြောစရာ ဖြစ်ကုန်ကြပါတယ်။ပွဲစီစဉ်သူ ဒါယကာ၊ ဒါယကာမတွေအနေနဲ့လည်း မိမိပြုလုပ်လိုက်တဲ့ ကိစ္စတခုဟာ လျော်ကန်ရဲ့လားဆိုတာကို မစီစဉ်ခင်က စဉ်းစားသင့်ပါတယ်။
လက်ရှိအချိန်မှာ သာသနာကို ဂုဏ်သိက္ခာလျော့ကျ ညှိုးနွမ်းစေတဲ့ အပြုအမူများ အများအပြား ဖြစ်ပေါ်နေပါတယ်
သာသနာပိုင်လို့ ခံယူထားတဲ့ ဆရာတော်တွေအနေနဲ့လည်း ဓမ္မနဲ့ လျော်ညီတဲ့ အပြုအမူတွေ ပြုလုပ်ကြဖို့ လမ်းညွှန်သင့်ပါတယ်။
အဲဒီလို မဟုတ်ဘဲ ရေငုံနှုတ်ပိတ်နေပါက လက်ရှိအခြေအနေထက် ပိုမို ဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့ ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။
Credit