Life Style

တည္ၿငိမ္ေအးေဆးတဲ့ မိန္းကေလးေတြမွာ ရွိေနတတ္တဲ့ ထူးျခားတဲ့ လကၡဏာရပ္ေလးမ်ား

ေခတ္ကာလက ေျပာင္းလဲလာလို႔ မိန္းကေလးေတြရဲ႕ ပုံစံေလးေတြလည္း ေရွးယခင္ကနဲ႔ မတူဘဲ ေျပာင္းလဲလာၾကပါတယ္။

ပိုၿပီး အျမင္က်ယ္လာၾကသလို ပိုၿပီးလည္း လြတ္လြတ္လပ္လပ္ ေနထိုင္လာၾကပါတယ္။

ဒါေပမယ့္လည္း တစ္ခ်ိဳ႕ေကာင္မေလးေတြကေတာ့ ေရွး႐ိုးဆန္တာလည္း မဟုတ္ ေခတ္ဆန္လြန္းတာမ်ိဳးလည္း မဟုတ္ဘဲ အေနတည္ၾကပါတယ္။

သူတို႔ေတြကို ၾကည့္လိုက္ရင္ တည္ၿငိမ္ၿပီး ေအးေဆးတဲ့သူေတြလို႔ ျမင္ရၿပီး သူတို႔မွာ ထူးျခားတဲ့ အက်င့္စ႐ိုက္ေလးေတြလည္း ရွိေနပါေသးတယ္။

တစိုက္မတ္မတ္ ရွိတယ္

သူတို႔ေတြလို တည္ၿငိမ္ေအးေဆးတဲ့သူေတြက ႀကိဳးစားမႈ ရွိတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

သူတို႔ေတြက တစ္ခုခုကို ေလ့လာမယ္ဆိုရင္ တစိုက္မတ္မတ္နဲ႔ကို ႀကိဳးစားတတ္ၾကပါတယ္။

ဒီအတြက္လည္း သူတို႔က သူတို႔ ေမွ်ာ္လင့္ထားတဲ့အတိုင္း လုပ္ႏိုင္ၾကတာ မ်ားပါတယ္။ ဝီရိယ ရွိတဲ့သူေတြထဲမွာ သူတို႔က ထိပ္ဆုံးပါပဲ။

စကားေျပာ ယဥ္ေက်းတယ္

သူတို႔ေတြက စိတ္တိုေဒါသထြက္တတ္ေပမယ့္လည္း ဘယ္သူနဲ႔မဆို စကားေျပာ ခ်ိဳသာတဲ့သူေတြ ျဖစ္ပါတယ္။

လူႀကီးေတြကို ေလးစားသမႈ ေပးသလို ငယ္သူေတြကိုလည္း ခ်စ္ခင္တတ္ပါတယ္။

ခြဲျခားမႈ မရွိဘဲ ယဥ္ေက်းတတ္ၾကတဲ့သူေတြ ျဖစ္ၿပီး သူတို႔ကို လာေစာ္ကားတာမ်ိဳးကိုေတာ့ သည္းခံ မေနတတ္ၾကပါဘူး။

လူမႈေရးအရႈပ္ေတြ မလုပ္ဘူး

သူတို႔ေတြ လူ႔က်င့္ဝတ္ေတြကိုလည္း သိနားလည္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

သူငယ္ခ်င္းရည္းစားနဲ႔လည္ အရမ္း ရင္းႏွီးေအာင္ မေနသလို သူတို႔ကို ရည္းစားရွိတဲ့သူေတြ လာပတ္သတ္ရင္လည္း ျပတ္ျပတ္သားသား ေျပာတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

သူတို႔မွာ လူမႈေရး အရႈပ္အရွင္းဆိုတာမ်ိဳး ဘယ္ေတာ့မွ ရွိမလာေအာင္ကို ေနတတ္ၾကပါတယ္။

ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို သိပ္စိတ္မဝင္စားဘူး

သူတို႔ေတြက ေခတ္ဆန္တဲ့ မိန္းကေလးေတြလို သူငယ္ခ်င္းေတြ ဝိုင္းဖြဲ႕ ေသာက္စားတာမ်ိဳး၊ EDM ပြဲေတြ သြားရတာမ်ိဳးေတြကို စိတ္မပါၾကပါဘူး။

ေပ်ာ္တတ္ၾကေပမယ့္လည္း ေဟးလားဝါးလား လုပ္ရတာမ်ိဳးက သူတို႔နဲ႔ မကိုက္ညီတာမ်ိဳး ျဖစ္ပါတယ္။

သူငယ္ခ်င္းေတြ ေသာက္ၾကတယ္ဆိုရင္ သူတို႔က ကူညီတာမ်ိဳးလည္း လုပ္ေပးတတ္ၾကပါတယ္။

ရင့္က်က္ၿပီး အေမွ်ာ္အျမင္ရွိတယ္

သူတို႔ေတြ တည္ၿငိမ္ၿပီး ေအးေဆးတဲ့ သူတို႔ရဲ႕ပုံစံအတိုင္း ရင့္က်က္မႈလည္း ရွိၾကတဲ့သူေတြပါ။

ဘာလုပ္ရင္ ဘာျဖစ္ႏိုင္တယ္ဆိုတဲ့ က်ိဳးေၾကာင္းဆီေလ်ာ္ေအာင္ ေတြးႏိုင္ၾကသလို ေရွ႕ေရးကိုလည္း ေတြးၾကည့္တတ္တဲ့သူေတြပါ၊

ဒါေၾကာင့္ သူတို႔က ေနာင္တစ္ခ်ိန္မွာ ေနာင္တရမယ့္ ကိစၥမ်ိဳး မျဖစ္ရေလေအာင္ ကိုယ္တိုင္လည္း ဂ႐ုစိုက္သလို သူငယ္ခ်င္းေတြကို ထိန္းသိမ္းအႀကံေပးတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

Unicode,

တည်ငြိမ်အေးဆေးတဲ့ မိန်းကလေးတွေမှာ ရှိနေတတ်တဲ့ ထူးခြားတဲ့ လက္ခဏာရပ်လေးများ

ခေတ်ကာလက ပြောင်းလဲလာလို့ မိန်းကလေးတွေရဲ့ ပုံစံလေးတွေလည်း ရှေးယခင်ကနဲ့ မတူဘဲ ပြောင်းလဲလာကြပါတယ်။

ပိုပြီး အမြင်ကျယ်လာကြသလို ပိုပြီးလည်း လွတ်လွတ်လပ်လပ် နေထိုင်လာကြပါတယ်။

ဒါပေမယ့်လည်း တစ်ချို့ကောင်မလေးတွေကတော့ ရှေးရိုးဆန်တာလည်း မဟုတ် ခေတ်ဆန်လွန်းတာမျိုးလည်း မဟုတ်ဘဲ အနေတည်ကြပါတယ်။

သူတို့တွေကို ကြည့်လိုက်ရင် တည်ငြိမ်ပြီး အေးဆေးတဲ့သူတွေလို့ မြင်ရပြီး သူတို့မှာ ထူးခြားတဲ့ အကျင့်စရိုက်လေးတွေလည်း ရှိနေပါသေးတယ်။

တစိုက်မတ်မတ် ရှိတယ်

သူတို့တွေလို တည်ငြိမ်အေးဆေးတဲ့သူတွေက ကြိုးစားမှု ရှိတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

သူတို့တွေက တစ်ခုခုကို လေ့လာမယ်ဆိုရင် တစိုက်မတ်မတ်နဲ့ကို ကြိုးစားတတ်ကြပါတယ်။

ဒီအတွက်လည်း သူတို့က သူတို့ မျှော်လင့်ထားတဲ့အတိုင်း လုပ်နိုင်ကြတာ များပါတယ်။ ဝီရိယ ရှိတဲ့သူတွေထဲမှာ သူတို့က ထိပ်ဆုံးပါပဲ။

စကားပြော ယဉ်ကျေးတယ်

သူတို့တွေက စိတ်တိုဒေါသထွက်တတ်ပေမယ့်လည်း ဘယ်သူနဲ့မဆို စကားပြော ချိုသာတဲ့သူတွေ ဖြစ်ပါတယ်။

လူကြီးတွေကို လေးစားသမှု ပေးသလို ငယ်သူတွေကိုလည်း ချစ်ခင်တတ်ပါတယ်။

ခွဲခြားမှု မရှိဘဲ ယဉ်ကျေးတတ်ကြတဲ့သူတွေ ဖြစ်ပြီး သူတို့ကို လာစော်ကားတာမျိုးကိုတော့ သည်းခံ မနေတတ်ကြပါဘူး။

လူမှုရေးအရှုပ်တွေ မလုပ်ဘူး

သူတို့တွေ လူ့ကျင့်ဝတ်တွေကိုလည်း သိနားလည်ကြတဲ့သူတွေ ဖြစ်ပါတယ်။

သူငယ်ချင်းရည်းစားနဲ့လည် အရမ်း ရင်းနှီးအောင် မနေသလို သူတို့ကို ရည်းစားရှိတဲ့သူတွေ လာပတ်သတ်ရင်လည်း ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

သူတို့မှာ လူမှုရေး အရှုပ်အရှင်းဆိုတာမျိုး ဘယ်တော့မှ ရှိမလာအောင်ကို နေတတ်ကြပါတယ်။

ပျော်ပွဲရွှင်ပွဲတွေကို သိပ်စိတ်မဝင်စားဘူး

သူတို့တွေက ခေတ်ဆန်တဲ့ မိန်းကလေးတွေလို သူငယ်ချင်းတွေ ဝိုင်းဖွဲ့ သောက်စားတာမျိုး၊ EDM ပွဲတွေ သွားရတာမျိုးတွေကို စိတ်မပါကြပါဘူး။

ပျော်တတ်ကြပေမယ့်လည်း ဟေးလားဝါးလား လုပ်ရတာမျိုးက သူတို့နဲ့ မကိုက်ညီတာမျိုး ဖြစ်ပါတယ်။

သူငယ်ချင်းတွေ သောက်ကြတယ်ဆိုရင် သူတို့က ကူညီတာမျိုးလည်း လုပ်ပေးတတ်ကြပါတယ်။

ရင့်ကျက်ပြီး အမျှော်အမြင်ရှိတယ်

သူတို့တွေ တည်ငြိမ်ပြီး အေးဆေးတဲ့ သူတို့ရဲ့ပုံစံအတိုင်း ရင့်ကျက်မှုလည်း ရှိကြတဲ့သူတွေပါ။

ဘာလုပ်ရင် ဘာဖြစ်နိုင်တယ်ဆိုတဲ့ ကျိုးကြောင်းဆီလျော်အောင် တွေးနိုင်ကြသလို ရှေ့ရေးကိုလည်း တွေးကြည့်တတ်တဲ့သူတွေပါ၊

ဒါကြောင့် သူတို့က နောင်တစ်ချိန်မှာ နောင်တရမယ့် ကိစ္စမျိုး မဖြစ်ရလေအောင် ကိုယ်တိုင်လည်း ဂရုစိုက်သလို သူငယ်ချင်းတွေကို ထိန်းသိမ်းအကြံပေးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။