Crd မူရင်းရေးသားသူ
Unicode,
ဝက်သားဒုတ်ထိုး ကြိုက်သူတွေ ဖတ်ဖြစ်အောင် ဖတ်သွားဗျို့..
သတိထား မိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ် ထိုးတွေ၊ အတော်စား ဖြစ်တယ်လို့ ပြောတယ်..
အဲဒီ အကောင်လေး တွေသာ အသည်းထဲမှာ တွယ်ကပ်မိရင်၊ အတော်ကို ဆိုးဆိုး.. ရွားရွား ဒုက္ခပေး တော့မှာ..
ဒီလပိုင်း.. နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်း၊ မကြာခဏ တွေ့လာရ တာတွေက..
အသက် ၃၀ ဝန်းကျင် လူနာတွေ အစာအိမ် ကင်ဆာ အူမကြီးကင် ဆာတွေနဲ့.. တစ်ချို့ ဆိုရင်၊ ခွဲလို့ မရနိုင်တော့တဲ့ အခြေအနေမို့..
အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက် ချိန်းကို ထိုင်စောင့်၊ နေရတဲ့ ဘဝတွေကို ဖြစ်လို့..
အဲဒီလိုလူနာ တွေကို တွေ့ရ မြင်ရ ကြားရတိုင်း.. လမ်းဘေးမှာ မကျက်တကျက် ပြုတ်တွေ ထိုင်စားနေတဲ့၊ တုတ်ထိုး ဆိုင်တွေ..
မကျက် တကျက်ကင်တဲ့ အပြင် မီးခိုး ငွေ့တွေ ညှော်ငွေ့တွေ ပါရိုက်ထားတဲ့..
အကင်ဆိုင် တွေနဲ့ တစ်ခါ တလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေ တောင်ထွက်လာ၊ တတ်သေးတဲ့ ငါးကင်တွေ..
နောက်တစ်ခါ ဆိုင်ကြီးက နားကြီးတွေနဲ့ ရောင်းပြီး ဈေးကြီးပေး စားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ပြီး ကျက်မှန်း မသိ မကျက်မှန်း မသိ..
ဆယ်စား နေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာ..
လို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံ ခြောက် ကော်ဖီမစ် တီးမစ် တွေကို၊ မျက်စိထဲမှာ ပြေးမြင် မိတယ်..
အသိဉာဏ် ဗဟုသုတ မရှိလို့ စားတာလား ဆိုတော့လည်း ကိုယ့်ဆရာဝန် တွေတောင် အတော် များများ၊ အားပေးကြ တာတွေ့ရတယ်..
တစ်ခါတလေ ကြုံလို့ အပြောင်းအလဲ အဖြစ်စား မိတာမျိုးက မထောင်းသာ..
လှပေမယ့် တစ်ချို့ လူတွေ၊ ကတော့ နှစ်နှစ် ခြိုက်ခြိုက် စွဲစွဲ လန်းလန်းကို စားကြတာ လည်း၊ တွေ့ရတယ်..
အဲဒီ လူတွေထဲမှာ ဒီအစာ တွေဟာ ဒီလို ဒုက္ခတွေပေး..
တတ်တယ် ဆိုတာ သိတဲ့ သူတွေ အများကြီး ပါတာလည်း တွေ့ရတယ်.. အဲဒီတော့ ပြောစရာက တစ်ခုပဲရှိ တော့တယ်၊ သေရဲရင် စားသာ စားကြပေ တော့လို့ပဲ..
Crd မူရင်းရေးသားသူ