အလကားဆိုတိုင်း ငမ်းငမ်းတက်မလိုချင်နဲ့
ဘယ်အရာမှာမဆိုတာ သူ့တန်ရာတန်ကြေးဆိုတာရှိပါတယ် ။
တစ်ရာတန်တာကို တစ်ရာပေးရသလို တစ်ထောင်တန်ပေးတဲ့အခါ
တစ်ထောင်နဲ့တန်တဲ့အရာတွေ ပြန်ရလာတတ်ပါတယ် .. ။
ဘယ်အရာကိုမှ အလကားမလိုချင်နဲ့ အချောင်မလိုချင်နဲ့ … ။
အလကားဆိုတဲ့ အရာတွေအနောက်မှာ မျှော်လင့်ချက်တွေပါလာတတ်တယ် ။
အလကားရတိုင်း မတရားယူနေရင် ကိုယ်ဖက်က ပြန်ပေးရတဲ့ မတန်တဆတွေဖြစ်နေတတ်တယ် … ။

ကိုယ်နဲ့ တန်ရာတန်ရာပေါ့ တန်ဖိုးကြီးတာကို လိုချင်တဲ့အခါ
ကိုယ့်ကိုယ်တိုင်လဲ တန်ဖိုးမြင့်လာအောင် လုပ်တတ်ရတယ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ရတယ် … ။
စေတနာဆိုတဲ့အရာတွေနဲ့ အခွင့်အရေးတွေ ရတိုင်းယူနေရင်
တစ်နေ့ ကျေးဇူးတရားဆိုတဲ့ ဝန်ထုပ်ဝန်ပိုးပြီး တစ်သက်ခေါင်းပေါ်ရွက်ထားရတတ်တယ် … ။
ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတဲ့အသိ
နေရာတော်တော်များများမှာ ခေါင်းငုံ့ခံ ရေငုံနှုတ်ပိတ်နဲ့ တချို့နေထိုင်နေရတာတွေ ရှိတယ် … ။
အဲ့လိုဘဝမျိုးတွေ မဖြစ်စေချင်ဘူးလေ ကိုယ့်မှာ တစ်ရာပဲ ရှိရင် တစ်ရာနဲ့တန်တဲ့အရာကိုပဲ ဝယ်ပါ သုံးပါ
တစ်သိန်းတန်တာကို လိုချင်တဲ့အခါ ကိုယ့်မှာ တစ်သိန်းရှိနေဖို့လိုတယ် … ။

ပြီးတော့ တန်ရာတန်ကြေးနဲ့ ရလာတဲ့အရာတစ်ခုဟာ ကိုယ့်ကို ပိုပြီး လိပ်ပြာသန့်စေပါတယ် … ။
တစ်ခုပဲ ပြန်ပြီး သတိပေးချင်တယ် အလကားဆိုတိုင်း ငမ်းငမ်းတက်မလိုချင်နဲ့ ။
အဲ့ဒီအလကားတွေအနောက်မှာ မတန်တဆတွေ ပြန်ပေးရတတ်တယ် … ။
တချို့စေတနာတွေက မဖြူစင်ကြဘူးလေ ဥပမာပြောပြရရင် အကျိုးလိုလို့
ညောင်ရေလောင်းနေကြတာပေါ့ ဒါကို အဟုတ်ကြီးမှတ်ပြီး မျက်လုံးဇွတ်မှိတ် မယုံလိုက်နဲ့ … ။
မိန်းမသားတို့အတွက်
Credit သျှင်ယွန်း
Unicode