ဘဝမှာအများဆုံး ကြုံတွေ့နေရတာကတော့
ဟန်ဆောင် လိမ်ညာခြင်းတွေပါပဲ
မသိတာကို သိသလိုလိုနဲ့
ဟန်ဆောင်တတ်တဲ့သူတွေရှိသလို
မတတ်တာကို တတ်သလိုလိုနဲ့
ပညာပြချင်တဲ့သူတွေ ရှိတတ်တယ်
အထင်ကြီးခံရဖို့
ဟန်ဆောင် လိမ်ညာ ဖုံကွယ် ဝတ်ဆင်နေရတဲ့သူတွေနဲ့
အပေါင်းအသင်းဆံ့ဖို့အတွက်
ဟန်ဆောင်အပြုံးတွေ ပွင့်ပြနေတဲ့သူတွေလည်း အများကြီးပါပဲ
ချစ်ဟန်ဆောင်ပြီး
အနိုင်ပိုင်းသွားတဲ့ သူတွေရှိသလို
ပြုံးဟန်ဆောင်ပြီး
နောက်ကွယ်ရာ မဲ့မဲ့သွားတဲ့သူတွေလည်း ရှိတတ်တယ်
ကိုယ်အချီးအမွှမ်းခံရဖို့အတွက်
ကိုယ်နေရာ တနေရာရဖို့အတွက်
ကိုယ်ကောင်းစားဖို့အတွက်
ဟန်ဆောင်ပြီးရိုသေပြ
ဟန်ဆောင်ပြီးခင်မင်ပြတဲ့သူတွေလည်း ရှိနေတုန်းပါပဲ
မိတ်ဆွေ အပေါင်းအသင်းတွေကြား
ဆွေမျိုးညီအကို မောင်နှမများကြား
ချစ်သူ ရည်းစားကြားတွေမှာလည်း
ဟန်ဆောင်မှုတွေနဲ့ ဆက်ဆံနေကြတုန်းဆိုတာ တွေ့နေရတုန်းပါပဲ
တကယ်တော့
ဟန်ဆောင်နေရတဲ့ အလုပ်တွေဆိုတာ
လောကမှာ စိတ် အပင်ပမ်းဆုံးသော အလုပ်တွေပါ.
..
ကိုယ့်လိပ်ပြာ ကိုယ် မလုံတဲ့လုပ်ရပ်တွေပါ
တချို့က မသိကြလို့ပါ
တချို့က နားမလည်ကြလို့ပါ
တချို့ကြတော့ သိသိချည်းနဲ့ ဆက်လုပ်နေကြတာ……
_____________________________________
(ဟန်ဆောင်လိမ်ညာမှု အပေါင်းမှ ကင်းဝေးကြပါစေ)
ပြန်လည်ဝေမျှပါသည်



