လူညွန့်တုန်းဖို့ နီးကပ်လာတဲ့ မြန်မာနိုင်ငံ
မြန်မာနိုင်ငံက အသုံးပြုနေတဲ့ နို့စိမ်းဗူးတွေမှာ နွားနို့တစ်စက်မှ မပါဘူးတဲ့။ အများအားဖြင့် မသန့်ရှင်းတဲ့ စားအုန်းဆီ ကြိတ်ဖတ်တွေနဲ့အတူ ဓာတုဗေ ပစ္စည်းတွေနဲ့ လုပ်ထားတာလို့ သိရတယ်။
ထို့အတူ ကော်ဖီမစ်ဆိုတာကလည်း အုန်းမှုတ်ခွံ စားအုန်းဆီ ကြိတ်ဖတ်တွေနဲ့ လုပ်ထားတာဆိုပဲ။
ကော်ဖီမစ်နဲ့ နို့ဆီဆိုတာတွေက သာရေး နာရေး ပွဲတွေမှာ ကန်တော့ပွဲထဲ အမြဲလိုလို ပါဝင်နေတဲ့ ပစ္စည်းတွေ ဖြစ်သလို သိမ်ဆင်းနဲ့ ဆွမ်းဆန်စိမ်း လောင်းပွဲတွေမှာလည်း
တစ်ပါးကို တစ်ထုပ်နှုန်း စသည်ဖြင့် အလွယ်တကူ
ဝယ်ယူ လောင်းလှူနေကြတဲ့ ပစ္စည်းတွေ ဖြစ်နေတယ်။
တချိန်တုန်းကတော့ ကိုယ်လည်း ကော်ဖီမစ် တစ်ထုပ်ကို နို့ဆီနဲ့ နေ့တိုင်း သောက်လေ့ရှိတယ်။
နောက်ပိုင်း ကျန်းမာရေးမှာ ထိခိုက်မှု ရှိလာလို့ မသောက်ဖြစ်တာ လေးငါးနှစ်လောက် ရှိပြီ။
ကောဖီမစ်အစား နက်စ် ကော်ဖီကိုပဲ သကြားနဲ့ သောက်ဖြစ်တော့တယ်။ ဒါတောင် စစ်ပါ့မလား မသိနိုင်ဘူး။ သိမ်ဆင်းလောင်းပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းပွဲတွေက ရလာတဲ့ ကော်ဖီမစ်မှန်သမျှ အသုံးမပြုပဲ ဒီအတိုင်း ပစ်ထားတယ်။
လိုချင်တဲ့သူ ရှိရင်တော့ ပေးလိုက်တယ်။

မြန်မာ့စားသောက်ကုန် မှန်သမျှက ကင်ဆာ ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေချည်း ဖြစ်နေတော့ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်နေတာ မဆန်းတော့ပါဘူး။
အရင်ကတော့ သံဃာအတော်များများ ကျန်းမာရေး ကောင်းကြတယ်။ အခု ငယ်ငယ်ရွယ်ရွယ်နဲ့ ပျံတော်မူတာတွေ ရောဂါဖြစ်ကြတာတွေ အတော် များလာနေတယ်။ ရောဂါကို မမေးနဲ့ လူပဲဖြစ်ဖြစ် သာသနာ့ဝန်ထမ်းပဲ ဖြစ်ဖြစ် ကင်ဆာရောဂါက အများဆုံးပဲ။
အဓိကက အလွယ်တကူ လောင်းလှူရလွယ်တဲ့ ကော်ဖီမစ်တွေ အချိုရည်ဗူးတွေက အဆိုးဆုံးပါ။ သံဃာတွေအတွက် တကယ်အကျိုးပြုမယ့်ဟာကို လှူချင်ရင် ဆပ်ပြာခဲ/ မှုန့်၊ ဘရိတ်ဓား။ ဗလာစာအုပ် ဘော့ပင်။
ဖောင်တိန် စတာတွေကို လှူတာက အကောင်းဆုံးပါပဲ။ ကန်တော့ပွဲထဲ ထည့်ချင်ရင် နို့ဆီဗူးအစား သကြားထုပ်ကို ထည့်ပါ ။ ကော်ဖီမစ် အစား ကော်ဖီအစစ်ကို ထည့်ပါ။ ဒါမှမဟုတ်လည်း တစ်ခုမှ မထည့်ပါနဲ့။ ဒကာ ဒကာမတွေကလည်း အမြင်ကျယ်ဖို့ လိုသလို သံဃာတော်တွေကလည်း အမြင်ကျယ်ဖို့ လိုပါပြီ။

သံဃာတွေကို အအေးကပ်ချင်ရင်လည်း သဘာဝ ဖြစ်တဲ့ အသီးအနှံ့ ဖျော်ရည်တွေကိုကပ်တာက အကောင်းဆုံးပါ။ ဈေးကွက်မှာရှိတဲ့ အဖျော်ရည်မှန်သမျှ ဆိုးဆေးနဲ့ သကြားဆီနဲ့ လုပ်ထားတာကြောင့်ပါ။
အားလုံးနဲ့ မကင်းနိုင်ပေမယ့် လျှော့ချနိုင်သလောက် လျှော့ချရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို မွဲပြာကျသွားအောင် လူညွန့် တုံးအောင် စစ်တိုက်စရာ မလိုဘူး။ ဓာတုဗုံးတွေ ကြဲစရာ မလိုဘူး။ ဒီလို အရောအနှော အတုအပ
ဖြစ်တဲ့ ပစ္စည်းတွေ သွင်းလိုက်ရုံပဲ။ ထုတ်လုပ်တဲ့ နိုင်ငံ
တွေက ဒီပစ္စည်းတွေကို လုံးဝ အသုံးမပြုသလို
ပြည်တွင်းက ထုတ်လုပ်သူတွေကလည်း သူတို့
ပစ္စည်း သူတို့ မသုံးဘူးဆိုတာ သိစေချင်တယ်။
ဘာမှ မဖြစ်ခင်တော့ ဘာမှမဖြစ်ပေမယ့် ဖြစ်လာ ရင်တော့ ရှိသမျှ ဥစ္စာ အကုန်ပြောင်သွားတဲ့အပြင် နောက်က မျိုးဆက်တွေပါ ဒီဒဏ်ကို ဆက်တိုက် ခံရမှာပဲ။
တရုတ်က ပလပ်စတစ်ပစ္စည်းနဲ့ ထိုင်းက ကော်ပစ္စည်းနဲ့ မြန်မာကို ထိန်းချုပ်ထားပြီးတော့ ကိုယ့်ပြည်တွင်းက ထွက်တဲ့ သယံဇာတပစ္စည်း အစစ်တွေကို သဲ့ယူနေတယ်။
မြန်မာနိုင်ငံသား အများစုကတော့ ကင်ဆာရောဂါ တောမှာ နစ်မြောလို့ ကောင်းတုန်းရှိသေးတယ်။
ပြည်ပက ဝင်လာတဲ့ ပစ္စည်းတွေက အရည်
အသွေး မမှီရတဲ့ကြားထဲ ပြည်တွင်းကပါ ထပ်ပြီး အရောအနှော အတုအပလုပ်နေကြတော့ ရောဂါ အစုံဖြစ်တာ သေတာတွေက မဆန်းတော့ပါဘူး
ဆီထဲမှာ ဆပ်ပြာမှုန့် ရောတယ်။ ငပိထဲမှာ ဓာတ်မြေသြဇာ ရောတယ်။ အသီးအနှံတွေမှာ ကြာရှည်ခံစေတဲ့ ဆေးတွေ ထိုးတယ်။ အသား ငါး မုန့်ဖတ်နဲ့ ပဲပြားတွေကို
ကြာရှည်ခံအောင် လူသေမှာ ထိုးတဲ့ ဖော်မလင်ဆေးတွေ ထိုးတယ် ထည့်တယ်။ လဘက်ကို ချဉ်အောင် သဘာဝ ရှောက် သံပုရာကို
မသုံးပဲ ဘတ္ထရီအိုးထဲက အက်စစ်ရည်တွေကို ထည့်တယ်။ ပြုတ်ပြီးသား လဘက်ခြောက်တွေကို ဆိုးဆေး ဆိုးပြီးတော့ လဘက်ရည်ဆိုင်တွေမှာ ပြန်သွင်းတယ်။
ဟင်းခတ် ပစ္စည်းတွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆိုးဆေးနဲ့ တခြားသော အမယ်ပစ္စည်းတွေကို အသုံးပြု ပြီး ထုတ်လုပ်ထားတာတွေပဲ ဖြစ်နေတယ်။
တရုတ်ကလာတဲ့ ပလပ်စတစ်နဲ့ ပြုလုပ်ပြီး အနံ့ပဲ ထည့်ပေးထားတဲ့ ဂျယ်လီတွေ မုန့်တွေ၊ တိရစ္ဆာန်
အသေကောင်ပေါင်းစုံကို ရောကြိတ်ထားတဲ့ အသားချောင်းတွေ အသားတုတွေက ပြည်တွင်းမှာ နေရာအနှံ့ ပလူပျံနေတယ်။ ရေနုတ်မြောင်းထဲက စွန့်ပစ်ဆီတွေနဲ့ ကြော်ထားတဲ့ အာလူးကြော် ဘာကြော် ညာကြော်တွေကလည်း ပေါမှပေါ။
တာဝန်ရှိ အစိုးရတိုင်းကလည်း ဒါတွေကို
သိရက်နဲ့ မပိတ်သိမ်းခိုင်းဘူး အရေးမယူခိုင်းဘူး ကြေညာချက်လေးတွေကိုပဲ လူမသိ သူမသိ ထုတ်ပြန်နေတယ်။
ဒီဟာတွေကို ထိန်းချုပ် စစ်ဆေး အရေးယူဖို့ စားသုံးသူကာကွယ်ရေးအဖွဲ့ကိုလည်း လုပ်ပိုင်ခွင့်
အပြည့်အဝ မပေးသလို တာဝန်ရှိ အဖွဲ့အစည်း မှန်သမျှကလည်း မသိသလို နေနေကြတယ်။
တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ဘယ်သူမှ မရှိကြတော့ ကြားထဲက ပြည်သူတွေနဲ့ အနာဂတ် ကလေးငယ်တွေပဲ ဒီဒုက္ခကို ခံစားနေကြရတယ်။
အစိုးရကလည်း ပြတ်ပြတ်သားသား အရေးယူ ကိုဟ်တွယ်ဖို့ လိုအပ်သလို ပြည်သူတွေကလည်း အမြင်ကျယ်ဖို့ လိုအပ်နေပါပြီ။
အမြင်မကျယ်ကြလို့ အခုဆို ကချင်ပြည်နယ် ဝိုင်းမော်နယ်ကနေ တာလောကြီးတိုက်နယ်အထိ တရုတ်ငှက်ပျော စိုက်ခင်းတွေချည်း ဖြစ်သွားပြီ။

အဲဒီ စိုက်ခင်းတွေမှာ အသုံးပြုတဲ့ ဆေးတွေက မြေအောက်ကို စိမ့်ဝင်သွားသလို မြစ် ချောင်း အင်း အိုင်တွေထဲလည်း စီးဝင်သွားတယ်။
ရေနေ သတ္တဝါတွေ သေကုန်တယ်။ လူတွေလည်း ဒီအဆိပ်သင့်ရေကိုပဲ သောက်နေရတယ်။ ဒီဆေးတွေက ကချင်ပြည်နယ်သာမက မြန်မာပြည် မြစ်ရိုးအဆုံးထိ ရောက်ရှိသွားမှာပဲ။
အစိုးရပိုင်းကလည်း မစစ်ဆေး မကြပ်မတ်ရဲဘူး။
ဒေသခံတွေကလည်း မစို့မပို့ရတဲ့ ငွေလေးတွေကို
မက်မောပြီးတော့ လယ်မြေတွေကို ရောင်းစား ငှားစား လုပ်နေကြတယ်။ အမြော်အမြင်ရှိတဲ့ လူကြီးတွေရဲ့ စကားလည်း နားမဝင်ကြတော့ဘူး။
မြန်မာပြည်ထဲ လာစိုက်တဲ့ အသီးအနှံ့တွေဆိုတာ
သူတို့ ပြည်တွင်းမှာ စိုက်ခွင့်မရှိလို့ မြန်မာနိုင်ငံထဲ လာစိုက်တယ်ဆိုတာ သိဖို့ ကောင်းပါတယ်။
ရေးလို့သာ ရေးရတာပါလေ မြန်မာနိုင်ငံသား
အတော်များများမှာ စာဖတ်ပျင်းသူက ကိုးဆယ်
ရာခိုင်နှုန်းလောက် ရှိနေတော့ လက်ညောင်းရုံ မျက်စိ မွဲရုံပါပဲ။ ဒါပေမယ့် တစ်ယောက်တလေ အသိဉာဏ် ရသွားမယ်၊ အမြင်ကျယ်သွားမယ် ဆိုရင်တော့ ရေးရကျိုး နပ်ပါတယ်။
အားလုံး ရောဂါဆိုးဘေးမှ ကင်းဝေးကြပါစေ။
Credit
လူညြန႔္တုန္းဖို႔ နီးကပ္လာတဲ့ ျမန္မာနိုင္ငံ
ျမန္မာနိုင္ငံက အသုံးျပဳေနတဲ့ နို႔စိမ္းဗူးေတြမွာ ႏြားနို႔တစ္စက္မွ မပါဘူးတဲ့။ အမ်ားအားျဖင့္ မသန႔္ရွင္းတဲ့ စားအုန္းဆီ ႀကိတ္ဖတ္ေတြနဲ႔အတူ ဓာတုေဗ ပစၥည္းေတြနဲ႔ လုပ္ထားတာလို႔ သိရတယ္။
ထို႔အတူ ေကာ္ဖီမစ္ဆိုတာကလည္း အုန္းမႈတ္ခြံ စားအုန္းဆီ ႀကိတ္ဖတ္ေတြနဲ႔ လုပ္ထားတာဆိုပဲ။
ေကာ္ဖီမစ္နဲ႔ နို႔ဆီဆိုတာေတြက သာေရး နာေရး ပြဲေတြမွာ ကန္ေတာ့ပြဲထဲ အျမဲလိုလို ပါဝင္ေနတဲ့ ပစၥည္းေတြ ျဖစ္သလို သိမ္ဆင္းနဲ႔ ဆြမ္းဆန္စိမ္း ေလာင္းပြဲေတြမွာလည္း
တစ္ပါးကို တစ္ထုပ္ႏႈန္း စသည္ျဖင့္ အလြယ္တကူ
ဝယ္ယူ ေလာင္းလႉေနၾကတဲ့ ပစၥည္းေတြ ျဖစ္ေနတယ္။
တခ်ိန္တုန္းကေတာ့ ကိုယ္လည္း ေကာ္ဖီမစ္ တစ္ထုပ္ကို နို႔ဆီနဲ႔ ေန႔တိုင္း ေသာက္ေလ့ရွိတယ္။
ေနာက္ပိုင္း က်န္းမာေရးမွာ ထိခိုက္မႈ ရွိလာလို႔ မေသာက္ျဖစ္တာ ေလးငါးႏွစ္ေလာက္ ရွိၿပီ။
ေကာဖီမစ္အစား နက္စ္ ေကာ္ဖီကိုပဲ သၾကားနဲ႔ ေသာက္ျဖစ္ေတာ့တယ္။ ဒါေတာင္ စစ္ပါ့မလား မသိနိုင္ဘူး။ သိမ္ဆင္းေလာင္းပြဲနဲ႔ ဆြမ္းဆန္စိမ္း ေလာင္းပြဲေတြက ရလာတဲ့ ေကာ္ဖီမစ္မွန္သမၽွ အသုံးမျပဳပဲ ဒီအတိုင္း ပစ္ထားတယ္။
လိုခ်င္တဲ့သူ ရွိရင္ေတာ့ ေပးလိုက္တယ္။
ျမန္မာ့စားေသာက္ကုန္ မွန္သမၽွက ကင္ဆာ ျဖစ္ေစတဲ့ ဓာတ္ပစၥည္းေတြခ်ည္း ျဖစ္ေနေတာ့ ကမၻာေပၚမွာ ကင္ဆာေရာဂါနဲ႔ ေသဆုံးမႈ အမ်ားဆုံး နိုင္ငံ ျဖစ္ေနတာ မဆန္းေတာ့ပါဘူး။
အရင္ကေတာ့ သံဃာအေတာ္မ်ားမ်ား က်န္းမာေရး ေကာင္းၾကတယ္။ အခု ငယ္ငယ္ရြယ္ရြယ္နဲ႔ ပ်ံေတာ္မူတာေတြ ေရာဂါျဖစ္ၾကတာေတြ အေတာ္ မ်ားလာေနတယ္။ ေရာဂါကို မေမးနဲ႔ လူပဲျဖစ္ျဖစ္ သာသနာ့ဝန္ထမ္းပဲ ျဖစ္ျဖစ္ ကင္ဆာေရာဂါက အမ်ားဆုံးပဲ။
အဓိကက အလြယ္တကူ ေလာင္းလႉရလြယ္တဲ့ ေကာ္ဖီမစ္ေတြ အခ်ိဳရည္ဗူးေတြက အဆိုးဆုံးပါ။ သံဃာေတြအတြက္ တကယ္အက်ိဳးျပဳမယ့္ဟာကို လႉခ်င္ရင္ ဆပ္ျပာခဲ/ မႈန႔္၊ ဘရိတ္ဓား။ ဗလာစာအုပ္ ေဘာ့ပင္။
ေဖာင္တိန္ စတာေတြကို လႉတာက အေကာင္းဆုံးပါပဲ။ ကန္ေတာ့ပြဲထဲ ထည့္ခ်င္ရင္ နို႔ဆီဗူးအစား သၾကားထုပ္ကို ထည့္ပါ ။ ေကာ္ဖီမစ္ အစား ေကာ္ဖီအစစ္ကို ထည့္ပါ။ ဒါမွမဟုတ္လည္း တစ္ခုမွ မထည့္ပါနဲ႔။ ဒကာ ဒကာမေတြကလည္း အျမင္က်ယ္ဖို႔ လိုသလို သံဃာေတာ္ေတြကလည္း အျမင္က်ယ္ဖို႔ လိုပါၿပီ။
သံဃာေတြကို အေအးကပ္ခ်င္ရင္လည္း သဘာဝ ျဖစ္တဲ့ အသီးအႏွံ့ ေဖ်ာ္ရည္ေတြကိုကပ္တာက အေကာင္းဆုံးပါ။ ေဈးကြက္မွာရွိတဲ့ အေဖ်ာ္ရည္မွန္သမၽွ ဆိုးေဆးနဲ႔ သၾကားဆီနဲ႔ လုပ္ထားတာေၾကာင့္ပါ။
အားလုံးနဲ႔ မကင္းနိုင္ေပမယ့္ ေလၽွာ့ခ်နိုင္သေလာက္ ေလၽွာ့ခ်ရမွာ ျဖစ္ပါတယ္။
ျမန္မာနိုင္ငံကို မြဲျပာက်သြားေအာင္ လူညြန႔္ တုံးေအာင္ စစ္တိုက္စရာ မလိုဘူး။ ဓာတုဗုံးေတြ ၾကဲစရာ မလိုဘူး။ ဒီလို အေရာအေႏွာ အတုအပ
ျဖစ္တဲ့ ပစၥည္းေတြ သြင္းလိုက္႐ုံပဲ။ ထုတ္လုပ္တဲ့ နိုင္ငံ
ေတြက ဒီပစၥည္းေတြကို လုံးဝ အသုံးမျပဳသလို
ျပည္တြင္းက ထုတ္လုပ္သူေတြကလည္း သူတို႔
ပစၥည္း သူတို႔ မသုံးဘူးဆိုတာ သိေစခ်င္တယ္။
ဘာမွ မျဖစ္ခင္ေတာ့ ဘာမွမျဖစ္ေပမယ့္ ျဖစ္လာ ရင္ေတာ့ ရွိသမၽွ ဥစၥာ အကုန္ေျပာင္သြားတဲ့အျပင္ ေနာက္က မ်ိဳးဆက္ေတြပါ ဒီဒဏ္ကို ဆက္တိုက္ ခံရမွာပဲ။
တ႐ုတ္က ပလပ္စတစ္ပစၥည္းနဲ႔ ထိုင္းက ေကာ္ပစၥည္းနဲ႔ ျမန္မာကို ထိန္းခ်ဳပ္ထားၿပီးေတာ့ ကိုယ့္ျပည္တြင္းက ထြက္တဲ့ သယံဇာတပစၥည္း အစစ္ေတြကို သဲ့ယူေနတယ္။
ျမန္မာနိုင္ငံသား အမ်ားစုကေတာ့ ကင္ဆာေရာဂါ ေတာမွာ နစ္ေျမာလို႔ ေကာင္းတုန္းရွိေသးတယ္။
ျပည္ပက ဝင္လာတဲ့ ပစၥည္းေတြက အရည္
အေသြး မမွီရတဲ့ၾကားထဲ ျပည္တြင္းကပါ ထပ္ၿပီး အေရာအေႏွာ အတုအပလုပ္ေနၾကေတာ့ ေရာဂါ အစုံျဖစ္တာ ေသတာေတြက မဆန္းေတာ့ပါဘူး
ဆီထဲမွာ ဆပ္ျပာမႈန႔္ ေရာတယ္။ ငပိထဲမွာ ဓာတ္ေျမၾသဇာ ေရာတယ္။ အသီးအႏွံေတြမွာ ၾကာရွည္ခံေစတဲ့ ေဆးေတြ ထိုးတယ္။ အသား ငါး မုန႔္ဖတ္နဲ႔ ပဲျပားေတြကို
ၾကာရွည္ခံေအာင္ လူေသမွာ ထိုးတဲ့ ေဖာ္မလင္ေဆးေတြ ထိုးတယ္ ထည့္တယ္။ လဘက္ကို ခ်ဥ္ေအာင္ သဘာဝ ေရွာက္ သံပုရာကို
မသုံးပဲ ဘတၳရီအိုးထဲက အက္စစ္ရည္ေတြကို ထည့္တယ္။ ျပဳတ္ၿပီးသား လဘက္ေျခာက္ေတြကို ဆိုးေဆး ဆိုးၿပီးေတာ့ လဘက္ရည္ဆိုင္ေတြမွာ ျပန္သြင္းတယ္။
ဟင္းခတ္ ပစၥည္းေတြကလည္း က်န္းမာေရးနဲ႔ မညီညြတ္တဲ့ ဆိုးေဆးနဲ႔ တျခားေသာ အမယ္ပစၥည္းေတြကို အသုံးျပဳ ၿပီး ထုတ္လုပ္ထားတာေတြပဲ ျဖစ္ေနတယ္။
တ႐ုတ္ကလာတဲ့ ပလပ္စတစ္နဲ႔ ျပဳလုပ္ၿပီး အနံ့ပဲ ထည့္ေပးထားတဲ့ ဂ်ယ္လီေတြ မုန႔္ေတြ၊ တိရစၧာန္
အေသေကာင္ေပါင္းစုံကို ေရာႀကိတ္ထားတဲ့ အသားေခ်ာင္းေတြ အသားတုေတြက ျပည္တြင္းမွာ ေနရာအႏွံ့ ပလူပ်ံေနတယ္။ ေရႏုတ္ေျမာင္းထဲက စြန႔္ပစ္ဆီေတြနဲ႔ ေၾကာ္ထားတဲ့ အာလူးေၾကာ္ ဘာေၾကာ္ ညာေၾကာ္ေတြကလည္း ေပါမွေပါ။
တာဝန္ရွိ အစိုးရတိုင္းကလည္း ဒါေတြကို
သိရက္နဲ႔ မပိတ္သိမ္းခိုင္းဘူး အေရးမယူခိုင္းဘူး ေၾကညာခ်က္ေလးေတြကိုပဲ လူမသိ သူမသိ ထုတ္ျပန္ေနတယ္။
ဒီဟာေတြကို ထိန္းခ်ဳပ္ စစ္ေဆး အေရးယူဖို႔ စားသုံးသူကာကြယ္ေရးအဖြဲ႕ကိုလည္း လုပ္ပိုင္ခြင့္
အျပည့္အဝ မေပးသလို တာဝန္ရွိ အဖြဲ႕အစည္း မွန္သမၽွကလည္း မသိသလို ေနေနၾကတယ္။
တာဝန္ယူမႈ တာဝန္ခံမႈ ဆိုတာ ဘယ္သူမွ မရွိၾကေတာ့ ၾကားထဲက ျပည္သူေတြနဲ႔ အနာဂတ္ ကေလးငယ္ေတြပဲ ဒီဒုကၡကို ခံစားေနၾကရတယ္။
အစိုးရကလည္း ျပတ္ျပတ္သားသား အေရးယူ ကိုဟ္တြယ္ဖို႔ လိုအပ္သလို ျပည္သူေတြကလည္း အျမင္က်ယ္ဖို႔ လိုအပ္ေနပါၿပီ။
အျမင္မက်ယ္ၾကလို႔ အခုဆို ကခ်င္ျပည္နယ္ ဝိုင္းေမာ္နယ္ကေန တာေလာႀကီးတိုက္နယ္အထိ တ႐ုတ္ငွက္ေပ်ာ စိုက္ခင္းေတြခ်ည္း ျဖစ္သြားၿပီ။
အဲဒီ စိုက္ခင္းေတြမွာ အသုံးျပဳတဲ့ ေဆးေတြက ေျမေအာက္ကို စိမ့္ဝင္သြားသလို ျမစ္ ေခ်ာင္း အင္း အိုင္ေတြထဲလည္း စီးဝင္သြားတယ္။
ေရေန သတၱဝါေတြ ေသကုန္တယ္။ လူေတြလည္း ဒီအဆိပ္သင့္ေရကိုပဲ ေသာက္ေနရတယ္။ ဒီေဆးေတြက ကခ်င္ျပည္နယ္သာမက ျမန္မာျပည္ ျမစ္ရိုးအဆုံးထိ ေရာက္ရွိသြားမွာပဲ။
အစိုးရပိုင္းကလည္း မစစ္ေဆး မၾကပ္မတ္ရဲဘူး။
ေဒသခံေတြကလည္း မစို႔မပို႔ရတဲ့ ေငြေလးေတြကို
မက္ေမာၿပီးေတာ့ လယ္ေျမေတြကို ေရာင္းစား ငွားစား လုပ္ေနၾကတယ္။ အေျမာ္အျမင္ရွိတဲ့ လူႀကီးေတြရဲ့ စကားလည္း နားမဝင္ၾကေတာ့ဘူး။
ျမန္မာျပည္ထဲ လာစိုက္တဲ့ အသီးအႏွံ့ေတြဆိုတာ
သူတို႔ ျပည္တြင္းမွာ စိုက္ခြင့္မရွိလို႔ ျမန္မာနိုင္ငံထဲ လာစိုက္တယ္ဆိုတာ သိဖို႔ ေကာင္းပါတယ္။
ေရးလို႔သာ ေရးရတာပါေလ ျမန္မာနိုင္ငံသား
အေတာ္မ်ားမ်ားမွာ စာဖတ္ပ်င္းသူက ကိုးဆယ္
ရာခိုင္ႏႈန္းေလာက္ ရွိေနေတာ့ လက္ေညာင္း႐ုံ မ်က္စိ မြဲ႐ုံပါပဲ။ ဒါေပမယ့္ တစ္ေယာက္တေလ အသိဉာဏ္ ရသြားမယ္၊ အျမင္က်ယ္သြားမယ္ ဆိုရင္ေတာ့ ေရးရက်ိဳး နပ္ပါတယ္။
အားလုံး ေရာဂါဆိုးေဘးမွ ကင္းေဝးၾကပါေစ။
Credit



