က်မၼာေရး ဗဟုသုတ

ငွေကုန်ကြေးကျမများဘဲ ချိုင်းချွေးနံ့ဆိုးခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

တစ္ျခားသူေရွ႕မွာ မိမိကိုယ္ကို ယုံၾကည္မႈက်ရတဲ့ အခ်က္ေတြထဲမွာ ခ်ိဳင္းက အနံ႕ဆိုးထြက္တာလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။စိတ္ရႈပ္ရတဲ့အခ်ိန္ေတြမွာ ပိုဆိုးသြားေစတဲ့ အခ်က္ေတြထဲမွာလည္း ခ်ိဳင္းေခြၽးနံ႕က ႏွာေခါင္းကို လာရိုက္တာက တစ္ခုအပါအဝင္ ျဖစ္ေနႏိုင္ပါေသးတယ္

ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိၿပီး အနံ႕အသက္ေၾကာင့္ စိတ္မရႈပ္ရေအာင္ ေငြကုန္ေၾကးက် အမ်ားႀကီး မရွိဘဲနဲ႔ လြယ္လင့္တကူ ေျဖရွင္းလို႔ရတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္

(၁) သံပုရာသီးနဲ႕ ပြတ္ေပးပါ”

သံပုရာသီးဆိုတာက အိမ္ေတြရဲ႕ မီးဖိုေခ်ာင္တိုင္းမွာ အၿမဲလိုလို လြယ္လင့္တကူ ျမင္ရတတ္တဲ့ အသီးတစ္မ်ိဳး ျဖစ္ပါတယ္။ ဝယ္ရတာလည္း လြယ္ကူၿပီး မီးဖိုေခ်ာင္တိုင္းမွာ ရွိေနတတ္တဲ့ သံပုရာသီးက တျခား အစြမ္းသတၱိေတြအျပင္ အနံ႕ဆိုးေတြကို ေျပေပ်ာက္ေစနိုင္တဲ့ အစြမ္းသတၱိလည္း ရွိပါေသးတယ္

သံပုရာသီးမွာပါဝင္တဲ့ အက္ဆစ္ဓာတ္က ဘက္တီးရီးယား ပိုးမႊားေတြကို ေသေစၿပီးအနံ႕ဆိုးေတြကို ေျပေပ်ာက္ေစတဲ့ အစြမ္းသတၱိရွိပါတယ္။ သံပုရာသီးကို ထက္ျခမ္း ျခမ္းၿပီး ခ်ိဳင္းမွာ ပြတ္ေပးျခင္းအားျဖင့္ ခ်ိဳင္းနံ႕ေတြ တျဖည္းျဖည္းနဲ႕ ေပ်ာက္သြားမွာပဲ ျဖစ္ပါတယ္

(၂) ဆားရည္နဲ႕ ေဆးေပးပါ”

ဆားက ဟင္းတစ္ခြက္ျဖစ္ဖို႔ မပါမျဖစ္ ပစၥည္းျဖစ္သလို အိမ္တိုင္းမွာ ရွိတဲ့ပစၥည္းလည္း ျဖစ္ပါတယ္။ ေစ်းနည္းနည္းနဲ႕ လြယ္လင့္တကူဝယ္လို႔ရတဲ့ပစၥည္းျဖစ္ေပမယ့္ သူ႕ရဲ႕အစြမ္းကလည္း မေသးလွပါဘူး။ဆားမွာ ဘက္တီးရီးယားေတြကို ေသေစနိုင္တဲ့အစြမ္းသတၱိရွိပါတယ္။ ေရနည္းနည္းနဲ႕ ဆားကို ေဖ်ာ္ၿပီး ခ်ိဳင္းမွာ လိမ္းေပးျခင္း၊ ေဆးေပးျခင္းျဖင့္ ဘက္တီးယား ပိုးမႊားေတြကို ေသေစၿပီး ပိုးမႊားေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ အနံ႕ဆိုးေတြကို ေပ်ာက္ကင္းေစပါတယ္

(၃) အသီးအ႐ြက္မ်ားမ်ား စားေပးပါ”

ခ်ိဳင္းနဲ႕ ကိုယ္ခႏၶာမွာ အနံ႕ဆိုးထြက္တာမွာ အဓိက အေၾကာင္းအရင္းကေတြထဲက တစ္ခ်က္ကေတာ့ အသားစားတာလည္း ပါ,ပါတယ္။ အထူးသျဖင့္ အမဲသားလို အနီေရာင္အသားေတြ စားတဲ့အခါ ေခြၽးနံ႕ ပိုျပင္းပါတယ္။ခ်ိဳင္းနံ႕ ပိုထြက္ပါတယ္။ အသားကို ေတာ္သင့္႐ုံေလာက္ပဲ စားၿပီး အသီးအ႐ြက္မ်ားမ်ား စားေပးရင္ေတာ့ ေခြၽးနံ႕လည္း မျပင္းေတာ့ဘဲ ခ်ိဳင္းကပါ အနံ႕ဆိုးထြက္ေတာ့မွာ မဟုတ္ပါဘူးေနာ္

(၄) ေခြၽးနံ႕ထြက္တဲ့အက်ႌကို ၾကာၾကာမဝတ္ပါနဲ႔

”ေခြၽးထြက္တာဟာ က်န္းမာေရးအတြက္ ေကာင္းတဲ့အရာတစ္ခုပဲ ျဖစ္ပါတယ္။ ခႏၶာကိုယ္ထဲက အညစ္အေၾကးေတြကို ေခြၽးကေနတဆင့္ သန႔္စင္ေပးပါတယ္။ဒါေပမယ့္ ေခြၽးထြက္တဲ့အခါ အက်ႌကို ခပ္ျမန္ျမန္ မလဲေနရင္ေတာ့ တစ္ျခား က်န္းမာေရးျပႆနာေတြအျပင္ ခ်ိဳင္းအနံ႕ဆိုးတာပါ ျဖစ္လာမွာပါ။ေခြၽးစိုေနတဲ့ အဝတ္ေတြကို ၾကာၾကာဝတ္ထားတဲ့အခါ အက်ႌကေန တစ္ဆင့္ ခႏၶာကိုယ္ကို အနံ႕ကူးေစတတ္တာေၾကာင့္ပဲ ျဖစ္ပါတယ္

(၅) ၾကက္သြန္ျဖဴ အလြန္အမင္းစားတာကို ေရွာင္ပါ”

ၾကက္သြန္ျဖဴစားတဲ့အခါ လက္ငင္းရလဒ္အေနနဲ႕ ခံတြင္းအနံ႕ဆိုးတယ္ဆိုတာတစ္ခုတင္ မကပါဘူး။ ၾကက္သြန္ျဖဴကို ေတာ္သင့္႐ုံမဟုတ္ဘဲ အစားမ်ားတဲ့အခါ ေရရွည္မွာ ခံတြင္းအနံ႕ဆိုးတာ၊ကိုယ္နံ႕ဆိုးတာနဲ႕ ခ်ိဳင္းနံ႕ဆိုးတာေတြပါ ႀကဳံရမွာျဖစ္ပါတယ္။ ခႏၶာကိုယ္အတြက္ လိုအပ္သေလာက္ ေတာ္သင့္႐ုံ စားေပးျခင္းက ခ်ိဳင္းနံ႕ဆိုးေတြကို သက္သာေပ်ာက္ကင္း ေစမွာပဲ ျဖစ္ပါတယ္ေနာ္

Credit – Kham

Unicode Version

တစ်ခြားသူရှေ့မှာ မိမိကိုယ်ကို ယုံကြည်မှုကျရတဲ့ အချက်တွေထဲမှာ ချိုင်းက အနံ့ဆိုးထွက်တာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။စိတ်ရှုပ်ရတဲ့အချိန်တွေမှာ ပိုဆိုးသွားစေတဲ့ အချက်တွေထဲမှာလည်း ချိုင်းချွေးနံ့က နှာခေါင်းကို လာရိုက်တာက တစ်ခုအပါအဝင် ဖြစ်နေနိုင်ပါသေးတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အနံ့အသက်ကြောင့် စိတ်မရှုပ်ရအောင် ငွေကုန်ကြေးကျ အများကြီး မရှိဘဲနဲ့ လွယ်လင့်တကူ ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်

(၁) သံပုရာသီးနဲ့ ပွတ်ပေးပါ”

သံပုရာသီးဆိုတာက အိမ်တွေရဲ့ မီးဖိုချောင်တိုင်းမှာ အမြဲလိုလို လွယ်လင့်တကူ မြင်ရတတ်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ဝယ်ရတာလည်း လွယ်ကူပြီး မီးဖိုချောင်တိုင်းမှာ ရှိနေတတ်တဲ့ သံပုရာသီးက တခြား အစွမ်းသတ္တိတွေအပြင် အနံ့ဆိုးတွေကို ပြေပျောက်စေနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါသေးတယ်

သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က ဘက်တီးရီးယား ပိုးမွှားတွေကို သေစေပြီးအနံ့ဆိုးတွေကို ပြေပျောက်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ သံပုရာသီးကို ထက်ခြမ်း ခြမ်းပြီး ချိုင်းမှာ ပွတ်ပေးခြင်းအားဖြင့် ချိုင်းနံ့တွေ တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပဲ ဖြစ်ပါတယ်

(၂) ဆားရည်နဲ့ ဆေးပေးပါ”

ဆားက ဟင်းတစ်ခွက်ဖြစ်ဖို့ မပါမဖြစ် ပစ္စည်းဖြစ်သလို အိမ်တိုင်းမှာ ရှိတဲ့ပစ္စည်းလည်း ဖြစ်ပါတယ်။ စျေးနည်းနည်းနဲ့ လွယ်လင့်တကူဝယ်လို့ရတဲ့ပစ္စည်းဖြစ်ပေမယ့် သူ့ရဲ့အစွမ်းကလည်း မသေးလှပါဘူး။ဆားမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ရေနည်းနည်းနဲ့ ဆားကို ဖျော်ပြီး ချိုင်းမှာ လိမ်းပေးခြင်း၊ ဆေးပေးခြင်းဖြင့် ဘက်တီးယား ပိုးမွှားတွေကို သေစေပြီး ပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အနံ့ဆိုးတွေကို ပျောက်ကင်းစေပါတယ်

(၃) အသီးအရွက်များများ စားပေးပါ”

ချိုင်းနဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်တာမှာ အဓိက အကြောင်းအရင်းကတွေထဲက တစ်ချက်ကတော့ အသားစားတာလည်း ပါ,ပါတယ်။ အထူးသဖြင့် အမဲသားလို အနီရောင်အသားတွေ စားတဲ့အခါ ချွေးနံ့ ပိုပြင်းပါတယ်။ချိုင်းနံ့ ပိုထွက်ပါတယ်။ အသားကို တော်သင့်ရုံလောက်ပဲ စားပြီး အသီးအရွက်များများ စားပေးရင်တော့ ချွေးနံ့လည်း မပြင်းတော့ဘဲ ချိုင်းကပါ အနံ့ဆိုးထွက်တော့မှာ မဟုတ်ပါဘူးနော်

(၄) ချွေးနံ့ထွက်တဲ့အကျႌကို ကြာကြာမဝတ်ပါနဲ့

”ချွေးထွက်တာဟာ ကျန်းမာရေးအတွက် ကောင်းတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ချွေးကနေတဆင့် သန့်စင်ပေးပါတယ်။ဒါပေမယ့် ချွေးထွက်တဲ့အခါ အကျႌကို ခပ်မြန်မြန် မလဲနေရင်တော့ တစ်ခြား ကျန်းမာရေးပြဿနာတွေအပြင် ချိုင်းအနံ့ဆိုးတာပါ ဖြစ်လာမှာပါ။ချွေးစိုနေတဲ့ အဝတ်တွေကို ကြာကြာဝတ်ထားတဲ့အခါ အကျႌကနေ တစ်ဆင့် ခန္ဓာကိုယ်ကို အနံ့ကူးစေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်

(၅) ကြက်သွန်ဖြူ အလွန်အမင်းစားတာကို ရှောင်ပါ”

ကြက်သွန်ဖြူစားတဲ့အခါ လက်ငင်းရလဒ်အနေနဲ့ ခံတွင်းအနံ့ဆိုးတယ်ဆိုတာတစ်ခုတင် မကပါဘူး။ ကြက်သွန်ဖြူကို တော်သင့်ရုံမဟုတ်ဘဲ အစားများတဲ့အခါ ရေရှည်မှာ ခံတွင်းအနံ့ဆိုးတာ၊ကိုယ်နံ့ဆိုးတာနဲ့ ချိုင်းနံ့ဆိုးတာတွေပါ ကြုံရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်သလောက် တော်သင့်ရုံ စားပေးခြင်းက ချိုင်းနံ့ဆိုးတွေကို သက်သာပျောက်ကင်း စေမှာပဲ ဖြစ်ပါတယ်နော်

Credit – Kham