အလှအပ အတွက် စံပါယ်ပန်း၏ အကျိုးပြုပုံ
စံ ပယ်ပန်းလို့ ပြောလိုက်ရင် ဖြူဖြူ ဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။
ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။
ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။
စံပယ်ပန်း လှလှလေးတွေက အသား အရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။
စံပယ်ပန်းမွှေး မွှေးလေး ကေ ပးတဲ့ အသားအရေ ကျန်းမာရေး
အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။
ဝက်ခြံတွေကို သက်သာစေနိုင်တယ်
စံပယ်ပန်းက အရောင်ကျစေနို င်တဲ့ အာနိသင် ရှိတာကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို သံပုရာရည်ထည့်လို့ ဝက်ခြံဖြစ်တဲ့ နေရာပေါ်ကို လိမ်းကျံပေးရုံပါ။ ပြီးရင် ခြောက်သွားအောင် ခဏထားလို့ ရေနွေးနဲ့ ဆေးချလိုက်ပါ။
အသားအရောင်မညီတာကို သက်သာစေတယ်
အသားအရောင်မညီတာကို သက်သာစေဖို့ဆိုရင် စံပယ်ရွက်ကို ကြိတ်ပြီး အုန်းဆီနဲ့ ရောစပ်ပါ။ ရလာတဲ့ အရောကို အရေပြားပေါ်လိမ်းပြီး အိပ်ရာဝင်ပါ။ မနက်နိုးလာတဲ့အခါ ရေနွေးနွေးလေးနဲ့ သစ်ချလိုက်ပါ။
တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာက အသားအရော င်မညီတာကို သိသိသာသာ သက်သာစေမှပါ။
အသားအရေ နူးညံ့စေတယ်
စံပယ်ပန်းအဆီကို ရှားစောင်းလက်ပပ်အနှစ်နဲ့ ရောစပ်လို့ ရလာတဲ့အရောကို အိပ်ရာမဝင်ခင် အရေပြားပေါ်မှာ လိမ်းပြီး အိပ်ရာဝင်ပါ။ ဒီလို ပုံမှန်လုပ်ပေးတာက အသားအရေကို တင်းရင်းစေပြီး နူးညံ့စေမှာပါ။
ဦးရေပြား ပြဿနာကင်းစေတယ်
စံပယ်ပန်းအဆီက အရောင်ကျစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် ဦးရေပြားမှာဖြစ်တဲ့ အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဦးရေပြား ကျန်းမာရေးအတွက် စံပယ်ပန်းအဆီနဲ့ အုန် းဆီကို ဆတူရောလို့ ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။
အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ စံပယ်ပန်းအဆီက အသားအရေကို ဓာတ်တိုးပစ္စည်းတွေနဲ့ ခရမ်းလွန်ရောင်ခြည်၊ ညစ်ညမ်းမှုတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
စံပယ်ပန်းအဆီကို လိမ်းပေးတာက အမာရွတ်တွေ၊ အရေးအကြောင်းတွေ နဲ့ အမဲစက်တွေကို သက်သာစေပြီး အရွယ်တင် နုပျိုနေစေမှာပါ။
ရေဓာတ်ဖြည့်ပေးနိုင်တယ်
စံပယ်ပန်းက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းပေးတာက အသားအရေခြောက်သွေ့မှုကို ကင်းစေပြီး ချွေးပေါက်တွေ ပိတ်ဆို့မှု ကင်းစေပါတယ်။
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
စံပယ်ပန်းက ဘ က်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတဲ့ စံပယ်ပန်းအဆီက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာကြောင့် ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ အမျိုးမျိုးကနေ ကာကွယ်နိုင်မှာပါ။
ချွေးပေါက်တွေကို သန့်စင်ပေးတယ်
စံပယ်ပန်းကို ရေနွေးဆူဆူထဲ ထ ည့်စိမ်ပြီး ရလာတဲ့ ရေနွေးကို ဂွမ်းစလေးနဲ့ယူပြီး သန့်စင်ထားတဲ့ မျက်နှာပြင်ပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် ချွေးပေါက်တွေကို သန့်စင်စေပြီး ချွေးပေါက် ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ဆားဝက်ခြံနဲ့ အဆီပြန်တာတွေကို သက်သာစေမှာပါ။
ကဲ …စံပယ်ပန်းလှလှလေးကို သုံး လို့ အသားအရေလေးကို အခုပဲ ထိန်းသိမ်း လိုက်ရအောင်လား……………..
ဟယ်လိုဆရာဝန်
အလွအပ အတြက္ စံပါယ္ပန္း၏ အက်ိဳးျပဳပံု
စံ ပယ္ပန္းလို႔ ေျပာလိုက္ရင္ ျဖဴျဖဴ ေဖြးေဖြး ေမႊးေမႊးေလးနဲ႔ ပန္းလွလွေလးကို ေျပးျမင္မယ္ထင္ပါတယ္။
ဒီ ပန္းလွလွေလးက ရနံေလးတင္ ေမႊးတာမဟုတ္ပါဘူး။
က်န္းမာေရး အက်ိဳးေက်းဇူး ရွိသလို အသားအေရ အတြက္လည္း အေထာက္အကူျပဳေပးပါတယ္။
စံပယ္ပန္း လွလွေလးေတြက အသား အေရကို ဘယ္လိုမ်ား အေထာက္အပံ့ ေပးသလဲဆိုတာကို ဒီေဆာင္းေလးကေန ေျပာျပေပးမယ္ေနာ္။
စံပယ္ပန္းေမႊး ေမႊးေလး ကေ ပးတဲ့ အသားအေရ က်န္းမာေရး
အေရာင္ေဖြးေဖြးေလးနဲ႔ အနံ႔ေမႊးေမႊးေလးကို ပိုင္ဆိုင္ထားတဲ့ အဆင္းေရာ အခ်င္းပါ ျပည့္စုံတဲ့ စံပယ္ပန္းေလးက အသားအေရအတြက္ အခုလို ေထာက္ပံ့ေပးပါတယ္။
ဝက္ၿခံေတြကို သက္သာေစႏိုင္တယ္
စံပယ္ပန္းက အေရာင္က်ေစႏို င္တဲ့ အာနိသင္ ရွိတာေၾကာင့္ ဝက္ၿခံကို သက္သာေစႏိုင္ပါတယ္။ စံပယ္႐ြက္ကို ႀကိတ္ေျခၿပီး ရလာတဲ့ အႏွစ္ထဲကို သံပုရာရည္ထည့္လို႔ ဝက္ၿခံျဖစ္တဲ့ ေနရာေပၚကို လိမ္းက်ံေပး႐ုံပါ။ ၿပီးရင္ ေျခာက္သြားေအာင္ ခဏထားလို႔ ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ။
အသားအေရာင္မညီတာကို သက္သာေစတယ္
အသားအေရာင္မညီတာကို သက္သာေစဖို႔ဆိုရင္ စံပယ္႐ြက္ကို ႀကိတ္ၿပီး အုန္းဆီနဲ႔ ေရာစပ္ပါ။ ရလာတဲ့ အေရာကို အေရျပားေပၚလိမ္းၿပီး အိပ္ရာဝင္ပါ။ မနက္ႏိုးလာတဲ့အခါ ေရေႏြးေႏြးေလးနဲ႔ သစ္ခ်လိုက္ပါ။
တစ္ပတ္ေလာက္ ပုံမွန္လုပ္ေပးတာက အသားအေရာ င္မညီတာကို သိသိသာသာ သက္သာေစမွပါ။
အသားအေရ ႏူးညံ့ေစတယ္
စံပယ္ပန္းအဆီကို ရွားေစာင္းလက္ပပ္အႏွစ္နဲ႔ ေရာစပ္လို႔ ရလာတဲ့အေရာကို အိပ္ရာမဝင္ခင္ အေရျပားေပၚမွာ လိမ္းၿပီး အိပ္ရာဝင္ပါ။ ဒီလို ပုံမွန္လုပ္ေပးတာက အသားအေရကို တင္းရင္းေစၿပီး ႏူးညံ့ေစမွာပါ။
ဦးေရျပား ျပႆနာကင္းေစတယ္
စံပယ္ပန္းအဆီက အေရာင္က်ေစႏိုင္သလို ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့ အာနိသင္ ရွိတာေၾကာင့္ ဦးေရျပားမွာျဖစ္တဲ့ အေရျပားျပႆနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
ဦးေရျပား က်န္းမာေရးအတြက္ စံပယ္ပန္းအဆီနဲ႔ အုန္ းဆီကို ဆတူေရာလို႔ ဦးေရျပားမွာ လိမ္းၿပီး ႏွိပ္နယ္ေပးပါ။
အေရးအေၾကာင္းေတြကို သက္သာေစႏိုင္တယ္
ဓာတ္တိုးဆန႔္က်င္အာနိသင္ ႂကြယ္ဝတဲ့ စံပယ္ပန္းအဆီက အသားအေရကို ဓာတ္တိုးပစၥည္းေတြနဲ႔ ခရမ္းလြန္ေရာင္ျခည္၊ ညစ္ညမ္းမႈေတြေၾကာင့္ အ႐ြယ္မတိုင္ခင္ အိုမင္းတာမ်ိဳးေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
စံပယ္ပန္းအဆီကို လိမ္းေပးတာက အမာ႐ြတ္ေတြ၊ အေရးအေၾကာင္းေတြ နဲ႔ အမဲစက္ေတြကို သက္သာေစၿပီး အ႐ြယ္တင္ ႏုပ်ိဳေနေစမွာပါ။
ေရဓာတ္ျဖည့္ေပးႏိုင္တယ္
စံပယ္ပန္းက အသားအေရကို အစိုဓာတ္ထိန္းေပးႏိုင္ပါတယ္။ အစိုဓာတ္ထိန္းေပးတာက အသားအေရေျခာက္ေသြ႕မႈကို ကင္းေစၿပီး ေခြၽးေပါက္ေတြ ပိတ္ဆို႔မႈ ကင္းေစပါတယ္။
ဝက္ၿခံျဖစ္လြယ္တဲ့ အသားအေရကိုလည္း ေရဓာတ္ျဖည့္ေပးသလို ဝက္ၿခံမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။
ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးတယ္
စံပယ္ပန္းက ဘ က္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ ရွိတဲ့ စံပယ္ပန္းအဆီက အေရျပားေပၚက ဘက္တီးရီးယားေတြကို အေကာင္းဆုံး တိုက္ဖ်က္ေပးႏိုင္တာေၾကာင့္ ဘက္တီးရီးယားေတြေၾကာင့္ ျဖစ္တဲ့ အေရျပား ျပႆနာ အမ်ိဳးမ်ိဳးကေန ကာကြယ္ႏိုင္မွာပါ။
ေခြၽးေပါက္ေတြကို သန႔္စင္ေပးတယ္
စံပယ္ပန္းကို ေရေႏြးဆူဆူထဲ ထ ည့္စိမ္ၿပီး ရလာတဲ့ ေရေႏြးကို ဂြမ္းစေလးနဲ႔ယူၿပီး သန႔္စင္ထားတဲ့ မ်က္ႏွာျပင္ေပၚမွာ အသုံးျပဳေပးမယ္ဆိုရင္ ေခြၽးေပါက္ေတြကို သန႔္စင္ေစၿပီး ေခြၽးေပါက္ ပိတ္ဆို႔မႈေၾကာင့္ျဖစ္တဲ့ ဆားဝက္ၿခံနဲ႔ အဆီျပန္တာေတြကို သက္သာေစမွာပါ။
ကဲ …စံပယ္ပန္းလွလွေလးကို သုံး လို႔ အသားအေရေလးကို အခုပဲ ထိန္းသိမ္း လိုက္ရေအာင္လား……………..
ဟယ္လိုဆရာဝန္