ဗဟုသုတ

မင္းအိပ္ေနတဲ့အခ်ိန္ ငါၾကိဳးစားေနတယ္ဆိုရင္… ငါ့ကို ကံေကာင္းတယ္လို႕ မေျပာနဲ႕

မင္းအိပ္ေနတဲ့အခ်ိန္ ငါၾကိဳးစားေနတယ္ဆိုရင္… ငါ့ကို ကံေကာင္းတယ္လို႕ မေျပာနဲ႕
ယေန႔ ထမင္းဝေအာင္ စားေနရသူတိုင္း အက်ိဳးေၾကာင္းမဲ့ အခ်ိန္ မျဖဳန္းခဲ့ၾကဖူးဘူး။ သူမ်ားေတြ လက္ယားလက္ယား သြားလာ အခ်ိန္ျဖဳန္းေနၾကခ်ိန္မွာ သူတို႔တေတြ မအားမလပ္ အလုပ္လုပ္ေနၾကရတယ္ ဆိုတာ သင္သိပါသလား။

တကယ္ အလုပ္ႀကိဳးစားၿပီး လုပ္ခဲ့သူတိုင္း မႀကီးပြား မခ်မ္းသာလွ်င္ေတာင္မွ ဝိရိယအက်ိဳးအေနနဲ႔ လုံလုံေလာက္ေလာက္ေတာ့ ေနႏိုင္ စားႏိုင္ၾကပါတယ္။

လူခ်င္းတူၾကေပမယ့္ ကံခ်င္း မတူၾကဘူးလို႔ ေျပာၾကတယ္ မဟုတ္လား။ ကံဆိုတာ အလုပ္ပါလို႔ ဗုဒၶက ေဟာၾကားထားသလို တကယ္ အလုပ္ႀကိဳးစားၿပီး လုပ္ေနၾကသူတိုင္းကလည္း ဒီစကားရပ္ကို လက္ခံက်င့္သံုး ေနၾကတယ္။

ပခုံး ႏွစ္ဖက္ၾကားက ေခါင္းေပါက္ေနၾကတဲ့ လူခ်င္းသာ တူေနၾကလိမ့္မယ္။ စိတ္ဓာတ္ႏွင့္ ခံယူခ်က္ ညံ့ဖ်င္းေနလွ်င္ေတာ့ ဘဝရဲ႕တိုးတတ္ေျပာင္းလဲမႈက ဘယ္ေသာအခါမွ တူညီေနမွာ မဟုတ္ၾကပါဘူး။

မိခင္ဝမ္းမွ ေမြးဖြားလာၾကကတည္းက လူသားတိုင္းဟာ လက္ဗလာ၊ ေျခဗလာ၊ အဝတ္မပါၾကတာ လူတိုင္း သိတယ္။ မိဘအရွိန္အဝါ မိဘရဲ႕ေငြေၾကး အရင္အႏွီးေၾကာင့္သာ ဒီေကာင္က ဘာျဖစ္တယ္ ညာျဖစ္တယ္ လက္ညႇိဳးထိုး ေျပာခ်င္ေနၾကတာပါ။

မိဘက အရင္းအႏွီး ထုတ္ေပးႏိုင္လွ်င္လည္း ထိုသားသမီးေတြက လုံ႔လ ဝိရိယမ်ား အႀကံေကာင္း ဉာဏ္ေကာင္းမ်ားႏွင့္ ႀကိဳးစား အားထုတ္ၾကမွသာ ေအာင္ျမင္စြာနဲ႔ ရပ္တည္ေနႏိုင္ ၾကမွာပါ။

မိဘက အရင္းအႏွီး ေပးႏိုင္တိုင္းလည္း သားသမီးေတြတိုင္း မေအာင္ျမင္ေနၾကပါဘူး။ မိဘက တစ္ျပားတစ္ခ်ပ္မွ မေပးႏိုင္ခဲ့ၾကေပမယ့္ မိမိရဲ႕ကိုယ္ပိုင္ အစြမ္းအစေတြနဲ႔ ေအာင္ျမင္ႀကီးပြားေနၾကသူေတြ ကမာၻမွာ လက္ညႇိဳးထိုးျပစရာ လူေတြ တပုံတပင္ႀကီးပါ။

လူသားတိုင္းမွာ ကိုယ္ပိုင္ အစြမ္းအစေကာင္း တစ္ခုစီက အမိဝမ္းမွ ေမြးကတည္းက ပါလာၾကၿပီးသားပါ။ မိမိရဲ႕အစြမ္းအစကို ထုတ္သုံးတတ္ၾကျခင္း မသုံးတတ္ၾကျခင္းမ်ားေၾကာင့္သာ ဘဝေတြ ကကြာျခား သြားၾကတာပါ။

အခ်ိန္အားလွ်င္ လက္ယားလက္ယား မကုန္ဆုံးၾကေစပဲ မိမိကိုယ္ကို ဆန္းစစ္ၾကည့္ၾကဖို႔ လိုအပ္ ပါတယ္။ တစ္ေန႔တစ္ေန႔ အခ်ိန္ေတြကို ဘယ္လို အက်ိဳးရွိစြာနဲ႔ ကုန္ဆုံးေစခဲ့သလဲ အက်ိဳးမဲ့စြာနဲ႔ ကုန္ဆုံးေနသလား ကိုယ္တိုင္ ဆန္းစစ္ ၾကည့္ၾကပါ။

ကုန္ဆုံးသြားတဲ့ ေန႔ရက္ေတြတိုင္း… ငါ ဘာေတြ လုပ္ခဲ့သလဲ…ငါ ဘာေတြ ရလိုက္သလဲ… ငါဘာေတြ ဆက္လုပ္သင့္သလဲ… ငါ ဘယ္ေလာက္ ႀကိဴးစားအားထုတ္ေနသလဲဆိုတာေလာက္ေတာ့ ျပန္စဥ္းစားပါ။

အသက္ေတြ တစ္ရက္ႀကီးသြားတိုင္း အသိတရားတစ္ခု အတတ္ပညာတစ္ခု အေတြးသစ္တစ္ခု ေကာင္းမႈတစ္ခု တစ္ခုခုေတာ့ ရရွိႏိုင္ၾကပါေစ။ လူခ်င္းမတူ ကံခ်င္းမတူတာေလာက္နဲ႔ ဘဝေတြက မျခားနားၾကပါဘူး

ႀကိဳးစားအားထုတ္ၾကတဲ့ ကိုယ္ပိုင္ အစြမ္းအစေတြေၾကာင့္သာ ဘဝေတြက ျခားနားသြားၾကတာပါ။ ဒီကေန႔ ၾကီးပြားခ်မ္းသာသူ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ား ဟာ ေငြေၾကးဥစၥာ ဘယ္အရာေတြကိုမွ မည္သူ တစ္ဦးတစ္ေယာက္စီကမွ အလြယ္တကူ မရရွိဖူးခဲ့ၾကပါဘူး။

ယေန႔မွစ၍ မိမိရဲ႕ကိုယ္ပိုင္ အရည္အခ်င္းကို ဆန္းစစ္ပါ။ သူမ်ားထက္ ပိုေသာ လုံ႔လ၊ ဝိရိယႏွင့္ အႀကံဉာဏ္မ်ားကို အခ်ိန္ေပး ႀကိဳးစားအားထုတ္ၾကည့္ပါ… သင္လည္း တစ္ေန သူမ်ားေတြလိုပဲ မုခ် ေအာင္ျမင္ႀကီးပြားခ်မ္းသာရမွာပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မင်းအိပ်နေတဲ့အချိန် ငါကြိုးစားနေတယ်ဆိုရင်… ငါ့ကို ကံကောင်းတယ်လို့ မပြောနဲ့
ယနေ့ ထမင်းဝအောင် စားနေရသူတိုင်း အကျိုးကြောင်းမဲ့ အချိန် မဖြုန်းခဲ့ကြဖူးဘူး။ သူများတွေ လက်ယားလက်ယား သွားလာ အချိန်ဖြုန်းနေကြချိန်မှာ သူတို့တတွေ မအားမလပ် အလုပ်လုပ်နေကြရတယ် ဆိုတာ သင်သိပါသလား။

တကယ် အလုပ်ကြိုးစားပြီး လုပ်ခဲ့သူတိုင်း မကြီးပွား မချမ်းသာလျှင်တောင်မှ ဝိရိယအကျိုးအနေနဲ့ လုံလုံလောက်လောက်တော့ နေနိုင် စားနိုင်ကြပါတယ်။

လူချင်းတူကြပေမယ့် ကံချင်း မတူကြဘူးလို့ ပြောကြတယ် မဟုတ်လား။ ကံဆိုတာ အလုပ်ပါလို့ ဗုဒ္ဓက ဟောကြားထားသလို တကယ် အလုပ်ကြိုးစားပြီး လုပ်နေကြသူတိုင်းကလည်း ဒီစကားရပ်ကို လက်ခံကျင့်သုံး နေကြတယ်။

ပခုံး နှစ်ဖက်ကြားက ခေါင်းပေါက်နေကြတဲ့ လူချင်းသာ တူနေကြလိမ့်မယ်။ စိတ်ဓာတ်နှင့် ခံယူချက် ညံ့ဖျင်းနေလျှင်တော့ ဘဝရဲ့တိုးတတ်ပြောင်းလဲမှုက ဘယ်သောအခါမှ တူညီနေမှာ မဟုတ်ကြပါဘူး။

မိခင်ဝမ်းမှ မွေးဖွားလာကြကတည်းက လူသားတိုင်းဟာ လက်ဗလာ၊ ခြေဗလာ၊ အဝတ်မပါကြတာ လူတိုင်း သိတယ်။ မိဘအရှိန်အဝါ မိဘရဲ့ငွေကြေး အရင်အနှီးကြောင့်သာ ဒီကောင်က ဘာဖြစ်တယ် ညာဖြစ်တယ် လက်ညှိုးထိုး ပြောချင်နေကြတာပါ။

မိဘက အရင်းအနှီး ထုတ်ပေးနိုင်လျှင်လည်း ထိုသားသမီးတွေက လုံ့လ ဝိရိယများ အကြံကောင်း ဉာဏ်ကောင်းများနှင့် ကြိုးစား အားထုတ်ကြမှသာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင် ကြမှာပါ။

မိဘက အရင်းအနှီး ပေးနိုင်တိုင်းလည်း သားသမီးတွေတိုင်း မအောင်မြင်နေကြပါဘူး။ မိဘက တစ်ပြားတစ်ချပ်မှ မပေးနိုင်ခဲ့ကြပေမယ့် မိမိရဲ့ကိုယ်ပိုင် အစွမ်းအစတွေနဲ့ အောင်မြင်ကြီးပွားနေကြသူတွေ ကမ္ဘာမှာ လက်ညှိုးထိုးပြစရာ လူတွေ တပုံတပင်ကြီးပါ။

လူသားတိုင်းမှာ ကိုယ်ပိုင် အစွမ်းအစကောင်း တစ်ခုစီက အမိဝမ်းမှ မွေးကတည်းက ပါလာကြပြီးသားပါ။ မိမိရဲ့အစွမ်းအစကို ထုတ်သုံးတတ်ကြခြင်း မသုံးတတ်ကြခြင်းများကြောင့်သာ ဘဝတွေ ကကွာခြား သွားကြတာပါ။

အချိန်အားလျှင် လက်ယားလက်ယား မကုန်ဆုံးကြစေပဲ မိမိကိုယ်ကို ဆန်းစစ်ကြည့်ကြဖို့ လိုအပ် ပါတယ်။ တစ်နေ့တစ်နေ့ အချိန်တွေကို ဘယ်လို အကျိုးရှိစွာနဲ့ ကုန်ဆုံးစေခဲ့သလဲ အကျိုးမဲ့စွာနဲ့ ကုန်ဆုံးနေသလား ကိုယ်တိုင် ဆန်းစစ် ကြည့်ကြပါ။

ကုန်ဆုံးသွားတဲ့ နေ့ရက်တွေတိုင်း… ငါ ဘာတွေ လုပ်ခဲ့သလဲ…ငါ ဘာတွေ ရလိုက်သလဲ… ငါဘာတွေ ဆက်လုပ်သင့်သလဲ… ငါ ဘယ်လောက် ကြိူးစားအားထုတ်နေသလဲဆိုတာလောက်တော့ ပြန်စဉ်းစားပါ။

အသက်တွေ တစ်ရက်ကြီးသွားတိုင်း အသိတရားတစ်ခု အတတ်ပညာတစ်ခု အတွေးသစ်တစ်ခု ကောင်းမှုတစ်ခု တစ်ခုခုတော့ ရရှိနိုင်ကြပါစေ။ လူချင်းမတူ ကံချင်းမတူတာလောက်နဲ့ ဘဝတွေက မခြားနားကြပါဘူး

ကြိုးစားအားထုတ်ကြတဲ့ ကိုယ်ပိုင် အစွမ်းအစတွေကြောင့်သာ ဘဝတွေက ခြားနားသွားကြတာပါ။ ဒီကနေ့ ကြီးပွားချမ်းသာသူ ရာခိုင်နှုန်းအတော်များများ ဟာ ငွေကြေးဥစ္စာ ဘယ်အရာတွေကိုမှ မည်သူ တစ်ဦးတစ်ယောက်စီကမှ အလွယ်တကူ မရရှိဖူးခဲ့ကြပါဘူး။

ယနေ့မှစ၍ မိမိရဲ့ကိုယ်ပိုင် အရည်အချင်းကို ဆန်းစစ်ပါ။ သူများထက် ပိုသော လုံ့လ၊ ဝိရိယနှင့် အကြံဉာဏ်များကို အချိန်ပေး ကြိုးစားအားထုတ်ကြည့်ပါ… သင်လည်း တစ်နေ သူများတွေလိုပဲ မုချ အောင်မြင်ကြီးပွားချမ်းသာရမှာပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။