“ (၂၀၀) တန်လေးကိုင်ပြီး သံဃာကို အလှူငွေ လာထည့်တဲ့ တောင်းရမ်းစားသောက်တဲ့ ဒကာကြီး ”
ဒီနေ့ ၁၀နာရီကျော်ခန့်မှာ ဓမ္မစကူးလ်အတွက် ဒကာတော်နဲ့ ထိုင်နေတဲ့အချိန် ရုပ်ရည်က မသန့် ခါးကကုန်းကုန်း စကားကမပြေတတ်တဲ့ တောင်းရမ်းစားသောက်တဲ့ဒကာကြီးတယောက် အနားနားကို ရောက်လာခဲ့တယ်။
ဦးဇင်းနဲ့ဒကာတော်လဲ ဘာလာလုပ်တာလဲမသိ သေချာကြည့်လိုက်တော့ လက်ထဲမှာ ၂၀၀တန်လေးကိုင်လို့ အလှူငွေထည့်ချင်တဲ့အမူအယာလုပ်ပြတယ်
ဥၤီးဇင်းနဲ့ ဒကာတော်လဲ အံ့သြ ဝမ်းနည်း ဝမ်းသာ ဖြစ်မိလျှက်သား အော်လှူချင်လို့ကိုးလို့သိလိုက်ရတယ် သူ့ခွက်ထဲ ကြည့်လိုက်တော့ ၅၀တန် ၁၀၀တန် ခုသူလှူတာက ၂၀၀တန် အများဆုးံ
၂၀၀တန်ကို စေတနာထက်သန်စွာ လှူဒါန်းလိုက်တာပါလားလို့ သိလိုက်တဲ့အချိန် ငါသူ့လို အများဆုံး အကြီးဆုးံကို လှူနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို စီစစ်ကြည့်မိတယ်။
သူစေတနာသဒ္ဓာတရားကို ဝမ်းမြောက်ဝမ်းသာ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။ နောက်ဘယ်သောအခါမှ ဒီလိုဘဝမျိုးမကြုံပါစေနဲ့လို့ ဆန္ဒပြုရင်း။
Credit Original Writer
zawgyi
“ (၂၀၀) တန္ေလးကိုင္ၿပီး သံဃာကို အလႉေငြ လာထည့္တဲ့ ေတာင္းရမ္းစားေသာက္တဲ့ ဒကာႀကီး ”
ဒီေန႔ ၁၀နာရီေက်ာ္ခန႔္မွာ ဓမၼစကူးလ္အတြက္ ဒကာေတာ္နဲ႔ ထိုင္ေနတဲ့အခ်ိန္ ႐ုပ္ရည္က မသန႔္ ခါးကကုန္းကုန္း စကားကမေျပတတ္တဲ့ ေတာင္းရမ္းစားေသာက္တဲ့ဒကာႀကီးတေယာက္ အနားနားကို ေရာက္လာခဲ့တယ္။
ဦးဇင္းနဲ႔ဒကာေတာ္လဲ ဘာလာလုပ္တာလဲမသိ ေသခ်ာၾကည့္လိုက္ေတာ့ လက္ထဲမွာ ၂၀၀တန္ေလးကိုင္လို႔ အလႉေငြထည့္ခ်င္တဲ့အမူအယာလုပ္ျပတယ္
ဥၤီးဇင္းနဲ႔ ဒကာေတာ္လဲ အံ့ၾသ ၀မ္းနည္း ၀မ္းသာ ျဖစ္မိလွ်က္သား ေအာ္လႉခ်င္လို႔ကိုးလို႔သိလိုက္ရတယ္ သူ႔ခြက္ထဲ ၾကည့္လိုက္ေတာ့ ၅၀တန္ ၁၀၀တန္ ခုသူလႉတာက ၂၀၀တန္ အမ်ားဆုးံ
၂၀၀တန္ကို ေစတနာထက္သန္စြာ လႉဒါန္းလိုက္တာပါလားလို႔ သိလိုက္တဲ့အခ်ိန္ ငါသူ႔လို အမ်ားဆုံး အႀကီးဆုးံကို လႉႏိုင္ပါ့မလားလို႔ ကိုယ့္ကိုယ္ကို စီစစ္ၾကည့္မိတယ္။
သူေစတနာသဒၶာတရားကို ၀မ္းေျမာက္ဝမ္းသာ သာဓုအႀကိမ္ႀကိမ္ ေခၚမိပါတယ္။ ေနာက္ဘယ္ေသာအခါမွ ဒီလိုဘ၀မ်ိဳးမႀကဳံပါေစနဲ႔လို႔ ဆႏၵျပဳရင္း။
Credit Original Writer



