သူတို့မြို့မှာက အမျိုးသား ရှားပါးမှုကြောင့် ယောကျာ်းလေး တစ်ယောက်ကနေ ရည်းစားသုံးယောက် အလွယ်တကူ ထားနိုင်ပါတယ်တဲ့။
ဒီမြို့ကတော့ တရု.တ်နိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ Guangdong ပြည်နယ်က Dongguan အမည်ရ မြို့ပဲ ဖြစ်ပါတယ်။
ဒီမြို့ဟာ Iphone Ipad စတဲ့ လျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ မြို့လို့လည်း နာမည်ကြီးပါတယ်။
ထူးခြားတာကတော့ မြို့ထဲက စက်ရုံတွေဟာ အလုပ် ခေါ်တဲ့အခါ အမျိုးသမီး ဝန်ထမ်းတွေကိုသာ ခေါ်တာကြောင့်မလို့ မြို့တွင်း လူဦးရေ အချိုးချရင်
မိန်းမဦးရေ အယောက် ၁ဝဝ မှာ ယောကျာ်းဦးရေ ၈၉ ယောက်သာ ရှိတာကြောင့်မလို့ပဲ ယောကျာ်းလေးတွေအတွက်
အထူး အခွင့်အရေး အနေနဲ့ ရည်းစား တစ်ယောက်ထက်မက ကြည်ကြည်ဖြူဖြူ ထားခွင့်ရတာပဲ ဖြစ်ပါတယ်။
မြို့တွင်းမှာ နေထိုင်တဲ့ ဒေသခံ အမျိုးသား တစ်ဦးကတော့ ဒီမြို့မှာ အလုပ်ထက် ရည်းစားရှာရတာက ပိုလွယ်တယ်လို့ ပြောပါတယ်။
နောက်ထပ် တစ်ဦးကတော့ သူ့မှာ ရည်းစားသုံးယောက် ရှိပြီး အဲဒီ သုံးယောက်ကလည်း အချင်းချင်း သိကြတယ်လို့ ဆိုပါတယ်။
နောက်ထပ် တစ်ဦးကတော့ ရည်းစား တစ်ယောက်တည်း ရှိတဲ့ အမျိုးသားဆို မြို့ထဲမှာ လူအများရဲ့ လှောင်ပြောင်တာတောင် ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

Credit
zawgyi,