တုပ်ကွေးဖျားအတွက် အိမ်တွင်းဆေးနည်းလေးများ
Influenza ( Fl u ) တုပ်ကွေးဖျားအတွက် အိမ်တွင်းဆေးနည်းလေးမျှဝေပေးချင်ပါတယ် ။ဖလူ ( Flu ) လို့ ခေါ်တဲ့ တုပ်ကွေးဖျားဟာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာပါ ။
နှာခေါင်း ၊ လည်ချောင်း နဲ့ အသက်ရှုလမ်းကြောင်း အပေါ် ပိုင်း နဲ့ အဆုပ်မှာဗိုင်းရပ်ပိုး ဝငျရောကျခွငျးကွောင့ျ ဖြစ်ရပါတယ် ။
ကမ္ဘာနဲ့ အဝှန်း ဒုက္ခပေးတဲ့ ကျန်းမာရေးပြဿနာတခု ဖြစ်ပါတယ် ။ဖလူရဲ့ နောက်ဆက်တွဲ ရောဂါများကြောင့် နှစ်စဉ် လူ ထောင်ချီပြီး အသက်ဆုံးရှုံးနေရပါတယ် ။
ဖြစ်ခါစမှာ ဖလူ ( Flu ) နဲ့ အအေးမိခြင်း (common cold) တို့ ဟာ လက္ခဏာများ ဆင်တူပါတယ် ။ အမြဲဘဲ မှားယွင်းတတ်ပါတယ် ။
နှာရေယိုခြင်း ၊ နှာချေခြင်း ၊ လည်ချောင်းနာခြင်း ၊ နှာခေါင်းပိတ်ခြင်း ၊ကိုယ်လက်ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ အပြင်းဖျားခြင်း ၊အားနည်းခြင်း ၊ ခံတွင်းပျက်ခြင်း တို့ ဟာ တူညီတဲ့ လက္ခဏာများ ဖြစ်ပါတယ် ။
ဖလူ ဟာ အလွန် ကူးစက်လွယ်ပါတယ် ၊ခလေးငယ်များကို လူကြီးများကတဆင့် ကူစက်တဲ့အတွက် ၊ ခလေးများနဲ့ ခွဲနေပေးသင့်ပါတယ် ။
ဖလူကနေ နားပြည်ယို နားကိုက်ခြင်း ၊ လည်ချေုာင်းရောင်ခြင်း ( bronchitis ) ၊အဆုပ်ရောင်ခြင်း ( pneumonia ) ဖြစ်ခြင်းတို့ ထိ ဆက်သွားတတ်ပါတယ်အခုဖေါ် ပြမှာကတော့ အိမ်တွင်းဆေးဝါးများနဲ့ ကုသခြင်း အကြောင်း ဖြစ်ပါတယ် ။
၁ ။ ပျားရည်
ပျားရည်ဟာ ကိုယ်ခံစွမ်းအားကို ကောင်းစေပါတယ် ။ရောဂါပိုးများကို နှိမ်နင်းနိုင်တဲ့ သတ္တိပါရှိတာကြောင့် ရောဂါမြန်မြန်ပျောက်စေပါတယ် ။
ပျားရည် ၁ ဇွန်း ကို ရေ တဖန်ခွက် မှာ ထဲ့မွှေပြီး သောက်လို့ ရပါတယ် ။ ခဏခဏ သောက်ပေး ရပါမယ် ။
ရေနွေးပူပူမှာ ပျားရည် ၁ ဇွန်း နဲ့ သံပုရာရည် ညှစ်ထဲ့ ပြီးလည်း သောက်နိုင်ပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ဒီဖျော်ရည်က လည်ချောင်းယားတာ သက်သာစေပြီး ၊ ချွဲ သလိပ်ချောင်စေပါတယ် ။တရက် ၃ ကြိမ်လောက် သောက်နိုင်ပါတယ် ။ ဝေဒနာ ပျောက်ကင်း သည်ထိ သောက်ရပါမယ် ။
ကြက်သွန်နီကို အရေညှစ် ၊ ပျားရည် ဆတူရော ၊ ၁ဇွန်း ၁ဇွန်း တနေ့ ၃ ကြိမ်သောက်နိုင်ပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ပင်စိမ်း ၁၅ ရွက်လောက်ကို အရေညှစ် ၊ ပျားရည် ၁ ဇွန်းရော ပြီး တနေ့ ၁ ကြိမ် သောက်နိုင်ပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
(တနှစ်အောင် ခလေးငယ်များကိုတော့ ပျားရည် မတိုက်သင့်သေးပါဘူး )
၂ ။ သံပုရာသီး
သံပုရာသီးဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ် နဲ့ ဖန်းဂပ်ပိုးများကို နှိမ်နင်းနိုင်ပါတယ် ။ရောင်ရမ်းတာတွေကိုလည်း လျော့စေပါတယ် ။ဒီအစွမ်းတွေကြောင့် ဖလူကို အားပျော့စေပါတယ် ။
ရေနွေးပူပူမှာ သံပုရာရေ ညှစ်ထဲ့ပြီး သောက်နိုင်ပါတယ် ။ တနေ့ ၃ ၄ ကြိမ် သောက်ရပါမယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ဆူနေသော ရေ ၁ခွက်ထဲ သံပုရာသီး ၁လုံး ညှစ်ထဲ့ ၊ ပျားရည် ၁ဇွန်းထဲ့ ၊ ရမ် အရက် ၁ဇွန်းထဲ့ ။မိနစ်အနည်းငယ်ထား ပြီး သောက်နိုင်ပါတယ် ။ ။
တနေ့ ၂ ခွက်လောက် သောက်ရပါမယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
ဆူနေတဲ့ ရေတခွက်ထဲ သံပုရာသီး တလုံးကို ပါးပါးလှီးထည့် ၊ ၅ မိနစ်လောက်ထား ။ အငွေ့ ကို ရှု ၊ အရည်ပူပူကို မှုတ်သောက် ။
တနေ့ ၃ ၄ ခွက်လောက် သောက်ရပါမယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
၃ ။ ဂျင်း
ဂျင်းမှာ ရောင်ရမ်းခြင်း သက်သာစေတဲ့ သတ္တိရှိပါတယ် ။ ပူတဲ့ သဘာဝလည်းရှိတာမို့ ဖလူ ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ် ။
ကိုယ်ခံအားစံနစ်ကို အားဖြည့်ပေးတဲ့အတွက် ဖလူကိုတိုက်ဖျက်ရာမှာ အထောက်အကူ ရပါတယ် ။
ရေဆူဆူ တခွက်ထဲကို ကြိတ်ချေထားတဲ့ လတ်ဆတ်တဲ့ ဂျင်း ၁ဇွန်းစာ ခပ်ပြီး ၊ မိနစ်အနည်းငယ် နှပ်ထားပြီး ဂျင်းလဘက်ရည် လုပ်ကာသောက်နိုင်ပါတယ် ။
ပျားရည်ထဲ့သောက်လည်း ရပါတယ် ။တနေ့ ၃ ၄ ခွက်လောက် သောက်ရပါမယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
လတ်ဆတ်တဲ့ ဂျင်း ကို နည်းနည်းစီ ဝါးစားလို့လည်း ရပါတယ် ။ ခဏခဏ စားပေးနိုင်ပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ်
၄ ။ ကြက်သွန်ဖြူ
ဘက်တီးရီးယား ၊ ဗိုင်းရပ် ၊ ဖန်းဂပ် တို့ကို နှိမ်နင်းနိုင်တဲ့ သတ္တိရှိပါတယ် ။ကြက်သွန်ဖြူမှာ အလီစင်ကွန်ပေါင်း ( allicin ) ပါရှိပါတယ် ။
၎င်းက ကိုယ်ခံစွမ်းအား ကောင်းစေပြီး ဖလူကြောင့်ဖြစ်တဲ့ ဝေဒနာများကို လျော့စေပါတယ် ။
ကြက်သွန်ဖြူ ၂မွှာ ၃မွှာ ကို ကြိတ်ချေပြီး ရေနွေးပူပူတခွက်ထဲ့ ခပ် ။ ၁၀ မိနစ်လောက်ထား ။ပြီးရင် ရေနွေးကြမ်းလို သောက်နိုင်ပါတယ် ။
၃ ၄ ကြိမ်လောက် သောက်ရပါမယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။ ကြက်သွန်ဖြူ ၁မွှာလောက်ကိုလည်း ဝါးစားနိုင်ပါတယ် ။ အကြိမ်ကြိမ် စားနိုင်ပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ စားရပါမယ် ။
၅ ရေနွေးငွေ့
ချွဲပျော်ထွက်အောင် ရေနွေးငွေ့ က စွမ်းဆောင်ပေးပါတယ် ။အလုံပိတ် ရေချိုးခန်းမှာ ရေပူကိုဖွင့်ချပြီး ရေနွေးငွေ့ ရှုရှိုက်နိုင်ပါတယ် ။
နှာခေါင်းပိတ်ခြင်း ကြပ်ခြင်း သက်သာအောင် အကြိမ်ကြိမ် လုပ်နိုင်ပါတယ် ။
ရေဇလုံထဲ ရေနွေးပူထဲ့ ၊ ယူကလစ်ဆီ နည်းနည်းထဲ့ ။ရေနွေးဇလုံ အဝတ်အုပ် ၊ခေါင်ထဲ့ပြီး အငွေ့ ရှုရပါမယ် ။ နှာခေါင်းပိတ်သက်သာအောင် လိုအပ်တိုင်း ရှုပေးနိုင်ပါတယ် ။
၆ ။ ကြက်စွပ်ပြုတ် ( Chicken Soup )
ကြက်စွပ်ပြုတ်ဟာ ဖလူကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ် ။လေ့လာတွေ့ ရှိချက်များအရ ဗိုင်းရပ်ပိုးကူးစက်ခံရတဲ့အခါမှာ
ခန္ဓာကိုယ်က ရောင်းရမ်းမှုဖြစ်စေတဲ့ ဟိုမုန်းထုတ်လုပ်တာကိုကြက်စွပ်ပြုတ်က တာဆီးပါတယ် ။စွပ်ပြုတ်ပူပူဟာ ချွဲပျော်စေသလို ၊ ခန္ဓာကိုယ်ကို အရေဓါတ် ရစေပါတယ် ။
ကြက်စွပ်ပြုတ်ကို တနေ့ ၂ ကြိမ်လောက် ရောဂါသက်သာသည်ထိ သောက်သင့်ပါတယ် ။
စွပ်ပြုတ်ထဲ ကြက်သွန်ဖြူ ၊ ငရုတ်ကောင်း ထဲ့သောက်လ ြှငျ ပို ကျေးဇူးရှိပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
၇ ။ လိမ္မော်ရေ ( Orange Juice )
ဖလူဖြစ်ချိန်မှာ ရေဓါတ် မလျော့နည်းအောင် အရည်များများ သောက်ရပါမယ် ။လိမ္မော်ရေ သောက်ခြင်းက ပိုအကျိုးထူးပါတယ် ။
တနေ့ ၁၀ ခွက်လောက်ထိ သောက်သင့်ပါတယ် ။ဗီတာမင် စီ ဓါတ်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစံနစ်ကို အားကောင်းစေပါတယ် ။ဝေဒနာ ပျောက်ကင်းသည်ထိ သောက်ရပါမယ် ။
အအေးမိတာနဲ့ ယခုဖေါ် ပြတဲ့ အိမ်တွင်းဆေးဝါးများထဲက တခုခုကို စွဲစွဲမြဲမြဲ သက်သာတဲ့ထိ မှီဝဲပါက ဖလူဖြစ်စေ ၊ ရိုးရိုးအအေးမိတာဖြစ်စေ သက်သာပျောက်ကင်းစေမှာပါ ။
ဖလူလား ရိုးရိုးအအေးမိတာလားဆိုတာ ခွဲခြားပြီး မသိနိုင်ဘူး မဟုတ်လား ။အနားယူ ၊ နွေးနွေးထွေးထွေးနေ ၊ ပူပူနွေးနွေးစား ဆိုရင် ဝေဒနာတွေ မဆိုးရွားဘဲ
မြန်မြန်ကောင်းသွားမှာပါ
ကျန်းမာချမ်းသာကြပါစေခင်ဗျား
ဒေါက်တာမြင့်သိန်း
Zawgyi
တုပ္ေကြးဖ်ားအတြက္ အိမ္တြင္းေဆးနည္းေလးမ်ား
Influenza ( Fl u ) တုပ္ေကြးဖ်ားအတြက္ အိမ္တြင္းေဆးနည္းေလးမၽွေဝေပးခ်င္ပါတယ္ ။ဖလူ ( Flu ) လို႔ ေခၚတဲ့ တုပ္ေကြးဖ်ားဟာ ဗိုင္းရပ္ပိုးေၾကာင့္ ျဖစ္တာပါ ။
ႏွာေခါင္း ၊ လည္ေခ်ာင္း နဲ႔ အသက္ရႈလမ္းေၾကာင္း အေပၚ ပိုင္း နဲ႔ အဆုပ္မွာဗိုင္းရပ္ပိုး ဝင်ေရာက်ခြင်းေကြာင့် ျဖစ္ရပါတယ္ ။
ကမၻာနဲ႔ အဝွန္း ဒုကၡေပးတဲ့ က်န္းမာေရးျပႆနာတခု ျဖစ္ပါတယ္ ။ဖလူရဲ့ ေနာက္ဆက္တြဲ ေရာဂါမ်ားေၾကာင့္ ႏွစ္စဥ္ လူ ေထာင္ခ်ီၿပီး အသက္ဆုံးရႈံးေနရပါတယ္ ။
ျဖစ္ခါစမွာ ဖလူ ( Flu ) နဲ႔ အေအးမိျခင္း (common cold) တို႔ ဟာ လကၡဏာမ်ား ဆင္တူပါတယ္ ။ အျမဲဘဲ မွားယြင္းတတ္ပါတယ္ ။
ႏွာေရယိုျခင္း ၊ ႏွာေခ်ျခင္း ၊ လည္ေခ်ာင္းနာျခင္း ၊ ႏွာေခါင္းပိတ္ျခင္း ၊ကိုယ္လက္ကိုက္ခဲျခင္း ၊ ေခါင္းကိုက္ျခင္း ၊ ေခ်ာင္းဆိုးျခင္း ၊ အျပင္းဖ်ားျခင္း ၊အားနည္းျခင္း ၊ ခံတြင္းပ်က္ျခင္း တို႔ ဟာ တူညီတဲ့ လကၡဏာမ်ား ျဖစ္ပါတယ္ ။
ဖလူ ဟာ အလြန္ ကူးစက္လြယ္ပါတယ္ ၊ခေလးငယ္မ်ားကို လူႀကီးမ်ားကတဆင့္ ကူစက္တဲ့အတြက္ ၊ ခေလးမ်ားနဲ႔ ခြဲေနေပးသင့္ပါတယ္ ။
ဖလူကေန နားျပည္ယို နားကိုက္ျခင္း ၊ လည္ေခ်ုာင္းေရာင္ျခင္း ( bronchitis ) ၊အဆုပ္ေရာင္ျခင္း ( pneumonia ) ျဖစ္ျခင္းတို႔ ထိ ဆက္သြားတတ္ပါတယ္အခုေဖၚ ျပမွာကေတာ့ အိမ္တြင္းေဆးဝါးမ်ားနဲ႔ ကုသျခင္း အေၾကာင္း ျဖစ္ပါတယ္ ။
၁ ။ ပ်ားရည္
ပ်ားရည္ဟာ ကိုယ္ခံစြမ္းအားကို ေကာင္းေစပါတယ္ ။ေရာဂါပိုးမ်ားကို ႏွိမ္နင္းနိုင္တဲ့ သတၱိပါရွိတာေၾကာင့္ ေရာဂါျမန္ျမန္ေပ်ာက္ေစပါတယ္ ။
ပ်ားရည္ ၁ ဇြန္း ကို ေရ တဖန္ခြက္ မွာ ထဲ့ေမႊၿပီး ေသာက္လို႔ ရပါတယ္ ။ ခဏခဏ ေသာက္ေပး ရပါမယ္ ။
ေရေႏြးပူပူမွာ ပ်ားရည္ ၁ ဇြန္း နဲ႔ သံပုရာရည္ ညႇစ္ထဲ့ ၿပီးလည္း ေသာက္နိုင္ပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
ဒီေဖ်ာ္ရည္က လည္ေခ်ာင္းယားတာ သက္သာေစၿပီး ၊ ခၽြဲ သလိပ္ေခ်ာင္ေစပါတယ္ ။တရက္ ၃ ႀကိမ္ေလာက္ ေသာက္နိုင္ပါတယ္ ။ ေဝဒနာ ေပ်ာက္ကင္း သည္ထိ ေသာက္ရပါမယ္ ။
ၾကက္သြန္နီကို အေရညႇစ္ ၊ ပ်ားရည္ ဆတူေရာ ၊ ၁ဇြန္း ၁ဇြန္း တေန႔ ၃ ႀကိမ္ေသာက္နိုင္ပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
ပင္စိမ္း ၁၅ ရြက္ေလာက္ကို အေရညႇစ္ ၊ ပ်ားရည္ ၁ ဇြန္းေရာ ၿပီး တေန႔ ၁ ႀကိမ္ ေသာက္နိုင္ပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
(တႏွစ္ေအာင္ ခေလးငယ္မ်ားကိုေတာ့ ပ်ားရည္ မတိုက္သင့္ေသးပါဘူး )
၂ ။ သံပုရာသီး
သံပုရာသီးဟာ ဘက္တီးရီးယား ၊ ဗိုင္းရပ္ နဲ႔ ဖန္းဂပ္ပိုးမ်ားကို ႏွိမ္နင္းနိုင္ပါတယ္ ။ေရာင္ရမ္းတာေတြကိုလည္း ေလ်ာ့ေစပါတယ္ ။ဒီအစြမ္းေတြေၾကာင့္ ဖလူကို အားေပ်ာ့ေစပါတယ္ ။
ေရေႏြးပူပူမွာ သံပုရာေရ ညႇစ္ထဲ့ၿပီး ေသာက္နိုင္ပါတယ္ ။ တေန႔ ၃ ၄ ႀကိမ္ ေသာက္ရပါမယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
ဆူေနေသာ ေရ ၁ခြက္ထဲ သံပုရာသီး ၁လုံး ညႇစ္ထဲ့ ၊ ပ်ားရည္ ၁ဇြန္းထဲ့ ၊ ရမ္ အရက္ ၁ဇြန္းထဲ့ ။မိနစ္အနည္းငယ္ထား ၿပီး ေသာက္နိုင္ပါတယ္ ။ ။
တေန႔ ၂ ခြက္ေလာက္ ေသာက္ရပါမယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
ဆူေနတဲ့ ေရတခြက္ထဲ သံပုရာသီး တလုံးကို ပါးပါးလွီးထည့္ ၊ ၅ မိနစ္ေလာက္ထား ။ အေငြ႕ ကို ရႈ ၊ အရည္ပူပူကို မႈတ္ေသာက္ ။
တေန႔ ၃ ၄ ခြက္ေလာက္ ေသာက္ရပါမယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
၃ ။ ဂ်င္း
ဂ်င္းမွာ ေရာင္ရမ္းျခင္း သက္သာေစတဲ့ သတၱိရွိပါတယ္ ။ ပူတဲ့ သဘာဝလည္းရွိတာမို႔ ဖလူ ေၾကာင့္ျဖစ္တဲ့ ေဝဒနာေတြကို သက္သာေစပါတယ္ ။
ကိုယ္ခံအားစံနစ္ကို အားျဖည့္ေပးတဲ့အတြက္ ဖလူကိုတိုက္ဖ်က္ရာမွာ အေထာက္အကူ ရပါတယ္ ။
ေရဆူဆူ တခြက္ထဲကို ႀကိတ္ေခ်ထားတဲ့ လတ္ဆတ္တဲ့ ဂ်င္း ၁ဇြန္းစာ ခပ္ၿပီး ၊ မိနစ္အနည္းငယ္ ႏွပ္ထားၿပီး ဂ်င္းလဘက္ရည္ လုပ္ကာေသာက္နိုင္ပါတယ္ ။
ပ်ားရည္ထဲ့ေသာက္လည္း ရပါတယ္ ။တေန႔ ၃ ၄ ခြက္ေလာက္ ေသာက္ရပါမယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
လတ္ဆတ္တဲ့ ဂ်င္း ကို နည္းနည္းစီ ဝါးစားလို႔လည္း ရပါတယ္ ။ ခဏခဏ စားေပးနိုင္ပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္
၄ ။ ၾကက္သြန္ျဖဴ
ဘက္တီးရီးယား ၊ ဗိုင္းရပ္ ၊ ဖန္းဂပ္ တို႔ကို ႏွိမ္နင္းနိုင္တဲ့ သတၱိရွိပါတယ္ ။ၾကက္သြန္ျဖဴမွာ အလီစင္ကြန္ေပါင္း ( allicin ) ပါရွိပါတယ္ ။
၎က ကိုယ္ခံစြမ္းအား ေကာင္းေစၿပီး ဖလူေၾကာင့္ျဖစ္တဲ့ ေဝဒနာမ်ားကို ေလ်ာ့ေစပါတယ္ ။
ၾကက္သြန္ျဖဴ ၂မႊာ ၃မႊာ ကို ႀကိတ္ေခ်ၿပီး ေရေႏြးပူပူတခြက္ထဲ့ ခပ္ ။ ၁၀ မိနစ္ေလာက္ထား ။ၿပီးရင္ ေရေႏြးၾကမ္းလို ေသာက္နိုင္ပါတယ္ ။
၃ ၄ ႀကိမ္ေလာက္ ေသာက္ရပါမယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။ ၾကက္သြန္ျဖဴ ၁မႊာေလာက္ကိုလည္း ဝါးစားနိုင္ပါတယ္ ။ အႀကိမ္ႀကိမ္ စားနိုင္ပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ စားရပါမယ္ ။
၅ ေရေႏြးေငြ႕
ခၽြဲေပ်ာ္ထြက္ေအာင္ ေရေႏြးေငြ႕ က စြမ္းေဆာင္ေပးပါတယ္ ။အလုံပိတ္ ေရခ်ိဳးခန္းမွာ ေရပူကိုဖြင့္ခ်ၿပီး ေရေႏြးေငြ႕ ရႈရွိုက္နိုင္ပါတယ္ ။
ႏွာေခါင္းပိတ္ျခင္း ၾကပ္ျခင္း သက္သာေအာင္ အႀကိမ္ႀကိမ္ လုပ္နိုင္ပါတယ္ ။
ေရဇလုံထဲ ေရေႏြးပူထဲ့ ၊ ယူကလစ္ဆီ နည္းနည္းထဲ့ ။ေရေႏြးဇလုံ အဝတ္အုပ္ ၊ေခါင္ထဲ့ၿပီး အေငြ႕ ရႈရပါမယ္ ။ ႏွာေခါင္းပိတ္သက္သာေအာင္ လိုအပ္တိုင္း ရႈေပးနိုင္ပါတယ္ ။
၆ ။ ၾကက္စြပ္ျပဳတ္ ( Chicken Soup )
ၾကက္စြပ္ျပဳတ္ဟာ ဖလူေၾကာင့္ျဖစ္တဲ့ ေဝဒနာေတြကို သက္သာေစပါတယ္ ။ေလ့လာေတြ႕ ရွိခ်က္မ်ားအရ ဗိုင္းရပ္ပိုးကူးစက္ခံရတဲ့အခါမွာ
ခႏၶာကိုယ္က ေရာင္းရမ္းမႈျဖစ္ေစတဲ့ ဟိုမုန္းထုတ္လုပ္တာကိုၾကက္စြပ္ျပဳတ္က တာဆီးပါတယ္ ။စြပ္ျပဳတ္ပူပူဟာ ခၽြဲေပ်ာ္ေစသလို ၊ ခႏၶာကိုယ္ကို အေရဓါတ္ ရေစပါတယ္ ။
ၾကက္စြပ္ျပဳတ္ကို တေန႔ ၂ ႀကိမ္ေလာက္ ေရာဂါသက္သာသည္ထိ ေသာက္သင့္ပါတယ္ ။
စြပ္ျပဳတ္ထဲ ၾကက္သြန္ျဖဴ ၊ င႐ုတ္ေကာင္း ထဲ့ေသာက္လ ျႇင် ပို ေက်းဇူးရွိပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
၇ ။ လိေမၼာ္ေရ ( Orange Juice )
ဖလူျဖစ္ခ်ိန္မွာ ေရဓါတ္ မေလ်ာ့နည္းေအာင္ အရည္မ်ားမ်ား ေသာက္ရပါမယ္ ။လိေမၼာ္ေရ ေသာက္ျခင္းက ပိုအက်ိဳးထူးပါတယ္ ။
တေန႔ ၁၀ ခြက္ေလာက္ထိ ေသာက္သင့္ပါတယ္ ။ဗီတာမင္ စီ ဓါတ္ႂကြယ္ဝတာေၾကာင့္ ကိုယ္ခံအားစံနစ္ကို အားေကာင္းေစပါတယ္ ။ေဝဒနာ ေပ်ာက္ကင္းသည္ထိ ေသာက္ရပါမယ္ ။
အေအးမိတာနဲ႔ ယခုေဖၚ ျပတဲ့ အိမ္တြင္းေဆးဝါးမ်ားထဲက တခုခုကို စြဲစြဲျမဲျမဲ သက္သာတဲ့ထိ မွီဝဲပါက ဖလူျဖစ္ေစ ၊ ရိုးရိုးအေအးမိတာျဖစ္ေစ သက္သာေပ်ာက္ကင္းေစမွာပါ ။
ဖလူလား ရိုးရိုးအေအးမိတာလားဆိုတာ ခြဲျခားၿပီး မသိနိုင္ဘူး မဟုတ္လား ။အနားယူ ၊ ေႏြးေႏြးေထြးေထြးေန ၊ ပူပူေႏြးေႏြးစား ဆိုရင္ ေဝဒနာေတြ မဆိုးရြားဘဲ
ျမန္ျမန္ေကာင္းသြားမွာပါ
က်န္းမာခ်မ္းသာၾကပါေစခင္ဗ်ား
ေဒါက္တာျမင့္သိန္း