











ထန်းညက်ခဲ


Unicode

Myanmar Idolအဆိုတော်ပြိုင်ပွဲရဲ့ အမာခံပရိသတ်တွေကတော့ အေးမြဖြူဆိုတာဘယ်သူလဲဆိုတာ သိနေပြီးကြမယ်လို့ ထင်ပါတယ်။

အေးမြဖြူဟာ သီချင်းသီဆိုရာမှာ အသံပါဝါကောင်းကောင်းနဲ့သီဆိုလေ့ရှိတာကြောင့် ပရိသတ်တော်တော်များများရဲ့ နှစ်သက်ခြင်းခံခဲ့ရတာပါ။

သူမဟာဆိုရင် ပထမဆုံးကိုယ်ပိုင်သီချင်းလေးလည်းထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ခဲ့ပါသေးတယ်။

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်မလေးတစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ အဆိုပိုင်းမှာပါရမီပါလွန်းတာကြောင့် ဘယ်လိုသီချင်းအမျိုးအစားမဆိုသီဆိုနိုင်လေ့ရှိတာဖြစ်ပါတယ်။

မြန်မာသံသီဆိုရာမှာ ပိုင်နိုင်လှတာကြောင့် အေးမြဖြူဟာဆိုရင် မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်မှာလည်း “ကျွန်မချစ်သော မြန်မာ့ရုပ်ရှင်” သီချင်းကို သီဆိုခွင့်ကို ရရှိခဲ့ပါတယ်။

ငယ်စဉ်ကတည်းက အနုပညာလမ်းမှာလျှောက်လှမ်းခဲ့တဲ့သူမက အဆိုမှာသာမက အကမှာပါ ထူးချွန်သူလေးပါ။

ပရိသတ်ကြီးရေ ပရိသတ်ကြီးတို့ ကြိုက်နှစ်သက်ခဲ့ကြရတဲ့ Myanmar Idolရဲ့ First Runner Up ဆုရှင် အေးမြဖြူက အခုတစ်ခါ ဇူလိုင်(၁၉)ရက်၊၂၀၂၀ ခုနှစ်မှာ ကျရောက်သော အာဇာနည်နေ့ ဂုဏ်ပြုတေးဖြစ်တဲ့ “အလေးပြုပါတယ်” သီချင်းကို စန္ဒရားအတီးနဲ့တွဲဖက်ပြီး ပြန်လည်ဂုဏ်ပြုသီဆိုထားပါတယ်။

သီချင်းလေးကိုနားထောင်ပီး အာဇာနည်ခေါင်းဆောင်ကြီးများကို တစ်ဖန်ပြန်လည် လွမ်းဆွတ်သတိရလာစေပါတယ်။

ပရိတ်သတ်ကြီးရော အေးမြဖြူရဲ့ သီဆိုမှုလေးနဲ့ သူမရဲ့အသံလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Like and Share လုပ်သွားကြပါနော်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဂါရဝပြုအပ်ပါသည်

ထန်းညက်ခဲ

photos from AYE MYA PHYU Facebook