ၾကားသိရသမွ်

ေဒၚေမလွၿမိဳင္လား ထင္ရတယ္ ၾကက္သီးပါထတယ္ ဆရာမရယ္ ေကာင္းပါတယ္ဆိုတဲ့ စကားေတာင္သိမ္ငယ္သြားေစပါတယ္။

အာဇာနည္ေန႔ သည္ ႏွစ္စဥ္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ က်ေရာက္ေသာ ျမန္မာနိုင္ငံ၏ နိုင္ငံေတာ္အဆင့္ ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ေန႔ တစ္ရက္ျဖစ္ကာ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ျမန္မာနိုင္ငံ၊ ရန္ကုန္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း

အပါအဝင္ နိုင္ငံေရးတြင္ အလြန္ အေရးပါေသာ ေခါင္းေဆာင္ႀကီး ၈ ဦး ႏွင့္ ကိုယ္ရံေတာ္တစ္ဦး လုပ္ႀကံျခင္းခံခဲ့ရၿပီး က်ဆုံးသည့္ေန႔ကို အာဇာနည္ေန႔ ဟု သက္မွတ္ၿပီး က်င္းပျခင္းျဖစ္သည္။ ထိုေန႔တြင္ အစိုးရ႐ုံးမ်ား၊ ေဈးဆိုင္ကႏၷားမ်ားကိုပိတ္၍ နိုင္ငံေတာ္အလံကို တိုင္တစ္ဝက္၌ လႊင့္ထူထားၾကေလသည္။

အျဖစ္အပ်က္မ်ား

၁၉၄၇ ခုႏွစ္၊ ျမန္မာစံေတာ္ခ်ိန္ ၁၀ နာရီ ၃၇ မိနစ္တြင္ ရန္ကုန္ၿမိဳ႕လယ္ရွိ ဝန္ႀကီးမ်ား႐ုံး၌ အစည္းေဝးပြဲက်င္းပေနခ်ိန္ျဖစ္သည္။ အဂၤလိပ္ေခတ္ ၿမိဳ႕ေစာင့္တပ္အမွတ္ (၁၂) ေသနတ္ကိုင္တပ္ရင္း၏ အမွတ္တံဆိပ္ကို တပ္ဆင္ထားေသာ စစ္ယူနီေဖာင္းအျပည့္စုံ

ဝတ္ဆင္ထားေသာ လူတစ္စုသည္ ဝန္ႀကီးမ်ား႐ုံးအတြင္း ဝင္ေရာက္၍ ဗမာ့လြတ္လပ္ေရး ေခါင္းေဆာင္အခ်ိဳ႕အား ပစ္ခတ္လုပ္ႀကံခဲ့ၾကသည္။[၂]၎နိုင္ငံေတာ္လုပ္ႀကံမႈႀကီးအား အတိုက္အခံ နိုင္ငံေရးအဖြဲ႕အစည္းတစ္ခုမွ ႀကိဳတင္စီစဥ္ထားျခင္းျဖစ္ၿပီး

၎အဖြဲ႕အား ေခါင္းေဆာင္ ႀကိဳးကိုင္ထားသူအျဖစ္ ဂဠဳန္ဦးေစာအား စြပ္စြဲခဲ့ၾကသည္။ ထို႔ေနာက္ဦးေစာႏွင့္ အေပါင္းအပါမ်ားအား ဦးေက်ာ္ျမင့္၊ ဦးေအာင္သာေက်ာ္ႏွင့္ ဦးစီးဘူးတို႔ ပါဝင္ေသာ အထူးခုံ႐ုံးမွ အခ်ိန္ယူ စစ္ေဆးၿပီး ျပစ္မႈထင္ရွားသျဖင့္ ၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀) ရက္ေန႔တြင္ ေသဒဏ္စီရင္ခ်က္ ခ်မွတ္ခဲ့ေလသည္။

လုပ္ႀကံခံခဲ့ရသူမ်ားမွာ

ဦးေအာင္ဆန္း(ဝန္ႀကီးခ်ဳပ္)

ဦးဘခ်ိဳ(ျပန္ၾကားေရးဌာနဝန္ႀကီး)

မန္းဘခိုင္(အလုပ္သမားေရးရာဌာနဝန္ႀကီး)

ဦးဘဝင္း(စီးပြားေရးႏွင့္ ေထာက္ပံ့ေရးဌာနဝန္ႀကီး)

သခင္ျမ(ျပည္ထဲေရးဌာနဝန္ႀကီး)

ဦးအဗၺဒူရာဇတ္(ပညာေရးႏွင့္ အမ်ိဳးသားစီမံကိန္းဌာနဝန္ႀကီး)

စဝ္စံထြန္း(နယ္ျခားေဒသမ်ားဆိုင္ရာဌာနဝန္ႀကီး)

ဦးအုန္းေမာင္(သယ္ယူပို႔ေဆာင္ေရးႏွင့္ လမ္းပန္းဆက္သြယ္ေရးဌာန အတြင္းဝန္) ႏွင့္

ရဲေဘာ္ ကိုေထြး(ဦးအဗၺဒူရာဇတ္၏ သက္ေတာ္ေစာင့္) တို႔ျဖစ္ၾကသည္။

၎နိုင္ငံေတာ္လုပ္ႀကံမႈႀကီး ၿပီးေနာက္၊ မ်ားမၾကာမီအခ်ိန္တြင္ ျမန္မာျပည္ ၿဗိတိသၽွဘုရင္ခံခ်ဳပ္ ဆာ ဟာ့ဘက္ ရန႔္စ္သည္ ဦးႏုေခါင္းေဆာင္သည့္ၾကားျဖတ္အစိုးရအဖြဲ႕အား အာဏာလႊဲေျပာင္းေပးခဲ့ၿပီးခ်ိန္၊ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔သည္

ျမန္မာနိုင္ငံ၏ တရားဝင္လြတ္လပ္ေရးေန႔ျဖစ္လာခဲ့သည့္ျပင္ ဦးႏုသည္လည္း ျမန္မာျပည္၏ ပထမဆုံးေသာ ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့သည္။ ထို႔ေနာက္ ဇူလိုင္လ ၁၉ ရက္ေန႔အား အာဇာနည္ေန႔ဟု အမည္သမုတ္၍ ျပည္သူ႔အားလပ္ရက္၊ နိုင္ငံေတာ္အဆင့္ ေအာက္ေမ့ဖြယ္အထိမ္းအမွတ္ေန႔အျဖစ္ ႏွစ္စဥ္က်င္းပရန္ ဆုံးျဖတ္ခဲ့ၾကသည္။

credit

unicode

အာဇာနည်နေ့ သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း

အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ကျင်းပခြင်းဖြစ်သည်။ ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်ကန္နားများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြလေသည်။

အဖြစ်အပျက်များ

၁၉၄၇ ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံ

ဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြသည်။[၂]၎င်းနိုင်ငံတော်လုပ်ကြံမှုကြီးအား အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး

၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။

လုပ်ကြံခံခဲ့ရသူများမှာ

ဦးအောင်ဆန်း(ဝန်ကြီးချုပ်)

ဦးဘချို(ပြန်ကြားရေးဌာနဝန်ကြီး)

မန်းဘခိုင်(အလုပ်သမားရေးရာဌာနဝန်ကြီး)

ဦးဘဝင်း(စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)

သခင်မြ(ပြည်ထဲရေးဌာနဝန်ကြီး)

ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)

စဝ်စံထွန်း(နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)

ဦးအုန်းမောင်(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်

ရဲဘော် ကိုထွေး(ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ဖြစ်ကြသည်။

၎င်းနိုင်ငံတော်လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီအချိန်တွင် မြန်မာပြည် ဗြိတိသျှဘုရင်ခံချုပ် ဆာ ဟာ့ဘက် ရန့်စ်သည် ဦးနုခေါင်းဆောင်သည့်ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည်

မြန်မာနိုင်ငံ၏ တရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည်သမုတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

credit