သူမရဲ့နေအိမ်ကို ဝယ်ယူမည်ဆိုပါက သူမအားဇနီးသည်အဖြစ် အပိုရမယ်လို့ကြေညာခဲ့တဲ့ အမျိုးသမီး

အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီး တစ်ဦးက သူမရဲ့နေအိမ် ကို ဝယ် ယူမည် ဆိုပါက သူမအား ဇနီးသည်အဖြစ် အခမဲ့ အပို ရရှိနိုင်မယ်လို့ ကြေညာ ခဲ့တာ ပဲ ဖြစ် ပါ တယ်။အဆို ပါ အိမ် ရောင်းချ မယ့်ကြော်ငြာကတော့ အွန်လိုင်း စာမျက်နှာပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။
အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းနှစ်ခန်း၊ ငါးကန်တစ်ကန်နဲ့ ကားပါကင် တစ်နေရာ ပါဝင်တဲ့ တစ်ထပ် အိမ်ကို ရောင်းချ မယ်လို့ အိမ်ခြံမြေအကျိုးဆောင် တစ်ခုမှာ ကြော်ငြာ ထားပါတယ်။ယင်းကြော်ငြာမှာ နေ အိမ်ကို ဝယ်ယူမည် ဆိုပါက အိမ်ပိုင်ရှင် ကို အခမဲ့ အပို ရရှိနိုင်မှာ ဖြစ်ပြီး အိမ်ပိုင်ရှင် အမျိုးသမီးရဲ့ ဓာတ်ပုံနဲ့ တကွ ဖော်ပြ ထားတာကိုလည်း တွေ့ရပါတယ်။
![]()
![]()
![]()
အိမ်ပိုင်ရှင်ဖြစ်သူကတော့ အသက် ၄ဝအရွယ် ကလေးနှစ်ယောက်မိခင် မုဆိုးမတစ်ဦး ဖြစ်တယ်လို့ သိရပြီး အလှ ပြင်ဆိုင် တစ်ဆိုင်ကိုလည်း ပိုင်ဆိုင် ထားပါတယ်။အိမ်ပိုင်ရှင် ဝီနာလင်က ”ကျွန်မရဲ့အိမ်ကို အမှန်တကယ် ဝယ်ယူမယ့် သူဖြစ်ရမယ်။ ဈေး နှုန်းညှိနှိုင်းမှာ မဟုတ်ဘူး”လို့ လည်းပြောဆိုခဲ့ ပါသေးတယ်။

သူမရဲ့နေအိမ် ကတော့ အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်းရှိ ဆလီမန်မြို့ရှိ နေအိမ် ကို ၇၆၈၄၆ ဒေါ်လာ နဲ့ ရောင်းချ မှာ ဖြစ် ပါ တယ်။အိမ် ထောင် မရှိ သေးတဲ့ လူပျို ကြီးတွေ အတွက်တော့ အိမ် ယာလည်းရ၊ အိမ်ထောင် လည်းကျမယ့် အခွင့်အရေးကို ပိုင်ဆိုင် မှာပဲဖြစ်ပါတယ်နော်။
zawgyi

![]()
![]()
![]()




