Covid 2nd Wave စကတည်းက ဒီဆေးခန်းလေးကိုအပြီးပိတ်ထားလိုက်ဖို့အတွက် ကျွန်တော် ပြောခဲ့ဖူးတယ်
အဖေရော အမေရော အသက်ကြီးပြီ နားပါတော့ ဆိုတာကို ပြောမရဘူး
သူ့လူနာတွေက သူ့ကို အားကိုးပြီး လာကြတာတဲ့ ဆေးခန်းပိတ်လိုက်ပြီ မကုတော့ဘူး ဆိုတာ ပြောမထွက်ဘူးတဲ့
ခရီးသွားစရာရှိတောင် ရက်အတိအကျနဲ့ပဲ ပိတ်တဲ့အဖေ ခရီးက ပြန်ရောက်တာနဲ့ လုံးဝမနားပဲ ဆေးခန်း ချက်ချင်းဖွင့် လူနာတွေကို
အမြဲတမ်း ဦးစားပေးခဲ့တဲ့ အဖေ ကိုယ့်အတွက် လုံးဝငဲ့မကြည့်ခဲ့တဲ့ အဖေ
အလှူအတန်းဆို ရက်ရောလွန်းတဲ့ အဖေ
အသက်ရှင်လာတဲ့သက်တမ်းတလျှောက် အဖေ
အေးဆေးလေး ထိုင်နားနေတယ်ဆိုတာမမြင်ရသလောက်ကို ရှိခဲ့ပြီး ကိုယ့်ကိုကိုယ် မညှာတာခဲ့တဲ့ အဖေ
ကျွန်တော်တို့မိသားစုအပေါ် တာဝန် ကျေတာထပ် ပိုလွန်းခဲ့တဲ့ အဖေ
သူ့ရဲ့အမျိုးတွေအပေါ် တာဝန်ကျေလွန်းတဲ့ အဖေ

သူ့ရဲ့ လူနာတွေအပေါ် တာဝန်ကျေလွန်းတဲ့ အဖေ သူနဲ့သိသမျှ လူတိုင်းအပေါ် တာဝန်ကျေလွန်းတဲ့အဖေ
အရက်သေစာ မူးယစ်ဆေးဝါး မိန်းမကိစ္စ ဘာတခုမှ မမှီဝဲခဲ့တဲ့အဖေ …
ထမင်းတနပ်တောင် စိတ်ဖြောင့်ဖြောင့်နဲ့ မစားခဲ့ရတဲ့ အဖေဟာသူ ကိုယ်လက်တွေကိုက်ခဲနေလို့ ဆေးခန်းလေးပိတ်ပြီး နားနေတဲ့ရက်ကလူနာတွေဟာ လာကြတယ်
အမေက ပြောပြတယ် ဆရာ နေမကောင်းလို့နားနေပါတယ်တဲ့
တခြားဆေးခန်းသွားကြပါလို့ ပြောတာကို ပြောမရဘူး
ဆရာပဲ လုပ်ပေးပါဆရာရယ်တဲ့ ဖျားတာ ၁ ပတ်ကျော်ပြီ ဘယ်လိုမှမသက်သာလို့ပါဆရာရယ်တဲ့
အဖေဟာ ပါးစပ်ကသာ နားပါရစေလို့ပြောခဲ့တာ ပြီးတော့ သူထပြီး လုပ်ပေးရတာပဲ
အဲ့နေ့က အဲ့လိုလူနာတွေ၅ ယောက်လောက်လာတယ် အဖေဟာ ပြောခဲ့တယ် ခင်ဗျားတို့ဟာကိုဗစ်လက္ခဏာတွေပြနေတယ်
နောက်ခေါက်တွေ ဆေးရုံကိုသာသွားကြပါလို့ ပြောခဲ့တယ်
အဲ့နေ့ကစပြီးတော့ July 9 ရက်နေ့ ည၁၀ နာရီကျော်ထိ အဖေဟာ အသက်ရှုကြပ် ကိုယ်လက်ကိုက်ခဲတဲ့ ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်း ၁၀ နာရီ နဲ့ မိနစ် ၂၀ ခန့်မှာဘဝတပါးသို့ ကူးပြောင်းသွားခဲ့တယ်
ကျွန်တော်ဟာ အဖေ့သတင်း ကြားကြားခြင်း အဲ့နေ့က အဖေ့ဆီ လာခဲ့ကြတဲ့ လူနာတွေကို စိတ်ထဲကနေ ပစ်ပစ်နှစ်နှစ်ကြီး ကျိန်ဆဲပစ်ခဲ့တယ်
အဖေ အခုတော့ ကျွန်တော် ဖြည့်တွေးပေးနိုင်ပါပြီ
အဖေဟာ အဖေပဲလေတခြားလူမှ မဟုတ်တာ အဖေဟာ ကိုယ့်အတွက်ထပ် သူများအတွက်ပဲတွေးတတ်တဲ့သူဆိုတာ မေ့သွားခဲ့တယ်
အခုတော့ အဖေ တရက်တောင်မပိတ်နိုင်ခဲ့တဲ့ ဆေးခန်းလေးဟာ ရာသက်ပန် ပိတ်သွားခဲ့ရပြီ အဖေ
အဖေ ကောင်းရာမွန်ရာ ရောက်ပါစေ အရာရာတိုင်းကို စိတ်ချပါ အဖေ



