မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံးသော အရာတွေသာ ယူဆောင်ပေးချင်ကြပေမယ့်လည်း တစ်ခါတစ်လေ ဘဝဖြတ်သန်းမှု အခြေအနေက ဆိုးရွားလွန်းသောအခါ ဆင်းရဲမှုဒဏ်ကို တူတူရင်ဆိုင်ခဲ့ရသည်။
ယခုအခါတွင်လည်း အိန္ဒိယနိုင်ငံမှ အသက်၃၈နှစ်အရွယ် အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျပြီး သမီးဦးလေးကို ပိုင်ဆိုင်ထားရတာကြောင့် ပျော်ရွှင်နေခဲ့သော်လည်း ဇနီးဖြစ်သူမှာ မီးဖွားစဥ်အတွင်း နှလုံးဖောက်ပြီး ဆုံးပါးသွားခဲ့သည့်အတွက် ပျော်လို့မဆုံးခင်မှာပဲ ဝမ်းနည်းကြေကွဲစရာအဖြစ်နှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်တွင် အမျိုးသားအတွက် မွေးကင်းစ သမီးလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ရာ မလွယ်ကူခဲ့၍ ပတ်ဝန်းကျင်ရှိလူများမှ သမီးလေးအား မွေးစားရန် တောင်းဆိုခဲ့ပေမယ့် သူ့ဘဝတွင် ချစ်ခင်တွယ်တာစရာသမီးလေးသာ ရှိတော့တာကြောင့် ငြင်းဆန်ခဲ့သည်။
အမျိုးသားသည် အိမ်တွင်ကလေးကြည့်ပေးမည့်သူမရှိသလို ကလေးထိန်းကျောင်းပို့ဖို့လည်း ငွေကြေးမတတ်နိုင်တာကြောင့် သမီးလေး လသားအရွယ်မှာပဲ ရှေ့တွင်လွယ်ကာ လက်တစ်ဖက်နှင့်ထိန်းထားပြီး စားဝတ်နေရေးအတွက် မြို့ထဲတွင် ဆိုက်ကားနင်းကာ ခရီးသည်များ သွားလိုရာ ပို့ဆောင်ပေးခြင်းဖြင့် ဝင်ငွေရှာခဲ့ရသည်။
ကလေးတစ်ဖက်နှင့် အလုပ်လုပ်နေရသော အမျိုးသားအား မြင်တွေ့သူများမှာ အန္တရာယ်များလှသည့်အတွက် စိတ်မကောင်းဖြစ်ကြကာ သူတို့သားအဖနှစ်ယောက်ဧ။် အခက်အခဲလေးကို ကူညီဖြေရှင်းပေးရန် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Hlaing
Zawgyi
အိမ်တွင်ကလေးကြည့်ပေးမည့်သူမရှိ၍ လက်တစ်ဖက်နှင့် ပွေ့ချီကာ စားဝတ်နေရေးအတွက် ဆိုက်ကားနင်းနေသော ဖခင်တစ်ဦး
Hlaing