ၾကားသိရသမွ်

ကိုဗစ်ရောဂါအား ခန္ဓာကိုယ်ထဲကနေ တိုက်ထုတ်ဖို့ အဓိကလုပ်ဆောင်ရမယ့် နည်းလမ်းတစ်ချို့အား ရေးသားဝေမျှပေးလာတဲ့ နီနီခင်ဇော်

လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ အတော်ကို ဆိုးရွားနေပြီး လူတော်တော်များများအောက်ဆီဂျင်ပြတ်လပ်တဲ့ အခြေအနေများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဆရာဝန်များကလည်း အတတ်နိုင်ဆုံးထိန်းချုပ်ကာကွယ်နိုင်စေမယ့် နည်းလမ်းများကို ပြည်သူတွေ သိရှိကြစေဖို့ အမြဲလိုလို ရေးသားဝေမျှပေးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း အဆိုတော် နီနီခင်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ကိုဗစ်ရောဂါကူးစက်ခံရပါက ပြုလုပ်ရမယ့် အရေးကြီးအချက်အလက်များကို ဗဟုသုတရရှိစေဖို့ ဝေမျှပေးလာတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုးမှာ ကိုယ်ခံအားကို အားကိုးပြီးရောဂါကို တိုက်ထုတ်ကြဖို့ အကြံပေး တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း ဆုံးရှုံးသွားတဲ့ အသက်တွေ အများကြီးရှိနေသလို လုံးဝနေပြန်ကောင်းလာတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီး ရှိပါတယ်။

အိမ်တိုင်းနီးပါး COVID positive ဖြစ်လာကြတဲ့အတွက် အားလုံးစိတ်ပူပင်နေကြတာကို မြင်တွေ့နေရတာ စိတ်မကောင်းဖြစ်ရတဲ့အတွက် သူမသိသလောက် ကျန်းမာရေးဗဟုသုတများကိုရေးသားဝေမျှပေးဖို့ စိတ်ကူးရလာတာ ဖြစ်ပါတယ်။ အဓိက oxygen ပြသနာလို့ မြင်နေကြတဲ့ အပေါ် အိမ်မှာဘယ်လိုမျိုး Home Care Treatment ပေးနိုင်မလဲ၊ ဘယ်လိုနေထိုင်သင့်တယ် ဆိုတာတွေကိုလည်း အခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

” ပထမဦးစွာအ​နေ​အောက်မှာ​ဖော်ပြထားတဲ့နဲ့ Covid Positive ရဲ့ လက္ခဏာတွေတစ်ခုခု​သော်လည်း​ကောင်းအားလုံးလည်း​ကောင်း​တွေ့ခဲ့ရင်

***အရမ်း မစိုးရိမ်ပဲနဲ့ Treatment ​လေး​တွေ စပြီး လုပ်​စေချင်ပါတယ်****

(စိုးရိမ်မှုလွန်ကဲခြင်းဟာ Oxygen Level ပိုလို့ကျ​စေနိုင်ပါတယ်)

Signs and Symptoms

Positive ဖြစ်တဲ့သူနဲ့ ထိ​တွေ့မှုရှိထားပြီး

-စဖျားလာရင်

-ကြွက်သားတွေ ညောင်းညာကိုက်ခဲလာရင်

-ချောင်းဆိုး

-ခေါင်းကိုက်

-မျက်လုံး ရဲ/နာ

-ဝမ်းပျက်ရင်

အနံ့ပျောက် အရသာပျောက်ရင်

-ခန္ဓာကိုယ်မှာ အနီစက်များပေါ်လာခဲ့ရင်

-ဆီးချိုလုံးဝ ထိန်းမရင်

ဘယ်လိုလူ​တွေ ပိုပြီး ဂရုစိုက်သင့်သလဲ?

-က​လေးသူငယ်များ / သက်ကြီးရွယ်အိုများ

-ခုခံအားကျထားသူများ

-ရောဂါအခံ ရှိထားသူများ(နှလုံး,​သွေးတိုး,ဆီးချို, အဆုတ်​ရောဂါ,ကင်ဆာ​ရောဂါ စသည်ဖြင့်….)ပိုဂရုစိုက်သင့်ပါတယ်။

အိမ်မှာဘယ်လိုSupportive Care ​တွေလုပ်​ပေးနိုင်လဲ?

​သံသယဖြစ်စရာရောဂါလက္ခဏာတစ်ခုခု​တွေ့ခဲ့မယ်ဆိုရင်

​Self Quarantine

၁၄ရက်ပြည့်အောင် သီးခြားခွဲထားရန်

တစ်ယောက်တည်း သီးသန့် အသုံးအဆောင် အိမ်သာ သုံးရန် ( အတတ်နိုင်ဆုံးပါ, မရှိရင် Mask ၂ထပ်တပ်ပြီး​တော့​နေပြီး အသုံးပြုနိုင်ပါတယ်။ တံခါးလက်ကိုင်​တွေနဲ့ ထိ​တွေ့ခဲ့တဲ့​နေရာ​တွေအားလုံးကို အရက်ပြန် နဲ့ဖြန်း​ပေးပါ)

လေဝင်လေထွက်ကောင်းတဲ့​နေရာမှာ​​နေပါ တံခါး​တွေ ဖွင့်ထား​ပေးပါ။

အာဟာရပြည့်ဝစွာ စားသောက်ပါ(ကြက်ပေါင်း,ငှက်သိုက်, Vitamin C ပြည့်ဝ​သောအသီးအနှံ)

ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ

ဓါတ်ဆားသောက်ပါ

Oximeter-SPO2,

Blood Pressure Monitor( ​သွေး​ပေါင်ချိန်),Temperature တိုင်းရန် ​​တ​နေ့ ၃ -၄ ကြိမ်တိုင်း​ပေးပါ

OximeterမှSPO2-Oxygen 90 အောက် ရောက်လာမှသာ Oxygen စ​ပေးဖို့လိုပါမယ်။

(***ဒါ​ကြောင့်မို့ Positive ဖြစ်သူတိုင်း Oxygen လုံးဝလိုအပ်တယ်ဆိုတာ မဟုတ်ပါဘူး****)

လူငယ်​တွေနဲ့ကိုယ်ခံအား​ကောင်းသူ​တွေမှာ Oxygen မကျဘဲ ပြန်​ကောင်းလာနိုင်ပါတယ်။

ဒါ​ကြောင့်မို့ Oxygen အိမ်တိုင်းအလျင်စလိုဝယ်တာ​ဆောင်တာ​တွေလုပ်ဖို့ မလိုပါဘူး။

ဘာ​ဆေး​တွေ ​ဆောင်ထားသင့်လဲ???

ဖျားရင်-Paracetamol တစ်နေ့ ၃ကြိမ်( အစာနှင့်)

(အစာအိမ်ရောဂါ အခံရှိရင် Pantocid or Omez နဲ့တွဲသောက်ပါ)

နှာစေးရင်Dazit or Lorantidine 5 mg ၁လုံး တ​​စ်နေ့ ၂ကြိမ် ​သောက်နိုင်ပါတယ်။

လည်ပင်းနာလျှင်~

Betadine throat spray အာ​ခေါင်ကိုဖြန်းပါ။

-Mybacin lozanges

-ရေနွေးနဲ့ ဆား အာလုတ်ကျင်းပါ။

ချောင်းဆိုရင်~

bronchest or attusin tablets တနေ့၃ကြိမ်

အဖျားကြီးရင် ရေပတ်တိုက်ရန်(နဖူး,ဂျိုင်းကြား,ပေါင်ခြံကြား) ရေအေးဝတ်နဲ့တိုက်ပါ။

ကိုယ်ခံအားမြှင့်တင်​ပေးတဲ့​ဆေးဝါး​တွေကို ​တ​​​စ်နေ့တလုံး​​​သောက်နိုင်ပါတယ်

ImunActiv or immusense ၁နေ့၁ကြိမ်

Enervon C or vitacee တစ်နေ့တစ်ကြိမ်သို့မဟုတ် VitaminC 500mg

Vitamin D3 20mg

Becozinc တ​စ်နေ့ တစ်လုံး ​​​သောက်ပါ။

​Positive မဖြစ်​သေးတဲ့သူ​​တွေဘယ်လိုကာကွယ်ကြမလဲ

ကိုယ်ခံအားကောင်းအောင်အာဟာပြည့်အောင် စားသောက်ပါ။

အိပ်ရေးဝအောင် အိပ်စက်ပါ။

ကျန်းမာ​ရေး ညွှန်ကြားချက်များ အမြဲလေ့လာပါ။

အပြင်သွားရင် သို့မဟုတ် ​ရောဂါရှိသူနဲ့အိမ်မှာ တူတူ​နေရရင်Double Mask အမြဲဝတ်ဆင်ပါ။

-၆​ပေအကွာမှ စကားပြောပါ။

အတတ်နိုင်ဆုံးအိမ်မှာ​နေပါ။

လက်ကိုခဏခဏဆေးပါ။

အရက်ဖြန် Spray , Hand Sanitizer အမြဲသုံးပါ။

နှာစေးချောင်းဆိုးရင် ပုဝါကာပါ Mask တပ်ထားပါ။

မိမိကစ ကာကွယ်ဖို့လိုပါမယ်။

တရားထိုင်ပါ။

အသက်ရှုလေ့ကျင့်ခန်း တစ်ခုခုလုပ်ရန်(အဆုတ်သန့် အဆုတ်အားကောင်းစေသော)

အ​ရေးအကြီးဆုံးက​တော့ Facebook ​ပေါ်က စိုးရိမ်စရာ သတင်း​တွေ​ကြောင့် စိတ်ဖိစီးမှု​​တွေ စိုးရိမ်မှု​တွေ ​​လျှော့ချ​စေချင်ပါတယ်******

စိတ်နဲ့ ကိုယ်ခံအားနဲ့ အရင်တိုက်ရမယ့်​ရောဂါပါ​နော်

-ချစ်ခင်ရတဲ့သူ​တွေ နဲ့ မိတ်​ဆွေ​တွေကို အား​ပေးစကား အမြဲ​ပြော​ပေးပါ​နော်။အားလုံး ​​ရောဂါကပ်ဆိုး​တွေ အဆိုး​တွေကြားမှာ စိတ်ဓါတ်ခိုင်မာစွာနဲ့ ​ကျော်ဖြတ်ကြရပါမယ်အားတင်းထားပါ မြန်မာ🙏🙏🙏 (ပုံစာ _ ​​ဆေး​ကျောင်းသူဘဝ ၂၀၁၁_၂၀၁၂) ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

နီနီရေးသားထားတဲ့ အချက်အလက်တွေဟာ တကယ်ကို အသုံးဝင်လောက်မယ့် နည်းလမ်းတွေဖြစ်ပြီးရောဂါမဖြစ်ဖို့ ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါတယ်။ ပြည်သူများအားလုံး ကျရောက်နေတဲ့ ကပ်ဆိုးကြီးဘေးမှအမြန်ဆုံးကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ni Nin Khin Zaw