ၾကားသိရသမွ်

အမေစုရဲ့ ကူညီမှုကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကောကရိတ်က ဖခင်တစ်ယောက်ရဲ့ ကျေးဇူးတင်လွှာ

အေမစုရဲ႕ ကူညီမႈေၾကာင့္ သမီးေလးအသက္ကို ကယ္တင္ေပးႏိုင္ခဲ့သည့္ ေကာကရိတ္က ဖခင္တစ္ေယာက္ရဲ႕ ေက်းဇူးတင္လႊာ

အေမစုေက်းဇူးေၾကာင့္ သမီးေလးအသက္ကို ကယ္တင္ေပးႏိုင္ခဲ့တယ္။ၾကည္ႏူးပီတိျဖစ္ရပါသည္။ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ (၂၄.၂.၂၀၂၀)ရက္ေန႔၊ ေကာ့ကရိတ္ၿမိဳ႕တြင္က်င္းပခဲ့ေသာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္အေမေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေဒသခံျပည္သူလူထုေတြ႕ဆုံပြဲ၌ ကြၽန္ေတာ္ဦးေမာင္၀င္းမွကြၽန္ေတာ္၏သမီးေလး မစႏၵာ၀င္း(ဒု/ႏွစ္၊ ဘားအံတကၠသိုလ္) ခံစားေနရေသာႏွလုံးေရာဂါႏွင့္ ေငြေၾကးမတတ္ႏိုင္သည့္အေပၚကုသရာတြင္ကူညီေပးႏိုင္ပါရန္စာေရးသားေပးပို႔ တင္ျပခဲ့ပါသည္။

အေမစုမွ စာကို ဖတ္ရႈ႕ၿပီးကရင္ျပည္နယ္လူမႈေရး၀န္ႀကီး ဦးဘိုဘိုေဝေမာင္အား ကူညီေဆာင္႐ြက္ေပးရန္ တာ၀န္လႊဲေပးလိုက္ပါသည္ ဦးဘိုဘိုေဝေမာင္မွလည္း အစမွအဆုံး လိုအပ္သည္မ်ားကူညီေဆာင္႐ြက္ေပးပါသည္

ယခုလ ၁၃.၈.၂၀၂၀ ရက္ေန႔တြင္ ကြၽန္ေတာ္၏ သမီးအား ရန္ကုန္ေဆး႐ုံႀကီးႏွလုံးေရာဂါဌာနတြင္ ေအာင္ျမင္စြာခြဲစိတ္ကုသခဲ့ၿပီးျဖစ္သည္ယခုဓါတ္ပုံအရ သမီးေလးေအာင္ျမင္စြာခြဲစိတ္ၿပီး က်န္းက်န္းမာမာလန္းလန္းဆန္းဆန္း ျဖစ္ေနသည္ကိုေတြ႕ရသည္အတြက္မ်ားစြာ၀မ္းေျမာက္၀မ္းသာျဖစ္ရပါသည္။

သမီး အသက္ကိုကယ္တင္ေပးခဲ့တဲ့ အေမစု၊ေငြေၾကးမတတ္ႏိုင္သည့္အေပၚလိုေလေသးမရွိေအာင္ ကူညီေပးခဲ့တဲ့ ကရင္ျပည္နယ္လူမႈေရး၀န္ႀကီးဦးဘိုဘိုေဝေမာင္၊ရန္ကုန္ေဆး႐ုံႀကီးႏွလုံးေရာဂါဌာနမွ ခြဲစိတ္အထူးကုဆရာ၀န္ႀကီးႏွင့္ ဆရာ၀န္မ်ား၊သူနာျပဳမ်ားအားလုံးကို အစဥ္ က်န္းမာခ်မ္းသာေစေၾကာင္းလက္ဆယ္ျဖာထိပ္မွာမိုး၍ သမီး မစႏၵာ၀င္းမွ႐ိုက်ိဳးရွိခိုးကန္ေတာ့ပါတယ္၊အေမစု က်န္းမာပါေစ၊ အေမစုေအာင္ျမင္ပါေစ၊

သမီး မစႏၵာ၀င္း၊အမွတ္(၂)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္း၊၀င္းႀကီးရပ္၊ ေကာ့ကရိတ္ၿမိဳ႕၊ ကရင္ျပည္နယ္၊

@Dawna Aungtoe

အမေစုရဲ့ ကူညီမှုကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကောကရိတ်က ဖခင်တစ်ယောက်ရဲ့ ကျေးဇူးတင်လွှာ

အမေစုကျေးဇူးကြောင့် သမီးလေးအသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်။ကြည်နူးပီတိဖြစ်ရပါသည်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ (၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင်ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အမေဒေါ်အောင်ဆန်းစုကြည်နှင့်

ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်ဝင်းမှကျွန်တော်၏သမီးလေး မစန္ဒာဝင်း(ဒု/နှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန်စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီးကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက်ပေးရန် တာဝန်လွှဲပေးလိုက်ပါသည် ဦးဘိုဘိုဝေမောင်မှလည်း အစမှအဆုံး လိုအပ်သည်များကူညီဆောင်ရွက်ပေးပါသည်

ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်ယခုဓါတ်ပုံအရ သမီးလေးအောင်မြင်စွာခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်း ဖြစ်နေသည်ကိုတွေ့ရသည်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။

သမီး အသက်ကိုကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့်အပေါ်လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်းလက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာဝင်းမှရိုကျိုးရှိခိုးကန်တော့ပါတယ်၊အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ၊

သမီး မစန္ဒာဝင်း၊အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ဝင်းကြီးရပ်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊

@Dawna Aungtoe