ၾကားသိရသမွ်

တာဝန်ရှိအစိုးရက ဒီမိုကရေစီလမ်းကြောင်းကိုသွေဖယ်မသွားအောင်ဆောင်ရွက်နေကြောင်း ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့PPP ပါတီထုတ်ပြန်

တာဝန်ရှိအစိုးရက ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်မသွားဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ PPP ပါတီထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကို တာဝန်ရှိအစိုးရက ထိန်းသိမ်းဆောင်ရွက်နေတဲ့ အနေအထားဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်မသွားဖို့နဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း ပန်ကြားလွှာ မှာရေးသားထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင် ကလူကယ်ပြန် ဝန်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

အခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ပြည်တွင်းအကျိုးသက်ဆိုင်သူတွေနဲ့သာ ဝိုင်းဝန်းအဖြေရှာနိုင်မှာ ဖြစ်တယ်လို့ လူကယ်ပြန်ဝန်ကြီးအဖြစ်တာဝန်ယူနေတဲ့ ဒေါ်သက်သက်ခိုင် ပါတီကအခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ASEAN Charter မှာဖော်ပြထားသလို လွတ်လပ်မှု၊ အချုပ်အခြာပိုင်ဆိုင်မှု၊ သာတူညီမျှမှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမြိုးသားရေးလက္ခဏာမှု စတဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုကို အလေးထားဆောင်ရွက်တဲ့အနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အပေါ် အပြုသဘောဆောင်တဲ့ အကြံပြုကူညီ ဆောင်ရွက်တာတွေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုတယ်လို့ PPP ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zawgyi

တာ၀န်ရှိအစိုးရက ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်မသွားဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ PPP ပါတီထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကို တာ၀န်ရှိအစိုးရက ထိန်းသိမ်းဆောင်ရွက်နေတဲ့ အနေအထားဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်မသွားဖို့နဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း ပန်ကြားလွှာ မှာရေးသားထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင် ကလူကယ်ပြန် ၀န်ကြီးအဖြစ်တာ၀န်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

အခုဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ပြည်တွင်းအကျိုးသက်ဆိုင်သူတွေနဲ့သာ ဝိုင်း၀န်းအဖြေရှာနိုင်မှာ ဖြစ်တယ်လို့ လူကယ်ပြန်၀န်ကြီးအဖြစ်တာ၀န်ယူနေတဲ့ ဒေါ်သက်သက်ခိုင် ပါတီကအခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ASEAN Charter မှာဖော်ပြထားသလို လွတ်လပ်မှု၊ အချုပ်အခြာပိုင်ဆိုင်မှု၊ သာတူညီမျှမှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမြိုးသားရေးလက္ခဏာမှု စတဲ့အဖွဲ့၀င်နိုင်ငံတစ်ခုကို အလေးထားဆောင်ရွက်တဲ့အနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အပေါ် အပြုသဘောဆောင်တဲ့ အကြံပြုကူညီ ဆောင်ရွက်တာတွေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုတယ်လို့ PPP ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။