ၾကားသိရသမွ်

သတင်း ၂ ခု ဆက်တိုက် တက်လာ… ဗိုလ်ချုပ်ရာပြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတယ်

မေတြေဝၾကနဲ႔

ဒီရက္ပိုင္း ထူးျခားတဲ့ သတင္း ၂ ခု ဆက္တိုက္ တက္လာတယ္။ တေန႔က ဗိုလ္ခ်ဳပ္ရာျပည့္နဲ႔ ဖမ္းဆီးထိမ္းသိမ္းခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕တယ္ဆိုတယ္။
ဒီေန႔ထပ္ၿပီး တက္လာတာက အာဏာသိမ္း စစ္ေခါင္းေဆာင္နဲ႔ ေတြ႕တယ္လို့ ထပ္ဆိုျပန္တယ္။

၁၉၈၈ ခုႏွစ္ကတည္းက ဒီလိုအကြက္ေတြကို စစ္ေခါင္းေဆာင္ေတြ အဆက္ဆက္ က်င့္သုံးလာခဲ့တာ မရိုးမအီနိုင္ေသးဘူး။ ဒါမ်ိဳးေတြ ကိုယ္ေတြအတြက္ ရိုးအီေနလြန္းလို့ သနားတယ္လို့ ဆိုလိုက္ပါရေစ။

ဒါက ျပည္တြင္း၊ ျပည္ပကို အာ႐ုံလႊဲဖို့ ႀကိဳးစားတဲ့ ဟန္ျပသတင္းေဖာက္ထုတ္မွု သက္သက္၊ အခ်ိန္ဆြဲ နည္းဗ်ဴဟာတစ္ခုမၽွသာျဖစ္တယ္။ဒီေတာ့ ဒီအေပၚ ေတြေဝေနစရာမလို။ ေသြးေႂကြးမွာ ေဆြးေႏြးစရာမရွိဆိုတဲ့ လူထုရဲ့အသံက မိုးသို့ဟိန္းညံေနတယ္ဆိုတာလည္း သတိထားဖို့လိုမယ္။

အားလုံးကို သတိရွိေစခ်င္တဲ့ အဓိက အခ်က္တစ္ခုကို ေျပာပါ့မယ္။ စစ္အာဏာသိမ္းတဲ့ေန႔က ဦးဝင္းထိန္ရဲ့အသက္နဲ႔ရင္းၿပီး အာမခံတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့သေဘာထားထုတ္ျပန္ခ်က္ဆိုတာ ေသခ်ာ ျပန္ဖတ္ၾကည့္ၾကပါ။

“တပ္မေတာ္မွ အာဏာသိမ္းျခင္းကို ျပည္သူလူထုအေနျဖင့္ လုံးဝ လက္မခံပဲ တခဲနက္ ဆန႔္က်င္တုံ႔ျပန္ၾကပါရန္ တိုက္တြန္းလိုက္ပါသည္။ ျပည္သူသာလၽွင္ အဓိက ျဖစ္ပါသည္။”

” ေအာင္ဆန္းစုၾကည္”

ဒီ အစာ အသြားအလာကို ေသခ်ာ နားလည္ၾကရင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြနဲ႔ေတြ႕ဆုံတယ္ဆိုတဲ့သတင္းေတြအေပၚ ေတြေဝ စရာ မရွိဘူးဆိုတာ ရွင္းရွင္းလင္းလင္း အသိေပးပါရေစ။

ဒါေတြ ဘာေၾကာင့္ လုပ္လာေနလဲဆိုတာ ျပန္ၾကည့္ေစခ်င္တယ္။စစ္ေခါင္းေဆာင္ ဗိုလ္မင္းေအာင္လွိုင္ဟာ သူ႔ကိုယ္က်ိဳးစီးပြားနဲ႔ သမၼတ ျဖစ္ခ်င္လြန္းတဲ့သူ႔မိုက္႐ူးရဲ အိပ္မက္ကို အေကာင္ အထည္ေဖာ္ဖို့ အာဏာသိမ္းလိုက္တာ တခ်ိန္က စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ ၁၄ ႏွစ္ေက်ာ္ အခ်ိန္ဆြဲၿပီး ေရးခဲ့တဲ့ စစ္တပ္နဲ႔ စစ္ေခါင္းေဆာင္ေတြကို အကာအကြယ္ေပးထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံပ်က္သြားတဲ့အထိ နိုင္ငံေရး ကစင့္ကလ်ား ျဖစ္ခဲ့ရၿပီ။

ဒီေတာ့ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြလည္း သူတို့ ကိုယ္ပို္င္စီးပြားေရးေတြ အေတာ္ထိခိုက္ကုန္ၾကၿပီ။တပ္တြင္းက ေအာက္ေျခ အရာရွိ၊ အရာခံ အၾကပ္တပ္သားေတြလည္း လူထုရဲ့အမုန္းကို ခါးသည္းစြာ ရင္ဝယ္ပိုက္ရင္း အေၾကာက္တရားေတြနဲ႔ ေန႔မအိပ္ရ၊ ညမအိပ္ရျဖစ္ကုန္ရၿပီ။

အခု တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ၊ NUG & CRPH၊ နိုင္ငံေရးအင္အားစုေတြဟာ အာဏာသိမ္း စစ္ေခါင္းေဆာင္နဲ႔ လူတစ္စုရဲ့အကြက္ေတြကို ႀကိဳသိေနလို့ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု ပဋိညာဥ္ေရးဆြဲၿပီး စစ္အာဏာရွင္နဲ႔ သူတို့ရဲ့ အသက္အိုးအိမ္စည္းစိမ္ေတြကို အကာအကြယ္ေပးေနခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံကို ပယ္ဖ်က္ပစ္ခဲ့တာ။

၂၀၀၈ ဖြဲ႕စည္းပုံကို ဖ်က္သိမ္းပစ္ၿပီးေနာက္မွာ နိုင္ငံတကာ က အသိအမွတ္ျပဳထားတဲ့ ၂၀၂၀ ေရြးေကာက္ပြဲ ရလာဒ္ အရ ျဖစ္ေပၚလာတဲ့ CRPH ကေန တစ္ဆင့္ အမ်ိဳးသား ညီညြတ္ေရး အတိုင္ပင္ခံ ေကာင္စီအတြင္း တိုင္ပင္ေဆြးေႏြးၿပီး အမ်ိဳးသား ညီညြတ္ေရး အစိုးရ NUG ဆိုတာ ဖြဲ႕စည္းတာဝန္ေပးခဲ့တာ။

ဒါကို တိုင္းရင္းသားေခါင္းေဆာင္ေတြလည္း အသိအမွတ္ျပဳ ပူးေပါင္းၿပီး စစ္အာဏာရွင္ အျမစ္ျပတ္ေခ်မွုန္းေရးနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု ေဖာ္ေဆာင္ေရးေတြအတြက္ အတူလက္တြဲကာ စစ္ေကာင္စီကို ဆန႔္က်င္တိုက္ဖ်က္ေခ်မွုန္းလာေနၾကတယ္။

ဒီလိုအေျခအေနမွာ ထူးျခားတဲ့ ျဖစ္စဥ္တခ်ိဳ့နဲ႔ စစ္ေကာင္စီအတြက္ မထင္မွတ္ထားတဲ့ လူထုဘက္က တုံ႔ျပန္မွုေတြ ဆက္တိုက္ေပၚထြက္လာခဲ့တယ္။ စစ္ေကာင္စီဟာ လူမဆန္စြာ ရက္ရက္စက္စက္နဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚသတ္ျဖန္မွုေၾကာင့္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ အလ်ိဳအလ်ိဳေပၚထြက္လာၿပီး လက္တုံ႔ျပန္မွုေတြ ဆက္တိုက္ျဖစ္ေပၚလာတယ္။
ဒီေတာ့လည္း တပ္က ပ်က္ၿပီး တပ္နဲ႔ ရဲ အသိုင္းအဝိုင္း၊ အုပ္ႀကီး အသိုင္းအဝိုင္းေတြပါ ေသြးပ်က္ကုန္ၾကတယ္။တၿပိဳင္တည္း နိုင္ငံတကာ သံတမန္ေရးဖက္မွာလည္း ဆက္တို္က္အေရးနိမ့္လာေတာ့ ထြက္ေပါက္ေတြ အေရးေပၚႀကံရဖန္ရ နည္းေဟာင္းေတြ သုံးရတယ္။

ဒါမ်ိဳးေတြ ရိုးေနၿပီကြာလို့ေျပာပါရေစ။ ေတြေဝစရာ မလို၊ ျပည္သူေတြ မေတြေဝဘူးဆိုတာ ယုံၾကည္ၿပီးသား။

ေလးစားတန္ဘိုးထားလၽွက္ ….လင္းသန႔္ ..ပရာဟာ။

——————–

မတွေဝေကြနဲ့

ဒီရက်ပိုင်း ထူးခြားတဲ့ သတင်း ၂ ခု ဆက်တိုက် တက်လာတယ်။ တနေ့က ဗိုလ်ချုပ်ရာပြည့်နဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတယ်။
ဒီနေ့ထပ်ပြီး တက်လာတာက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့တယ်လို့ ထပ်ဆိုပြန်တယ်။

၁၉၈၈ ခုနှစ်ကတည်းက ဒီလိုအကွက်တွေကို စစ်ခေါင်းဆောင်တွေ အဆက်ဆက် ကျင့်သုံးလာခဲ့တာ မရိုးမအီနိုင်သေးဘူး။ ဒါမျိုးတွေ ကိုယ်တွေအတွက် ရိုးအီနေလွန်းလို့ သနားတယ်လို့ ဆိုလိုက်ပါရစေ။

ဒါက ပြည်တွင်း၊ ပြည်ပကို အာရုံလွှဲဖို့ ကြိုးစားတဲ့ ဟန်ပြသတင်းဖောက်ထုတ်မှု သက်သက်၊ အချိန်ဆွဲ နည်းဗျူဟာတစ်ခုမျှသာဖြစ်တယ်။ဒီတော့ ဒီအပေါ် တွေဝေနေစရာမလို။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ လူထုရဲ့အသံက မိုးသို့ဟိန်းညံနေတယ်ဆိုတာလည်း သတိထားဖို့လိုမယ်။

အားလုံးကို သတိရှိစေချင်တဲ့ အဓိက အချက်တစ်ခုကို ပြောပါ့မယ်။ စစ်အာဏာသိမ်းတဲ့နေ့က ဦးဝင်းထိန်ရဲ့အသက်နဲ့ရင်းပြီး အာမခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားထုတ်ပြန်ချက်ဆိုတာ သေချာ ပြန်ဖတ်ကြည့်ကြပါ။

“တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝ လက်မခံပဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ ပြည်သူသာလျှင် အဓိက ဖြစ်ပါသည်။”

” အောင်ဆန်းစုကြည်”

ဒီ အစာ အသွားအလာကို သေချာ နားလည်ကြရင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတယ်ဆိုတဲ့သတင်းတွေအပေါ် တွေဝေ စရာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးပါရစေ။

ဒါတွေ ဘာကြောင့် လုပ်လာနေလဲဆိုတာ ပြန်ကြည့်စေချင်တယ်။စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ဟာ သူ့ကိုယ်ကျိုးစီးပွားနဲ့ သမ္မတ ဖြစ်ချင်လွန်းတဲ့သူ့မိုက်ရူးရဲ အိပ်မက်ကို အကောင် အထည်ဖော်ဖို့ အာဏာသိမ်းလိုက်တာ တချိန်က စစ်ဗိုလ်ချုပ်ဟောင်းတွေ ၁၄ နှစ်ကျော် အချိန်ဆွဲပြီး ရေးခဲ့တဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပျက်သွားတဲ့အထိ နိုင်ငံရေး ကစင့်ကလျား ဖြစ်ခဲ့ရပြီ။

ဒီတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း သူတို့ ကိုယ်ပိုင်စီးပွားရေးတွေ အတော်ထိခိုက်ကုန်ကြပြီ။တပ်တွင်းက အောက်ခြေ အရာရှိ၊ အရာခံ အကြပ်တပ်သားတွေလည်း လူထုရဲ့အမုန်းကို ခါးသည်းစွာ ရင်ဝယ်ပိုက်ရင်း အကြောက်တရားတွေနဲ့ နေ့မအိပ်ရ၊ ညမအိပ်ရဖြစ်ကုန်ရပြီ။

အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ NUG & CRPH၊ နိုင်ငံရေးအင်အားစုတွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ လူတစ်စုရဲ့အကွက်တွေကို ကြိုသိနေလို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပဋိညာဉ်ရေးဆွဲပြီး စစ်အာဏာရှင်နဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးနေခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ပစ်ခဲ့တာ။

၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်ပြီးနောက်မှာ နိုင်ငံတကာ က အသိအမှတ်ပြုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ် အရ ဖြစ်ပေါ်လာတဲ့ CRPH ကနေ တစ်ဆင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီအတွင်း တိုင်ပင်ဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဆိုတာ ဖွဲ့စည်းတာဝန်ပေးခဲ့တာ။

ဒါကို တိုင်းရင်းသားခေါင်းဆောင်တွေလည်း အသိအမှတ်ပြု ပူးပေါင်းပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးတွေအတွက် အတူလက်တွဲကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ဖျက်ချေမှုန်းလာနေကြတယ်။

ဒီလိုအခြေအနေမှာ ထူးခြားတဲ့ ဖြစ်စဉ်တချို့နဲ့ စစ်ကောင်စီအတွက် မထင်မှတ်ထားတဲ့ လူထုဘက်က တုံ့ပြန်မှုတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့တယ်။ စစ်ကောင်စီဟာ လူမဆန်စွာ ရက်ရက်စက်စက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ်သတ်ဖြန်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလျိုအလျိုပေါ်ထွက်လာပြီး လက်တုံ့ပြန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်။


ဒီတော့လည်း တပ်က ပျက်ပြီး တပ်နဲ့ ရဲ အသိုင်းအဝိုင်း၊ အုပ်ကြီး အသိုင်းအဝိုင်းတွေပါ သွေးပျက်ကုန်ကြတယ်။တပြိုင်တည်း နိုင်ငံတကာ သံတမန်ရေးဖက်မှာလည်း ဆက်တိုက်အရေးနိမ့်လာတော့ ထွက်ပေါက်တွေ အရေးပေါ်ကြံရဖန်ရ နည်းဟောင်းတွေ သုံးရတယ်။

ဒါမျိုးတွေ ရိုးနေပြီကွာလို့ပြောပါရစေ။ တွေဝေစရာ မလို၊ ပြည်သူတွေ မတွေဝေဘူးဆိုတာ ယုံကြည်ပြီးသား။

လေးစားတန်ဘိုးထားလျှက် ….လင်းသန့် ..ပရာဟာ။