ၾကားသိရသမွ်

လာမည့်တနင်္လာနေ့တွင် သရုပ်ဆောင်ရဲထိုက်ကို ရုံးထုတ်စစ်ဆေးတော့မည်

သရုပ်​ဆောင် ရဲတိုက်ကို စစ်​ကောင်စီ မှ ပုဒ်မ (၅၀၅-က)ဖြင့် ဧပရယ် လ အတွင်းက ဖမ်းဆီး ထားခဲ့ပြီး ထိုသို့ ဖမ်းဆီးချိန်တွင် စိတ်ကြွ​ဆေးပြား​တွေ့ရှိသည်ဟု ဆိုကာ

မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်စစ်ဆေးဖို့ရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေ

ပညာရှင်တွေကပြောပါသည်။

သရုပ်​ဆောင် ရဲတိုက်သည် ​တော်လှန်​ရေး အစပိုင်းတွင် ​​ရှေ့ဆုံး ဒိုင်းကာ အဖွဲ့မှာ အမြဲ လိုလို ဦး​ဆောင် ပါဝင်ခဲ့သူ တ​ယောက်ဖြစ်ပြီး မီဒီယာ အင်တာဗျူးတခုတွင် စစ်​

ကောင်စီကို တိုက်ခိုက်တဲ့ စကား​တွေ ​ဖြေကြားခဲ့လို့ နိုင်ငံ​တော်အကြည်ညို ပျက်​စေမှုနဲ့ စစ်​ကောင်စီက ဖမ်းခဲ့တာ လို့ ဆိုပါတယ်။

ရန်ကုန်မြို့သမိုင်းလမ်းဆုံမှာ သရုပ်ဆောင်ရဲတိုက်ကိုဖမ်းဆီးရမိခဲ့ပြီးသူနဲ့အတူ စိတ်ကြွဆေးပြား ၁၀ပြားကို အတူတွေ့ရှိရတယ်ဆိုပြီး မူးယစ်ပုဒ်မ ၁၆ (ဂ)နဲ့ထပ်မံ

တရားစွဲဆိုခဲ့တယ်လို့ အမှုကိုကူညီပေးနေတဲ့ဥပဒေပညာရှင်တွေက ပြောပါတယ်။

“ကိုရဲတိုက်ကျန်းမာရေးကောင်းမွန်ပါတယ်။ အခုတရားရုံးချိန်းတွေလိုက်နေရင်းကြားသိခဲ့ရတဲ့အခြေအနေတွေအရ နစကကနေ အနုပညာရှင်တွေအပါအဝင် စွဲဆို

ထားတဲ့အမှုတွေကိုပြန်လည်စိစစ်နေတယ်။ စိစစ်ပြီးရင် အဆင့်အလိုက် အမှုရုပ်သိမ်းပြီး

ဖြေလျှော့မှုလုပ်သွားမယ်လို့သတင်းကောင်းကြားရပါတယ်။ ရက်သိပ်မကြာခင်ဖြစ်နိုင်မယ်ဆိုတဲ့သတင်းကြားထားရပါတယ်။ အဲ့ဒီလိုရုပ်သိမ်းမှုမလုပ်ခင်တော့ အထူး

တရားရုံးတွေမှာစွဲဆိုထားတဲ့အမှုတွေကိုပုံမှန် စစ်ဆေးနေမယ်။

အမှုအသွားအလာကိုတော့ ကြိုတင်မှတ်ချက်ပေးလို့မရသေးပါဘူး”လို့ ကိုရဲတိုက်အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ​ပြောခဲ့ခြင်း

ဖြစ်သည်။

——–

သ႐ုပ္​ေဆာင္ ရဲတိုက္ကို စစ္​ေကာင္စီ မွ ပုဒ္မ (၅၀၅-က)ျဖင့္ ဧပရယ္ လ အတြင္းက ဖမ္းဆီး ထားခဲ့ၿပီး ထိုသို႔ ဖမ္းဆီးခ်ိန္တြင္ စိတ္ႂကြ​ေဆးျပား​ေတြ႕ရွိ

သည္ဟု ဆိုကာ မူးယစ္ပုဒ္မ ၁၆ (ဂ) နဲ႔ပါ ထပ္မံတရားစြဲဆိုခံထားရျခင္း ျဖစ္သည္။

သ႐ုပ္ေဆာင္ရဲတိုက္ကို အင္းစိန္ေထာင္တြင္း အထူးတရား႐ုံးမွာ စက္တင္ဘာ ၂၀ ရက္ေန႔မွာ စတင္စစ္ေဆးဖို႔ရွိတယ္လို႔ အမႈကိုလိုက္ပါေဆာင္႐ြက္ေနတဲ့ ဥပေဒ

ပညာရွင္ေတြကေျပာပါသည္။

သ႐ုပ္​ေဆာင္ ရဲတိုက္သည္ ​ေတာ္လွန္​ေရး အစပိုင္းတြင္ ​​ေရွ႕ဆုံး ဒိုင္းကာ အဖြဲ႕မွာ အၿမဲ လိုလို ဦး​ေဆာင္ ပါဝင္ခဲ့သူ တ​ေယာက္ျဖစ္ၿပီး မီဒီယာ အင္တာဗ်ဴးတခု

တြင္ စစ္​ေကာင္စီကို တိုက္ခိုက္တဲ့ စကား​ေတြ ​ေျဖၾကားခဲ့လို႔ ႏိုင္ငံ​ေတာ္အၾကည္ညိဳ ပ်က္​ေစမႈနဲ႔ စစ္​ေကာင္စီက ဖမ္းခဲ့တာ လို႔ ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕သမိုင္းလမ္းဆုံမွာ သ႐ုပ္ေဆာင္ရဲတိုက္ကိုဖမ္းဆီးရမိခဲ့ၿပီးသူနဲ႔အတူ စိတ္ႂကြေဆးျပား ၁၀ျပားကို အတူေတြ႕ရွိရတယ္ဆိုၿပီး မူးယစ္ပုဒ္မ ၁၆

(ဂ)နဲ႔ထပ္မံတရားစြဲဆိုခဲ့တယ္လို႔ အမႈကိုကူညီေပးေနတဲ့ဥပေဒပညာရွင္ေတြက ေျပာပါတယ္။

“ကိုရဲတိုက္က်န္းမာေရးေကာင္းမြန္ပါတယ္။ အခုတရား႐ုံးခ်ိန္းေတြလိုက္ေနရင္းၾကားသိခဲ့ရတဲ့အေျခအေနေတြအရ နစကကေန အႏုပညာရွင္ေတြ

အပါအဝင္ စြဲဆိုထားတဲ့အမႈေတြကိုျပန္လည္စိစစ္ေနတယ္။ စိစစ္ၿပီးရင္ အဆင့္အလိုက္ အမႈ႐ုပ္သိမ္းၿပီး

ေျဖေလွ်ာ့မႈလုပ္သြားမယ္လို႔သတင္းေကာင္းၾကားရပါတယ္။ ရက္သိပ္မၾကာခင္ျဖစ္ႏိုင္မယ္ဆိုတဲ့သတင္းၾကားထားရပါတယ္။ အဲ့ဒီလို႐ုပ္သိမ္းမႈမလုပ္ခင္ေ

တာ့ အထူးတရား႐ုံးေတြမွာစြဲဆိုထားတဲ့အမႈေတြကိုပုံမွန္ စစ္ေဆးေနမယ္။

အမႈအသြားအလာကိုေတာ့ ႀကိဳတင္မွတ္ခ်က္ေပးလို႔မရေသးပါဘူး”လို႔ ကိုရဲတိုက္အမႈကိုလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ဥပေဒအႀကံေပးဦးခင္ေမာင္ျမ

င့္က ​ေျပာခဲ့ျခင္း ျဖစ္သည္။