ရင်သား ကြီးခြင်း၏ နောက်ကွယ်(မိန်းကလေးများအထူးဖတ်ရန်)
အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။
ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး
တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။
အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ
ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။
အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့်
အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ
အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော
လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။
“အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့
ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟု ကြည့်မြင်တိုင် ညဈေးတွင် အလှကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသူ
အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့မှ ရင်သားလှပစေသော ပစ္စည်းများ အများဆုံးဝင်
ရောက်နေသည်ကို တွေ့ရပြီး ဈေးနှုန်းများမှာ ထုတ်လုပ်သည့် နိုင်ငံပေါ် မူတည်၍ ကွဲပြားမှု ရှိသည် ကို တွေ့ရသည်။
ရင်သားလှပအောင် သုံးစွဲသော ဆေးများမှာ လိမ်းဆေးများ အပြင် ဆပ်ပြာ၊ ဖျန်းဆေး စသည်များလည်း ရှိပြီး
ဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ် ၁၀၀၀ ဝန်းကျင်မှ သောင်းကျော်အထိ ရှိသည်ကို တွေ့မြင် ရသည်။
“ဆိုင်မှာတော့ ထိုင်းက ပစ္စည်းတွေပဲ တင်တယ်။ တခြားတရုတ်တို့ ဘာတို့လည်း အများကြီး ရှိသေးတယ်။
ဈေးနှုန်းတွေကတော့ ထိုင်းက ၄၀၀၀၊ ၄၅၀၀ ဝန်းကျင်လောက်၊ တရုတ်ပစ္စည်း ကျတော့ ၂၀၀၀ ကျော်လောက်ပဲ ရှိတယ်”
ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ရင်သားလူးဆေးများကို ဝယ်ယူ အသုံးပြုကြသူ အမျိုးသမီး အများစုမှာ ဆယ်ကျော်သက်
အရွယ်မှ စ၍ အသက် ၃၀ ဝန်းကျင် အမျိုးသမီးများ ဝယ်ယူကြကြောင်း အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ အများစုက ပြောဆိုသည်။
“အစ်မ ရင်သားလူးဆေးတွေ လူးခဲ့ဖူးတယ်။ အစ်မသူငယ်ချင်း တစ်ယောက် လက်ဆောင်ပေး လို့ပါ။
ဆေးအညွှန်းမှာ ပါတဲ့အတိုင်း လူးဖြစ်တယ်။ စလူးပြီးတစ်လလောက်မှာ တော်တော် သိသိသာသာ တင်းလာတယ်။
အစ်မလူးတာ ကတော့ side effect မရှိပါဘူး။ တစ်ဘူးပဲ လူးဖြစ်တာပါ။
ဆက်မလူး ဖြစ်တော့ အရင်အတိုင်း ပြန်ဖြစ်တာပါပဲ။
ဒီဆေး တွေက လူးမယ်ဆိုရင် ဆက်ပြီး လူးနေမှ အဆင်ပြေ မယ်ထင်တယ်”
ဟု ရင်သားလူးဆေး သုံးစွဲခဲ့သူ အသက် ၃၀ ကျော်အရွယ် မနေရီ (အမည်လွှဲ) က ဆိုသည်။
အဆိုပါ လူးဆေးများကို ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် အချို့ သုံးစွဲကြခြင်းမှာ အများစုသည်
ကိုယ်ခန္ဓာဟော်မုန်းများ သေချာ မဖွံ့ဖြိုးသေးချိန်တွင် ၎င်းတို့၏ ရင်သား သေးငယ်နေသည်ဟု ထင်ကာ သုံးစွဲကြခြင်းဖြစ်သည်။
ထိုကဲ့သို့ ရင်းသား လှပရန် လူးဆေးများ၊ ဆီလီကွန် ထည့်သွင်း၍ ခွဲစိတ်ခြင်းများ ပြုလုပ်ကြ ခြင်းမှာ
ရှိရင်းစွဲထက် ပိုမို၍ လှပလိုခြင်းနှင့် အခြား သော အကြောင်းအရင်းများစွာ ရှိသည်ကို တွေ့မြင် ရသည်။
ယင်းအပြင် အချို့သုံးစွဲသူများမှာ ၎င်းတို့ လုပ်ကိုင်လျက် ရှိသော အလုပ်အကိုင် အပေါ် မူတည် ၍ လိုအပ်ချက်အရ သုံးစွဲရခြင်းလည်းရှိသည်။
“လာဝယ်တဲ့သူတွေ ထဲမှာ တချို့ကတော့ တကယ်ကို အမျိုးသမီးတစ်ယောက် ရှိသင့်တဲ့ ရင်သား မရှိလို့
သုံးတဲ့သူတွေ ရှိသလို တချို့ကျတော့လည်း သူတို့ရဲ့ အလုပ်လိုအပ်ချက်ကြောင့် သုံးကြတဲ့သူတွေ ရှိတယ်။
လာဝယ်တဲ့ ကောင်မလေးတွေထဲမှာ KTV တို့၊ Sex Worker လုပ်တဲ့ ကောင်မလေးတွေလည်း ပါတယ်။
သူတို့ကျတော့ အလုပ်ကြောင့် ဝယ်သုံးကြ တာပေါ့”ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦး ကဆိုသည်။
အဆိုပါ လူးဆေးများကို မြန်မာနိုင်ငံ၌ အမျိုးသမီးများ စတင် အသုံးပြုခဲ့ကြသည်မှာ ၁၀ စုနှစ်ကျော် ကြာမြင့်ခဲ့ပြီဟုလည်း
သုံးစွဲသူများနှင့် ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
” လူးဆေးတွေကတော့ အန်တီတို့ငယ်ငယ် ၉၄ ခုနှစ်လောက်ကတည်းက ရှိတာပဲ။
အန်တီ့ အသိ တစ်ယောက် နိုင်ငံခြားသွားတုန်း က ဝယ်ခဲ့ပြီး လူးတာ သိရတယ်။
သူလူးတုန်းကတော့ ဆေးတွေ က ထိရောက်တယ်၊ Side Effect မရှိဘူးလို့တော့ ပြောတာပဲ။
နှစ်တွေကြာလာ မှ ဘေးထွက်ဆိုးကျိုး ပေါ်တာကတော့ ဖြစ်နိုင်ပါတယ်” ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်လေးတင့်က ဆိုသည်။
ယနေ့ခေတ်တွင် ရင်သားကြီးထွား တင်းရင်းရန် လူးသော ဆေးများ အပြင် ရင်သားအတွင်း ဆီလီကွန် ထည့်သွင်း၍
ခွဲစိတ်ပြုပြင်ခြင်းများ ပိုမို လုပ်ဆောင်လာကြသည်ကိုလည်း တွေ့မြင်ရသည်။
အဆိုပါ ရင်သား ခွဲစိပ်ပြုပြင်မှုကို မြန်မာ နိုင်ငံတွင် တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း
ယာယီလိုင်စင်များ ထုတ်ပေးနေပြီး ယခုအခါ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ခွဲစိတ်ပြုပြင် မှုများ ပြုလုပ်ပေးလျက် ရှိသည်။
ရင်သားတွင်းသို့ ဆီလီကွန်များ ထည့်သွင်း၍ ရင်သား အလှပြုပြင်ရာတွင် အနိမ့်ဆုံး ကုန်ကျစရိတ်
သိန်း ၄၀ ကျော် ကုန်ကျသည့် အတွက် မြန်မာနိုင်ငံ ၏ လက်ရှိဝင်ငွေ အနေအထားအရ
သာမန်လူလတ် တန်းစား အမျိုးသမီးများ လုပ်ဆောင်ကြရန် မလွယ် ကူဘဲ ငွေကြေး တတ်နိုင်သူများသာ ပိုမို လုပ်ဆောင် ကြသည်။
ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးထု၏ ၂၀ ရာခိုင်နှုန်းသည် ရင်သားအလှကို ပြုပြင်လိုကြပြီး
အနောက်နိုင်ငံများတွင် ပိုမို၍ ပြုပြင် ခွဲစိတ်လိုကြ ကာ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးထု၏
ထက်ဝက်ခန့်သည် ရင်သားပြုပြင်လိုကြသည် ဟု စစ်တမ်းများအရ သိရည်။
ရင်သားအတွင်း ဆီလီကွန် ထည့်သွင်းခြင်း သည် ပိုမိုမြန်ဆန်သော သက်ရောက်မှု ရှိသော်လည်း
ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးများ ရှိသည် ကို “ရင်သားခွဲစိတ်ပြီဆိုကတည်းက
ပထမဆုံး ခွဲရတဲ့ Side Effect ကြုံရတာပါပဲ။ ပြီးရင် တခြား ဘာတွေဖြစ်နိုင်သလဲဆိုရင် ဆီလီကွန် အမျိုးအစား ပေါ်မူတည်ပါတယ်။
ကိုယ် ထည့်တဲ့ ဆီလီကွန် မကောင်းရင် Pressure နိမ့်တဲ့ နေရာတွေ သွားလို့ မရဘူး။
ဖြစ်ခဲ ပေမယ့် လေယာဉ်တွေ ပေ ၂၀ç၀၀၀ ကျော်လောက် ရောက်ရင် မတော်တဆ ပေါက်ထွက် သွားနိုင်တယ်။
ပြီးတော့ Computer,TV တွေ အကြည့်များရင် လည်း Megnetic Wave ထွက်တဲ့အတွက် ခွဲစိတ် ထားတာ ကျုံ့သွားနိုင်တယ်။
ဒါပေမဲ့ ခုတော့ LED တွေ သုံးလာကြပြီဆိုတော့ သိပ်တော့မဆိုး တော့ဘူး။
အဲတော့ ဆီလီကွန် ထည့်တယ်ဆိုတာ လည်း နှစ်အပိုင်းအခြား ရှိပါတယ်” ဟု ဒေါက်တာ သီဟသစ်ကဆိုသည်။
ရင်သား အလှအပအတွက် လိမ်းဆေးများစွာ ထဲတွင် နိုင်ငံစုံမှ ထုတ်လုပ်သော လူးဆေးများ အပြင်
ဘေးထွက်ဆိုးကျိုး မရှိဟု ဆိုကာ ဆေးကုမ္ပဏီ များက ထုတ်လုပ်ထားသော လူးဆေးများလည်း ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည်။
အမျိုးသမီးများသည် ရင်သား တင်းရင်း လှပအောင် ပြုပြင်ကြ ရာတွင် ဘေးထွက်ဆိုးကျိုး များစွာ ရှိနိုင်ကြောင်း၊
လိမ်းဆေးလူးဆေးများကို သုံးစွဲရာတွင် အဆိုပါဆေးများသည် မည်မျှပင် သဘာဝကို
အခြေခံထုတ်လုပ်သည်ဆိုသော်လည်း ဆေးနှင့်ပတ်သက်သည့် အာမခံချက်မရှိကြောင်း ဒေါက်တာသီဟသစ်က ဆိုသည်။
“ရင်သားလူးဆေးတွေ လူးတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။
အစ်မလူးဖြစ်တာကတော့ ကလေးမွေးပြီးတော့ ပုံပျက်သွားလို့ လူးဖြစ်တာ။
ဒါပေမဲ့ ခဏပဲ လူးဖြစ်တယ်။ နောက်ပိုင်းဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိမယ် မသိလို့။
ဆေးတွေ က ထိရောက်မှု ရှိလား ဆိုတော့ ပြောတော့ သိပ် မပြောတတ်ဘူး ခဏပဲ လူးဖြစ်တာဆိုတော့” ဟု
ရင်သားလူးဆေးများ လူးဖြစ်ခဲ့သူ မိခင်တစ်ဦး ဖြစ်သူ မသန္တာ (အမည်လွှဲ) ကဆိုသည်။
ထို့ပြင် ရင်သားတင်းရင်း လှပစေရန် အာမခံ ဖြင့် လိမ်းဆေးများ၊ စက်များကို အသုံးပြု၍ ပြုပြင် ပေးနေသော အလှပြင်ဆိုင်များလည်း ရှိသည်။
အဆိုပါ လိမ်းဆေးများ၊ စက်များကို အသုံး ပြု၍ ရင်သားတင်းရင်းအောင် ပြုလုပ်ခြင်းသည်
အချိန်အားဖြင့် နှစ်ပတ်ခန့်သာ ကြာမြင့်ပြီး ကျပ် သုံးသိန်း ဝန်းကျင်ခန့် ကုန်ကျကြောင်း ဆိုင်ဖွင့်လှစ် ထားသူ တစ်ဦးက ဆိုသည်။
“အစ်မတို့ ဆိုင်မှာက ရင်သားကို တင်းရင်း အောင်လုပ်ပေးတာပါ။
ရင်သားကြီးအောင်လုပ်တာ မဟုတ်ဘဲ ရင်သားသေးချင်တဲ့ အမျိုးသမီးတွေကို လုပ်ပေးတာပါ။
USA ဆေးကိုသုံးပြီးလုပ်ပေး တာပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။
“လေ့လာ မိသလောက် ရင်သားလူးဆေး တွေက ရင်သားမှာရှိတဲ့ အဆီ တစ်သျှူးတွေကို လှုံ့ဆော်တဲ့ သေ****။
အဲဒီတော့ အဆီတွေ ကို လှုံ့ဆော်တဲ့ အတွက် ပုံမှန် မဟုတ်တဲ့ အကျိတ်တွေ ဖြစ်နိုင် တယ်။
ပြီးတော့ ဒီဆေးတွေက ဘယ်သူမှ ဓာတုပစ္စည်းတွေ မပါ ဘူးလို့ အာမမခံနိုင်ဘူး။
ဒီဆေး တွေသုံးလို့ ဘာမှမဖြစ်နိုင်ဘူးလို့ သုံးဖူးတဲ့သူက ပြောလို့ ကိုယ်ကသုံးတဲ့အခါ
တစ်ရာမှာ ၉၉ ယောက်က ဘာမှမဖြစ်ဘဲ ကိုယ့်ကျမှဖြစ်တာမျိုး ရှိနိုင်တယ်” ဟု ဒေါက်တာသီဟသစ်က ထပ်မံ ပြောဆိုသည်။
အမျိုးသမီးများသည် ရင်သားလူးဆေးများ သုံးခြင်း၊ ခွဲစိတ်ပြုပြင်ခြင်းများထက်
လေ့ကျင့်ခန်း လုပ်၍ ရင်သားဖွံ့ဖြိုးအောင် လုပ်ဆောင် နိုင်ကြောင်း၊ လေ့ကျင့်ခန်းလုပ်ရန် အချိန်မရပါက
မိမိတို့၏နေထိုင် စားသောက်ပုံကိုပြောင်း၍ ပြုပြင်နိုင်ကြောင်း ၎င်းက ထပ်မံ အကြံပြုပြောဆိုသည်။
ထို့ပြင် ရင်သားပြုပြင်ထားသူများ သာမက သဘာဝအတိုင်း ထားရှိသူများပါ အခါအားလျော် စွာ
မိမိတို့၏ရင်သားကို အကျိတ်ရှိ မရှိ စမ်းသပ် ကြည့်ရှုစေလိုကြောင်း၊ သို့မှသာ ရောဂါတစ်ခုခု ဖြစ်ပေါ်လာပါက
အချိန်မီ စမ်းသပ် ကုသနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ သီဟသစ်က ရှင်းပြသည်။
အလှအပကို လူသားတိုင်း မြတ်နိုးတတ်သော် လည်း သာမန်ထက်ပို၍ လှလိုခြင်း၊
သဘာဝတရား ကို ကျော်လွန်၍ ပြုပြင်ခြင်းများ သည် ရေရှည်တွင် ဘေးထွက်ဆိုးကျိုး အချို့ ဖြစ်ပေါ်နိုင်သောကြောင့်
သတိနှင့်ယှဉ်၍ ပြုမူ လုပ်ဆောင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။
Credit: The Voice Weekly
===============
UNICODE
အလှကုန် ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။
ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး
တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။
အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ
ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။
အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့်
အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ
အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော
လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။
“အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့
ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်” ဟု ကြည့်မြင်တိုင် ညဈေးတွင် အလှကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသူ
အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့မှ ရင်သားလှပစေသော ပစ္စည်းများ အများဆုံးဝင်
ရောက်နေသည်ကို တွေ့ရပြီး ဈေးနှုန်းများမှာ ထုတ်လုပ်သည့် နိုင်ငံပေါ် မူတည်၍ ကွဲပြားမှု ရှိသည် ကို တွေ့ရသည်။
ရင်သားလှပအောင် သုံးစွဲသော ဆေးများမှာ လိမ်းဆေးများ အပြင် ဆပ်ပြာ၊ ဖျန်းဆေး စသည်များလည်း ရှိပြီး
ဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ် ၁၀၀၀ ဝန်းကျင်မှ သောင်းကျော်အထိ ရှိသည်ကို တွေ့မြင် ရသည်။
“ဆိုင်မှာတော့ ထိုင်းက ပစ္စည်းတွေပဲ တင်တယ်။ တခြားတရုတ်တို့ ဘာတို့လည်း အများကြီး ရှိသေးတယ်။
ဈေးနှုန်းတွေကတော့ ထိုင်းက ၄၀၀၀၊ ၄၅၀၀ ဝန်းကျင်လောက်၊ တရုတ်ပစ္စည်း ကျတော့ ၂၀၀၀ ကျော်လောက်ပဲ ရှိတယ်”
ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ရင်သားလူးဆေးများကို ဝယ်ယူ အသုံးပြုကြသူ အမျိုးသမီး အများစုမှာ ဆယ်ကျော်သက်
အရွယ်မှ စ၍ အသက် ၃၀ ဝန်းကျင် အမျိုးသမီးများ ဝယ်ယူကြကြောင်း အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ အများစုက ပြောဆိုသည်။
“အစ်မ ရင်သားလူးဆေးတွေ လူးခဲ့ဖူးတယ်။ အစ်မသူငယ်ချင်း တစ်ယောက် လက်ဆောင်ပေး လို့ပါ။
ဆေးအညွှန်းမှာ ပါတဲ့အတိုင်း လူးဖြစ်တယ်။ စလူးပြီးတစ်လလောက်မှာ တော်တော် သိသိသာသာ တင်းလာတယ်။
အစ်မလူးတာ ကတော့ side effect မရှိပါဘူး။ တစ်ဘူးပဲ လူးဖြစ်တာပါ။
ဆက်မလူး ဖြစ်တော့ အရင်အတိုင်း ပြန်ဖြစ်တာပါပဲ။
ဒီဆေး တွေက လူးမယ်ဆိုရင် ဆက်ပြီး လူးနေမှ အဆင်ပြေ မယ်ထင်တယ်”
ဟု ရင်သားလူးဆေး သုံးစွဲခဲ့သူ အသက် ၃၀ ကျော်အရွယ် မနေရီ (အမည်လွှဲ) က ဆိုသည်။
အဆိုပါ လူးဆေးများကို ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် အချို့ သုံးစွဲကြခြင်းမှာ အများစုသည်
ကိုယ်ခန္ဓာဟော်မုန်းများ သေချာ မဖွံ့ဖြိုးသေးချိန်တွင် ၄င်းတို့၏ ရင်သား သေးငယ်နေသည်ဟု ထင်ကာ သုံးစွဲကြခြင်းဖြစ်သည်။
ထိုကဲ့သို့ ရင်းသား လှပရန် လူးဆေးများ၊ ဆီလီကွန် ထည့်သွင်း၍ ခွဲစိတ်ခြင်းများ ပြုလုပ်ကြ ခြင်းမှာ
ရှိရင်းစွဲထက် ပိုမို၍ လှပလိုခြင်းနှင့် အခြား သော အကြောင်းအရင်းများစွာ ရှိသည်ကို တွေ့မြင် ရသည်။
ယင်းအပြင် အချို့သုံးစွဲသူများမှာ ၄င်းတို့ လုပ်ကိုင်လျက် ရှိသော အလုပ်အကိုင် အပေါ် မူတည် ၍ လိုအပ်ချက်အရ သုံးစွဲရခြင်းလည်းရှိသည်။
“လာဝယ်တဲ့သူတွေ ထဲမှာ တချို့ကတော့ တကယ်ကို အမျိုးသမီးတစ်ယောက် ရှိသင့်တဲ့ ရင်သား မရှိလို့
သုံးတဲ့သူတွေ ရှိသလို တချို့ကျတော့လည်း သူတို့ရဲ့ အလုပ်လိုအပ်ချက်ကြောင့် သုံးကြတဲ့သူတွေ ရှိတယ်။
လာဝယ်တဲ့ ကောင်မလေးတွေထဲမှာ KTV တို့၊ Sex Worker လုပ်တဲ့ ကောင်မလေးတွေလည်း ပါတယ်။
သူတို့ကျတော့ အလုပ်ကြောင့် ဝယ်သုံးကြ တာပေါ့”ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦး ကဆိုသည်။
အဆိုပါ လူးဆေးများကို မြန်မာနိုင်ငံ၌ အမျိုးသမီးများ စတင် အသုံးပြုခဲ့ကြသည်မှာ ၁၀ စုနှစ်ကျော် ကြာမြင့်ခဲ့ပြီဟုလည်း
သုံးစွဲသူများနှင့် ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
” လူးဆေးတွေကတော့ အန်တီတို့ငယ်ငယ် ၉၄ ခုနှစ်လောက်ကတည်းက ရှိတာပဲ။
အန်တီ့ အသိ တစ်ယောက် နိုင်ငံခြားသွားတုန်း က ဝယ်ခဲ့ပြီး လူးတာ သိရတယ်။
သူလူးတုန်းကတော့ ဆေးတွေ က ထိရောက်တယ်၊ Side Effect မရှိဘူးလို့တော့ ပြောတာပဲ။
နှစ်တွေကြာလာ မှ ဘေးထွက်ဆိုးကျိုး ပေါ်တာကတော့ ဖြစ်နိုင်ပါတယ်” ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်လေးတင့်က ဆိုသည်။
ယနေ့ခေတ်တွင် ရင်သားကြီးထွား တင်းရင်းရန် လူးသော ဆေးများ အပြင် ရင်သားအတွင်း ဆီလီကွန် ထည့်သွင်း၍
ခွဲစိတ်ပြုပြင်ခြင်းများ ပိုမို လုပ်ဆောင်လာကြသည်ကိုလည်း တွေ့မြင်ရသည်။
အဆိုပါ ရင်သား ခွဲစိပ်ပြုပြင်မှုကို မြန်မာ နိုင်ငံတွင် တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း
ယာယီလိုင်စင်များ ထုတ်ပေးနေပြီး ယခုအခါ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ခွဲစိတ်ပြုပြင် မှုများ ပြုလုပ်ပေးလျက် ရှိသည်။
ရင်သားတွင်းသို့ ဆီလီကွန်များ ထည့်သွင်း၍ ရင်သား အလှပြုပြင်ရာတွင် အနိမ့်ဆုံး ကုန်ကျစရိတ်
သိန်း ၄၀ ကျော် ကုန်ကျသည့် အတွက် မြန်မာနိုင်ငံ ၏ လက်ရှိဝင်ငွေ အနေအထားအရ
သာမန်လူလတ် တန်းစား အမျိုးသမီးများ လုပ်ဆောင်ကြရန် မလွယ် ကူဘဲ ငွေကြေး တတ်နိုင်သူများသာ ပိုမို လုပ်ဆောင် ကြသည်။
ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးထု၏ ၂၀ ရာခိုင်နှုန်းသည် ရင်သားအလှကို ပြုပြင်လိုကြပြီး
အနောက်နိုင်ငံများတွင် ပိုမို၍ ပြုပြင် ခွဲစိတ်လိုကြ ကာ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးထု၏
ထက်ဝက်ခန့်သည် ရင်သားပြုပြင်လိုကြသည် ဟု စစ်တမ်းများအရ သိရည်။
ရင်သားအတွင်း ဆီလီကွန် ထည့်သွင်းခြင်း သည် ပိုမိုမြန်ဆန်သော သက်ရောက်မှု ရှိသော်လည်း
ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးများ ရှိသည် ကို “ရင်သားခွဲစိတ်ပြီဆိုကတည်းက
ပထမဆုံး ခွဲရတဲ့ Side Effect ကြုံရတာပါပဲ။ ပြီးရင် တခြား ဘာတွေဖြစ်နိုင်သလဲဆိုရင် ဆီလီကွန် အမျိုးအစား ပေါ်မူတည်ပါတယ်။
ကိုယ် ထည့်တဲ့ ဆီလီကွန် မကောင်းရင် Pressure နိမ့်တဲ့ နေရာတွေ သွားလို့ မရဘူး။
ဖြစ်ခဲ ပေမယ့် လေယာဉ်တွေ ပေ ၂၀ç၀၀၀ ကျော်လောက် ရောက်ရင် မတော်တဆ ပေါက်ထွက် သွားနိုင်တယ်။
ပြီးတော့ Computer,TV တွေ အကြည့်များရင် လည်း Megnetic Wave ထွက်တဲ့အတွက် ခွဲစိတ် ထားတာ ကျုံ့သွားနိုင်တယ်။
ဒါပေမဲ့ ခုတော့ LED တွေ သုံးလာကြပြီဆိုတော့ သိပ်တော့မဆိုး တော့ဘူး။
အဲတော့ ဆီလီကွန် ထည့်တယ်ဆိုတာ လည်း နှစ်အပိုင်းအခြား ရှိပါတယ်” ဟု ဒေါက်တာ သီဟသစ်ကဆိုသည်။
ရင်သား အလှအပအတွက် လိမ်းဆေးများစွာ ထဲတွင် နိုင်ငံစုံမှ ထုတ်လုပ်သော လူးဆေးများ အပြင်
ဘေးထွက်ဆိုးကျိုး မရှိဟု ဆိုကာ ဆေးကုမ္ပဏီ များက ထုတ်လုပ်ထားသော လူးဆေးများလည်း ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည်။
အမျိုးသမီးများသည် ရင်သား တင်းရင်း လှပအောင် ပြုပြင်ကြ ရာတွင် ဘေးထွက်ဆိုးကျိုး များစွာ ရှိနိုင်ကြောင်း၊
လိမ်းဆေးလူးဆေးများကို သုံးစွဲရာတွင် အဆိုပါဆေးများသည် မည်မျှပင် သဘာဝကို
အခြေခံထုတ်လုပ်သည်ဆိုသော်လည်း ဆေးနှင့်ပတ်သက်သည့် အာမခံချက်မရှိကြောင်း ဒေါက်တာသီဟသစ်က ဆိုသည်။
“ရင်သားလူးဆေးတွေ လူးတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။
အစ်မလူးဖြစ်တာကတော့ ကလေးမွေးပြီးတော့ ပုံပျက်သွားလို့ လူးဖြစ်တာ။
ဒါပေမဲ့ ခဏပဲ လူးဖြစ်တယ်။ နောက်ပိုင်းဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိမယ် မသိလို့။
ဆေးတွေ က ထိရောက်မှု ရှိလား ဆိုတော့ ပြောတော့ သိပ် မပြောတတ်ဘူး ခဏပဲ လူးဖြစ်တာဆိုတော့” ဟု
ရင်သားလူးဆေးများ လူးဖြစ်ခဲ့သူ မိခင်တစ်ဦး ဖြစ်သူ မသန္တာ (အမည်လွှဲ) ကဆိုသည်။
ထို့ပြင် ရင်သားတင်းရင်း လှပစေရန် အာမခံ ဖြင့် လိမ်းဆေးများ၊ စက်များကို အသုံးပြု၍ ပြုပြင် ပေးနေသော အလှပြင်ဆိုင်များလည်း ရှိသည်။
အဆိုပါ လိမ်းဆေးများ၊ စက်များကို အသုံး ပြု၍ ရင်သားတင်းရင်းအောင် ပြုလုပ်ခြင်းသည်
အချိန်အားဖြင့် နှစ်ပတ်ခန့်သာ ကြာမြင့်ပြီး ကျပ် သုံးသိန်း ဝန်းကျင်ခန့် ကုန်ကျကြောင်း ဆိုင်ဖွင့်လှစ် ထားသူ တစ်ဦးက ဆိုသည်။
“အစ်မတို့ ဆိုင်မှာက ရင်သားကို တင်းရင်း အောင်လုပ်ပေးတာပါ။
ရင်သားကြီးအောင်လုပ်တာ မဟုတ်ဘဲ ရင်သားသေးချင်တဲ့ အမျိုးသမီးတွေကို လုပ်ပေးတာပါ။
USA ဆေးကိုသုံးပြီးလုပ်ပေး တာပါ” ဟု ၄င်းက ထပ်မံပြောဆိုသည်။
“လေ့လာ မိသလောက် ရင်သားလူးဆေး တွေက ရင်သားမှာရှိတဲ့ အဆီ တစ်သျှူးတွေကို လှုံ့ဆော်တဲ့ သေ****။
အဲဒီတော့ အဆီတွေ ကို လှုံ့ဆော်တဲ့ အတွက် ပုံမှန် မဟုတ်တဲ့ အကျိတ်တွေ ဖြစ်နိုင် တယ်။
ပြီးတော့ ဒီဆေးတွေက ဘယ်သူမှ ဓာတုပစ္စည်းတွေ မပါ ဘူးလို့ အာမမခံနိုင်ဘူး။
ဒီဆေး တွေသုံးလို့ ဘာမှမဖြစ်နိုင်ဘူးလို့ သုံးဖူးတဲ့သူက ပြောလို့ ကိုယ်ကသုံးတဲ့အခါ
တစ်ရာမှာ ၉၉ ယောက်က ဘာမှမဖြစ်ဘဲ ကိုယ့်ကျမှဖြစ်တာမျိုး ရှိနိုင်တယ်” ဟု ဒေါက်တာသီဟသစ်က ထပ်မံ ပြောဆိုသည်။
အမျိုးသမီးများသည် ရင်သားလူးဆေးများ သုံးခြင်း၊ ခွဲစိတ်ပြုပြင်ခြင်းများထက်
လေ့ကျင့်ခန်း လုပ်၍ ရင်သားဖွံ့ဖြိုးအောင် လုပ်ဆောင် နိုင်ကြောင်း၊ လေ့ကျင့်ခန်းလုပ်ရန် အချိန်မရပါက
မိမိတို့၏နေထိုင် စားသောက်ပုံကိုပြောင်း၍ ပြုပြင်နိုင်ကြောင်း ၄င်းက ထပ်မံ အကြံပြုပြောဆိုသည်။