ယနေ့ခေတ်တွင် Mobile game စွဲလမ်းမှုဟာ ဟာသမဟုတ်သလို ၎င်းဟာ အထူးသဖြင့် ကလေးငယ်များအပေါ် အတော်လေး အကျိုးသက်ရောက်နေပါတယ်။Game ကစားရင်း ဖြစ်သွားတဲ့ဆိုးရွားလှတဲ့အခြေအနေများကြောင့် ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပင် ဂိမ်းကစားခြင်းကို စိတ်ရောဂါအဖြစ်သတ်မှတ်ထားခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာရောဂါများ၏နိုင်ငံတကာအဆင့်သတ်မှတ်ချက် (ICD-11) ၏ ၁၁ ကြိမ်မြောက်တည်းဖြတ်ခြင်းတွင် WHO က ဂိမ်းကစားသူများရဲ့ဂိမ်းကစားခြင်းအပြုအမူများကို ဖော်ပြခဲ့ပါတယ်။၎င်းတို့မှာ ဂိမ်းကစားခြင်းအပေါ်ထိန်းချုပ်မှုအားနည်းခြင်း၊ အခြားလှုပ်ရှားမှုများအပေါ်မှ ဂိမ်းကစားခြင်းကိုသာ ဦးစားပေးလာခြင်း၊ ဂိမ်းကစားခြင်းသည် အခြားအကျိုးစီးပွါးများနှင့်နေ့စဉ်လှုပ်ရှားမှုများကို ပျက်ကွက်လာစေခြင်း ၊ အနုတ်လက္ခဏာအကျိုးဆက်များဖြစ်ပွားမှုရှိနေသော်လည်း ဂိမ်းကစားခြင်းက ပိုမိုဆိုးရွားလာခြင်း တို့ဘဲဖြစ်ပါတယ်။
ထို့အပြင် နိုင်ငံအတော်များများဟာ အလွန်အကျွံဂိမ်းကစားခြင်းကို အဓိကကျတဲ့ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်သတ်မှတ်ခဲ့ကြပြီး ၎င်းအခြေအနေကိုကုသနိုင်ရန် အထူးပုဂ္ဂလိကဆေးခန်းများပါ တည်ထောင်ခဲ့ကြပါတယ်။ထိုနိုင်ငံများထဲမှတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံမှာ ဂိမ်းစွဲလမ်းမှုဟာ ကလေးများကြားတွင် အတော်လေး ပျံ့နှံ့နေခဲ့ပါတယ်။၂၀၁၉ ခုနှစ်တွင် BBC သတင်းအရတရုတ်အစိုးရဟာ ဂိမ်းကစားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကလေးငယ်များရဲ့အကြားအမြင်အာရုံချွတ်ယွင်းခြင်းနှင့်အခြားဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဂိမ်းစည်းမျဉ်းဥပဒေကို ချမှတ်ခဲ့ပါတယ်။

ထို့အပြင် တရုတ်အစိုးရဟာ အသက် ၁၈ နှစ်အောက် နိုင်ငံသားများအား ည ၁၀ နာရီနှင့် မနက် ၈ နာရီအကြားအွန်လိုင်းဂိမ်းကစားခြင်းကို ပိတ်ပင်ထားသောအရွယ်မရောက်သေးသူများအတွက် ‘ညပိုင်းဂိမ်းမကစားရ’ အမိန်ုကို စတင်ပြဌာန်းခဲ့ပါတယ်။၎င်းကဲ့သို့သော အမိန့်များရှိနေသော်လည်း တရုတ်နိုင်ငံရှိကလေးများဟာ တားမြစ်ထားသည့်အချိန်အတွင်း အွန်လိုင်းဂိမ်းများကို ကစားနေကြပါတယ်။တကယ်တော့ အသက်မပြည့်သေးတဲ့တရုတ်နိုင်ငံသားအများအပြားဟာ အရွယ်ရောက်သူများက မှတ်ပုံတင်ထားသောဂိမ်းအကောင့်များကို အသုံးပြုခြင်းအားဖြင့် ကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့ပါတယ်။
ထိုအချက်များကြောင့် တရုတ်နည်းပညာကုမ္ပဏီ Tencent မှ ထုတ်လုပ်သော မျက်နှာအသိအမှတ်ပြုတဲ့နည်းပညာအသစ်တစ်ခုပေါ်လာခဲ့ပါတယ်။ထူးခြားတာက Tencent ဟာ ကမ္ဘာ့အကြီးဆုံးမိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် PUBG Mobile၊ Valor Arena နှင့် အခြား အွန်လိုင်းဂိမ်းများကို တီထွင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေပါတယ်။ပြီးခဲ့သည့်အပတ်က Tencent ဟာ ညနက်ပိုင်း ဂိမ်းမကစားရအမိန့်အရ အရွယ်ရောက်ပြီး တရုတ်လူမျိုးအားလုံးရဲ့ID များအား မျက်နှာဖြင့်စစ်ဆေးခြင်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။
Channel News Asia မှဖော်ပြချက်အရ Tencent က ဒီသတင်းကိုမိတ်ဆက်ပြီးနောက် ‘ကလေးတွေက သူတို့ရဲ့ဖုန်းတွေကို ပိတ်ပြီး စောစောအိပ်ကြဖို့’အတွက် ၎င်းစစ်ဆေးခြင်းကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမျက်နှာအသိအမှတ်ပြုခြင်းနည်းပညာဟာ မိုဘိုင်းဂိမ်းကစားသူ၏အသက်ကို တိုင်းတာနိုင်ပြီး ၎င်းတို့ဟာအသက်မပြည့်သေးဟုမှတ်ယူလျှင် ဂိမ်းကစားခြင်းကို ပိတ်ဆို့ထားသွားမှာပါ။ထို့အပြင် Tencent က မိဘများအနေဖြင့် ၎င်းတို့၏ကလေးများအား ဂိမ်းကစားခြင်းမှ ကန့်သတ်ရန် ခွင့်ပြုသည့်လုံခြုံရေးကို ပြောင်းလဲလိုပါက သုံးစွဲသူများအား မျက်နှာအသိအမှတ်ပြုမှုစစ်ဆေးမှုကို ပြုလုပ်ပေးရန် လိုအပ်ပါတယ်။
Tencent က ၎င်း feature သစ်ကို တရုတ်နိုင်ငံမှာ နေ့စဉ်သုံးစွဲသူသန်း ၁၀၀ ကျော်နှင့်လူကြိုက်များတဲ့ Honor of Kings multiplayer စစ်ပွဲဂိမ်းအပါအ၀င် မိုဘိုင်းဂိမ်းပေါင်း ၆၀ ၀န်းကျင်မှာ ပထမဆုံးအကောင်အထည်ဖော်သွားမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။
Mia (kbdailynews)
Reference : worldofbuzz