cele
Unicode
အာဏာရူးကိုပြောလိုက်တဲ့ ပိုးအိအိခန့်ရဲ့စကားတွေက တကယ်ကို ထိမိပြီး မှန်ကန်ပါပေတယ် ပြည်သူတွေပြောချင်နေတဲ့ စကားတွေနဲ့ တစ်ထပ်တည်းပဲ
မြန်မာပြည်မှာရှိတဲ့ပြသနာအားလုံးကိုဖြေရှင်းနိုင်တဲ့တစ်ခုတည်းသောအဖြေတစ်ခုကိုပြောပြလာတဲ့သရုပ်ဆောင် ပိုးအိအိခန့်
သရုပ်ဆောင်ပိုးအိအိခန့်ကတော့ဇာတ်ကားတွေမှာသရုပ်ဆောင်ရင်းနဲ့ပရိတ်သတ်တွေစတင်သိရှိခဲ့ပြီးပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့မင်းသမီးပဲဖြစ်ပါတယ်၊
ပိုးအိအိခန့်ကတော့ဘောလုံးသမားလေးအောင်သူနဲ့လက်ထက်ထားပြီးချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလဲပိုင်ဆိုင်ထားပါတယ်၊ပိုးအိအိခန့်ကနိုင်ငံခြားကိုရောက်ရှိနေပေမယ့်လဲတော်လှန်ရေးကြီးမှယသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေတာတွေ့ရပါတယ်။
ပိုးအိအိခန့်ကပြည်သူတွေနဲ့အတူအမှန်တရားဘက်ကနေပါဝင်ပြီးပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုမကြာခဏဆိုသလိုသူမရဲ့လူမှုကွန်ယင်ထက်မှာရေးသားဖော်ပြလေ့ရှိပါတယ်၊ယခုတစ်ခါမှာဆိုရင်လဲပိုးအိအိခန့်ကလက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရဆဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုကိုပြောပြလာပါတယ်။
ဒါကတော့ရင်ထဲထိတယ်၊အောက်ဆီဂျင်ပျက်နေပြီဟုတ်လား၊ခင်ဗျားပလ္လင်ပေါ်ကဆင်းလိုက်၊အောက်ဆီဂျင်တွေတဘုန်းဘုန်းကျလာလိမ့်မယ်၊ကိုဗစ်ကိုခင်ဗျားမနိုင်တော့ဘူးမလား၊မုဆိုးမကြီးကိုလွတ်လိုက်အဆင်ပြေသွားမယ်၊ဗုံးတွေကွဲမှာကြောက်နေတယ်မလား၊မုဆိုးမကြီးကိုလွတ်လိုက်ပန်းပွင့်တွေဖြစ်သွားစေရမယ်၊သောင်းချီပေးရတဲ့နှာခေါင်းစီးတွေကိုမုဆိုးမထိန်းလိုက်တာရာပိုင်းထောင်ပိုင်းတန်းရောက်သွားတယ်၊စီးပွားရေးတွေမကောင်းတော့ဘူးမလား။
မုဆိုးမကြီးကိုလွတ်လိုက်အခက်ခဲမှန်သမျှပိန်းကြာရွှက်ပေါ်ရေမတင်သလိုပျောက်သွားလိမ့်မယ်၊နိုင်ငံကြီးပျက်စီးနေပြီမလား၊မုဆိုးမကြီးကိုလွတ်လိုက်သူ့နောက်ကအင်ဂျင်နီယာအကုန်ပါလာပြီးပြုပြင်လိမ့်မယ်၊လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီမလား၊မုဆိုးမကြီးကိုလွတ်လိုက်မြန်မာ့မီးရထားအသင်းထွက်လာလိမ့်မယ်၊ခင်ဗျားထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေပြီမလား။
မုဆိုးမကြီးကိုလွတ်လိုက်အမေ့သားသမီးတွေကအမေတစ်ခွန်းဆိုငြိမ်ပြီးသားပဲ၊ဆေးကုဖို့ဆရာဝန်တွေမရှိတော့ဘူးမလားမုဆိုးမကြီးကိုလွတ်လိုက်သူ့နောက်မှာပါရဂူတွေကစဆင်းလာပြီးကုသမှုတွေပြန်လုပ်ပေးလိမ့်မယ််ခင်ဗျားဘာလုပ်ပေးနိုင်လဲ၊ခင်ဗျားဘာကိုင်တွယ်နိုင်လဲ၊ခင်ဗျားဘာကောင်းကျိုးပေးခဲ့လဲ၊ဒီနေရာကခင်ဗျားနဲ့မထိုက်တန်ပါဘူး၊စစ်အာဏာရှင်စနစ်ကျရှုံးပါစေဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်။
RELATED POSTS