cele

အချစ်နဲ့ ပတ်သက်တဲ့ စာသားလေးတစ်ခုကို တစ်ခါမှ မတင် စဖူး တင်လိုက်တာကြောင့် အားလုံးအံ့သြနေရတဲ့ မြနှင်းရည်လွင်

အချစ်နဲ့ ပတ်သက်တဲ့ စာသားလေးတစ်ခုကို တစ်ခါမှ မတင် စဖူး တင်လိုက်တာကြောင့် အားလုံးအံ့သြနေရတဲ့ မြနှင်းရည်လွင်






Credit ; Cele Only

သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက်တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေအားလုံး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းတွေကိုလည်း လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှထုတ်လွင့်တဲ့ သတင်းကဏ္ဍများတွင် အစီစဉ်တင်ဆက်သူအဖြစ်နဲ့ပါ တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင် ရဲ့အချစ်ရေးကတော့ ပရိသတ်တွေသိကြတဲ့အတိုင်းပါပဲ ကွာရှင်းပြတ်ဆဲခဲ့တာ အချိန်အတော်ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်မှာ တော်လှန်ရေးအောင်မြင်ဖို့အတွက်ပဲ အလေးထားနေပြီး အချစ်ရေးနဲ့ပတ်သက်လို့ ရေးသားတာမျိုးမရှိခဲ့ပါဘူး။

ဒီကနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်တယ်လို့ ထင်ရတဲ့သီချင်းစာသားလေးကြောင့် ပရိသတ်တွေ အံ့သြကြရပါတယ်။ ” ကံတွေဆိုးဆိုး မင်းမျက်လုံးကရိုးရိုး မင်းရင်ခုန်သံတိုးတိုး ဘယ်လိုလုပ်ကိုယ်ရှေ့ဆက်ရမလဲ” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ပရိသတ်ကြီးရေ မင်းသမီး မြနှင်းရည်လွင် ရေးသားထားတဲ့ သီချင်းလေးကို သိကြတယ်ဟုတ်??? သီချင်းလေးကို ရသေးရင်ဆက်ဆိုပေးလိုက်ကြပါအုန်းနော်။

Credit ; Cele Onlymdatenews