ၾကားသိရသမွ်

ကိုဗစ်ရောဂါနဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ရက်လည်နေ့မှာ ဖခင်နဲ့အဒေါ်ဖြစ်သူကိုပါ ထပ်မံဆုံးရှုံးခဲ့ရတဲ့ အမွှာ မောင်နှမနှစ်ယောက်

လတ်တလောမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါဟာ တစ်နေ့တခြား ကူးစက်မှုနှုန်းကလည်း စံချိန်တင်လောက်အောင် မြင့်မားလာခဲ့ပြီး မြန်မာပြည်သူတွေကတော့ ဆိုးဆိုးရွားရွား ခံစားနေရတာဖြစ်ပါတယ်။

ဒီရောဂါဆိုးကြီးကြောင့် ချစ်ရတဲ့သူတွေမျက်စိအောက်မှာပဲ ဆုံးပါးသွားခဲ့ကြရတဲ့ ရင်နာစရာဖြစ်ရပ်လေးတွေကလည်း နေ့စဉ်အမျှလူမှုကွန်ယက်တွေမှာ ကြားသိမြင်တွေ့နေရပါတယ်။

ယခုမှာဆိုရင်လည်း ကြားရသူတွေအဖို့ ပိုပြီးစိတ်မကောင်းဖြစ်စရာကောင်းတဲ့ အမွှာမောင်နှမနှစ်ယောက်ရဲ့ ဖြစ်ရပ်လေးတစ်ခုကလည်း ထပ်မံကြားသိရပါတယ်။

လူမမယ်အရွယ် ဇာနည်နဲ့ဇာခြည် အမွှာမောင်နှမနှစ်ယောက်ရဲ့ မိခင်ဖြစ်သူဟာ ကိုဗစ်ရောဂါကို ဆိုးရွားစွာခံစားရပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ပိုပြီးရင်နာစရာကောင်းတာကတော့ မိခင်ဖြစ်သူ ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး

ရက်လည်နေ့မှာပဲ ဖခင်ဖြစ်သူနဲ့ အဒေါ်ဖြစ်သူတို့လည်း ကိုဗစ်ရောဂါနဲ့ ထပ်မံ ဆုံးပါးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ လူမမယ်အရွယ် အမွှာမောင်နှမနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာမပေးမှုကြောင့် မိဘနှစ်ပါးစလုံးကို ခွဲခွာနေခဲ့ရပြီလည်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးကို ကြားသိရတဲ့ ပြည်သူတွေကတော့ မျက်ရည်ကျမတတ် စိတ်မကောင်းဖြစ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။လက်ရှိမှာတော့ မိဘနှစ်ပါစလုံး မရှိတော့တဲ့ မောင်နှမနှစ်ယောက်ကို ဆွေမျိုးတွေကပဲ ပြုစုစောင့်ရှောက်သွားမယ်လို့လည်း ကြားသိခဲ့ရပါတယ်။

ပရိသတ်တွေလည်း ကျန်ရစ်ခံတဲ့ အမွှာမောင်နှမနှစ်ယောက်ရဲ့ ဖြစ်ရပ်လေးကိုတော့ စိတ်မကောင်းဖြစ်မိမယ်လို့လည်း ထင်မိပါတယ်။

ဒါ့အပြင် အမွှာမောင်နှမနှစ်ယောက်ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာမတစ်ယောက်ကလည်း စိတ်မကောင်းစွာ ပြောပြထားတာကိုလည်း ဖတ်ရှုလို့ရအောင် ပြန်လည်ဖော်ပြပေးထားပါတယ်။

Unicode