ၾကားသိရသမွ်

မြန်မာ့ရွှေစျေးဟာ အခံတန်းဖြစ်တဲ့ ကျပ် ၁၈ သိန်း ဝန်းကျင်မှာ ဆက်လျက် တည်ငြိမ်နေနိုင်ပါ့မလား…?¿?¿?

မြန်မာ့ရွှေစျေးဟာ အခံတန်းဖြစ်တဲ့ ကျပ် ၁၈ သိန်း ဝန်းကျင်မှာ ဆက်လျက် တည်ငြိမ်နေနိုင်ပါ့မလား…?¿?¿?

မြန်မာ့ရွှေစျေးဟာ ပြီးခဲ့တဲ့အပတ်က စျေးကွက် အတွင်းမှာ ရရှိတဲ့အချက််များအရဆို နိုဝင်ဘာ ၁ ရက််မှ ၇ ရက်ထိ တပတ်လုံးမှာ အနိမ့်ဆုံး ၁၇ သိန်း ၇ သောင်း ဝန်းကျင်နှင့် အမြင့်ဆုံး ၁၈ သိန်း ၃ သောင်း ဝန်းကျင်ထိရှိခဲ့ပြီး အလယ်အလတ်က ၁၈ သိန်း ၁ သောင်း ဝန်းကျင်မှာရှိနေခဲ့သည်။

ထိုသို့ မြန်မာ့ရွှေ တရိပ်ရိပ်နဲ့ ပြန်တက်နေခဲ့ရခြင်းရဲ့က ဒေါ်လာငွေကြေး မတည်ငြိမ်တဲ့ တရပ်ကြောင့်နှင့်အတူ စျေးကွက်ဝယ်လိုအားလိုက်လာတဲ့ အခြေအနေတရပ်ကြောင့်ဟု စျေးကွက်လေ့လာသုံးသပ်သူများကလည်း ဆိုကြပါတယ်..။

ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ်ပိုင်ငွေ လိုသလောက်ထုတ်ယူနိုင်ဖို့ အခက်အခဲရှိနေချိန်မှာ ငွေကျပ် သိန်း ၂၀၀ ထက်ပိုတဲ့ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှ ငွေပေးချေတဲ့အခါ ဘဏ်စနစ်နဲ့ Digital နည်းလမ်းတွေကို အသုံးပြုရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်တဲ့ အပေါ်လဲ ငွေသားကိုင်ဆောင်သူတွေအနေနဲ့ တုံပြန်ချက်ဟု ဆိုကြပြန်တယ်..။

ကုန်ပစ္စည်းအရောင်းအဝယ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ငွေပေးချေတဲ့နေရာမှာ တကြိမ်ကို ငွေသား ကျပ်သိန်း ၂၀၀ ထက်် မပိုရလို့ ဗဟိုဘဏ်က သတ်မှတ်လိုက်တာဖြစ်ပြိး ကျပ်သိန်း ၂၀၀ ထက်ပိုတဲ့ပမာဏ ဆိုရင် ဘဏ်စနစ်ကိုသာ အသုံးပြုရမယ်လို့ နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဘဏ်စနစ်အသုံးပြုပြီး ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ နည်းလမ်းတွေကိုသာ သုံးရမယ်လို့လည်း ကန့်သတ်ထားပါတယ်။ ဒီလို Mobile banking, Internet banking စတဲ့ Digital နည်းလမ်းတွေနဲ့ ငွေပေးချေတာဟာ လက်တွေ့မှာ လုပ်ငန်းတွေအတွက် အခက်အခဲရှိတယ်လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကျနော်တို့က ငွေထုတ်လို့ရရင်တော့ ဘာမှအခက်အခဲ မရှိဘူးဗျာ.။ ငွေထုတ်လို့ မရရင်တော့ အခက်အခဲ အများကြီး ရှိနိုင်ပါတယ်။ ဥပမာ ရွှေဆိုပါတော့၊ ကျနော်တို့ရောင်းတယ်။ ရောင်းပြီးရင် ဒီရွှေက ချက်ချင်း ပြန်ဝယ်တာ၊ နောက်နေ့မှဝယ်ရင် ဈေးနှုန်းကချက်ချင်း တက်သွားရော။

အဲတော့ ကျနော်တို့က ငွေထုတ်လို့ ပြုလို့ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အချိန်မရွေးပြောင်းနေတဲ့ ရွှေဈေးနဲ့ ရောင်းလို့ ဝယ်လို့ အဆင်ပြေတယ်ပေါ့။

တကယ်လို့ ထုတ်လို့မရဘူးဆိုရင် ကျနော်တို့ကတက်ဈေး နဲ့ ကျမယ်၊ ကျဈေးနဲ့ ကျမယ်ဆိုရင် ကျနော်တို့ အရောင်း အဝယ်က အဆင်မပြေတော့ဘူးဗျာ ”လို့ သူက ပြောပါတယ်။

ပြည်တွင်းက ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေတွေကို ထုတ်ယူနိုင်ဖို့ အခုချိန်ထိ ခက်ခဲနေပါတယ်။ ဒီလို ငွေသားအခက်အခဲ ရှိနေချိန်မှာပဲ ဗဟိုဘဏ်က လုပ်ငန်းတွေ ငွေပေးချေဖို့အတွက် ကန့်သတ်မှုတွေ ထပ်ထုတ်ပြန်ထားတာကိုတွေ့ရမှာပါ။

လက်ရှိမှာ ထိုသို့အရာတွေ မဖြစ်ခင် ဖွင့်ထားတဲ့ ဘဏ်စာရင်းအဟောင်းပိုင်ရှင်တွေအတွက် ဘဏ်တွေကနေ ငွေသားထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေပေမဲ့ ဘဏ်စာရင်း တစ်ခုကနေတစ်ခု အွန်လိုင်းက ငွေလွှဲ ငွေယူ လုပ်ရင်တော့ ပမာဏ အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်။

ဒါကြောင့် အရောင်းအဝယ်ပမာဏ ငွေကျပ် သိန်း ၂၀၀ အထက် ပေးချေမှုတွေကို Digital စနစ်နဲ့ လုပ်မယ်ဆို အခက်အခဲမရှိနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘဏ်ထဲရောက်လာတဲ့ ငွေတွေကို ပြန်ထုတ်ယူနိုင်ဖို့ ခက်ခဲတာကြောင့် လုပ်ငန်းရှင်တွေ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

ကုန်စည်ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးကဆိုရင် သူတို့ရဲ့လုပ်ငန်း လည်ပတ်မှုဟာ ငွေသားရှိမှသာ အဆင်ပြေတာကြောင့် ဘဏ်စနစ်နဲ့ ငွေပေးချေရမယ်ဆို အခက်အခဲတွေ ဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။

အရင်က ဘဏ်စနစ်ကို အားထားခဲ့ပေမယ့် ကိုယ့်ရဲ့ငွေ လိုသလောက်ပြန်ထုတ်ယူနိုင်ဖို့ မလွယ်တော့တဲ့ အခုကာလမှာ ဘဏ်ဝန်ဆောင်မှုအပေါ် ယုံကြည်မှုအားနည်းလာတယ်လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။

“အရင်တုန်းက ဘဏ်တွေဝန်ဆောင်မှု ကောင်းတုန်းကဆိုရင် ကျနော်တို့ရောင်းတာ ဝယ်တာအားလုံးက ချက်လက််မှတ်နဲ့ပဲ အရောင်းအဝယ် လုပ်သွားကြတာပါပဲ။

ဘဏ်တွေကနေပြီးတော့ ကျနော်တို့ကို ငွေပြန်ထုတ်ပေးတဲ့အခါမှာ အပိုင်းပိုင်း အတစ်တစ်တွေ ဖြစ်နေလို့ရှိရင် အဆင်မပြေတာတွေ ရှိပါတယ်။ စနစ်တခုကနေ တခုပြောင်းတဲ့အခါကျတော့ ကြိုက်တဲ့လူလည်း ရှိမယ်၊ မကြိုက်တဲ့လူလည်း ရှိမယ်။

ဘဏ်ကနေပြီးတော့ ဆက်ဆံရေးကောင်းလို့ရှိရင် ဒီစနစ်က အောင်မြင်မှာပါပဲ။ ဘဏ်ကဆက်ဆံရေး ပုံစံတမျိုးဖြစ်နေရင်တော့ ကျနော်တို့ အများပြည်သူကြိုက်တဲ့ စနစ်မဖြစ်ရင်တော့ ဒီဟာက အခက်အခဲရှိပါတယ်”လို့ သူက ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ကိုယ်ပိုင်ဘဏ်စာရင်းတွေကနေ ငွေထုတ်ယူနိုင်ဖို့ ခက်ခဲတာမို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုဟာလည်း လျော့နည်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးတဲ့ တရားမဝင် ဈေးကွက်ကလည်း ကြီးမားနေဆဲဟု ဆိုကြပါတယ်.. ။

ဒါဆိုရင်… ထိုသို့ငွေးကြေးအခက်အခဲတွေကြောင့် လုပ်ငန်းလုပ်လို့ ပေါ်လာတဲ့ငွေသားများကိုတော့….မည်သို့ ဖန်တီးနိုင်မည်လဲ…???

လာမည့်အပတ်အတွက် အခံတန်း ၁၈. သိန်း ၅ ​သောင်း ဝန်းကျင် ဖြစ်နိုင်မည်ဟု ခန့်မှန်းသုံးသပ်ထားပါတယ်