ၾကားသိရသမွ်

နေပြည်တော်အရှေ့ဖက်မှာရှိတဲ့ မြင်လိုက်တာနဲ့ ဟားခနဲ ဖြစ်သွားစေမယ့် လူအသိနည်းတဲ့ ဟားရေတံခွန်….

ရှမ်းလိုဆို ဟားဆိုတာ နံပါတ် ၅ လို့ အဓိပ္ပါယ်ရတယ်ဘာသာပြန်ရရင် ရေတံခွန် ငါးဆင့်ပေါ့၊ ဒါပေမယ့် တကယ်တမ်း ရေတွက်ကြည့်ရင်တော့ ရေတံခွန်အဆင့်က ၅ ဆင့်မကပါဘူး။ ဟားရေတံခွန်ကို အပိုင်းခွဲ​ကြည့်မယ်ဆိုရင် အဓိက ၂ပိုင်း ရှိပါတယ်၊ ဟားကြီး/ ရေတံခွန်အကြီးနှင့် ဟားငယ် ရေတံခွန်အငယ်တို့ပါ။ အဲဒီမှာမှ ဟားငယ်မှာလည်း ဟားငယ်အလျောက် ရေတံခွန်အဆင့်ဆင့်တွေ ရှိပြီး ဟားကြီးမှာလည်း သူ့အဆင့်တွေနဲ့ သူ ရှိနေပြန်ပါတယ်။

ဟားရေတံခွန် ဘယ်မှာရှိလဲဆိုရင်…
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ ၊ဘန့်ဘာကျေးရွာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ရှိပါတယ်။ လူအတော်များများကတော့ နန့်မွန်ကြီးကို လူသိများ၊ အလည်အပတ်များကြပေမယ့် ဒီ ဟားရေတံခွန်ကတော့ အရောက်အပေါက်နည်းနေပါသေးတယ်။ သို့သော်လည်း လှေစီးရတဲ့ မြင်ကွင်းတွေကအစ နန့်မွန်ကြီးထပ် ပိုပြီး ဆွဲဆောင်အားပြင်းနေတာတော့ မျက်မြင်ကိုယ်တွေ့ပါပဲ။ တဖက်ကကြည့်ရင်လည်း လူအသွားအလာနည်းသေးတဲ့အတွက် သဘာဝတရားကြီးက သူ့အလိုအတိုင်း လှပနေပါသေးတယ်။ ဟားရေတံခွန်ရဲ့ အလှဓာတ်ပုံကို ဖော်ပြလိုက်ပါတယ်နော်

source – amazing pinlaung

1

2

3

4

5

6

7

8

9

10

11

12

13


zawgyi

နေပြည်တော် ရဲအရှေ့ဖက်မှာရှိတဲ့ မြင်လိုက်တာနဲ့ ဟားခနဲ ဖြစ်သွားစေမယ့် ဟားရေတံခွန်….
.
