ၾကားသိရသမွ်

မရောက်တာကြာတဲ့ရွာကို ပြန်အရောက်မှာ ကိုယ့်အုတ်ဂူကို ကိုယ်ပြန်တွေ့ခဲ့ရတဲ့သူ

ထိုင်းနိုင်ငံက ကျေးလက်နေအမျိုးသားတစ်ဦးဟာ အခြားဒေသကို နှစ်တော်တော်ကြာအောင် သွားရောက်အလုပ်လုပ်တဲ့ အမျိုးသားတစ်ဦးဟာ ရွာကိုပြန်လည်ရောက်ရှိချိန်မှာ သူ့ကို ဆွေမျိုးတွေက သေပြီဆိုပြီး သင်္ဂြိုဟ်ထားတာကိုသိလိုက်ရလို့ တုန်လှုပ်ခြောက်ခြားခဲ့ရကြောင်း ဆိုပါတယ်။

ရွာကဆွေမျိုးတွေက သူ့ကို သင်္ဂြိုဟ်ထားတာ ခြောက်လအထိ ကြာမြင့်ပြီဖြစ်ပြီး၊ သူ ပြန်ရောက်လာတော့ အားလုံး ကြောင်စီစီနဲ့ မှင်သက်နေကြတယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသားရဲ့အမည်မှာ Sakorn Sachiwa ဖြစ်ပြီး သူဟာ ရွာကိုပြန်ရောက်ရောက်ချင်း မျက်လုံးပြုးကြီးနဲ့ အံ့သြမင်သက်နေတဲ့ မိခင်ကြောင့် ကြောင်စီစီဖြစ်သွားတယ်လို့ ဆိုပါတယ်။

Sakorn က TV Thai PBS နဲ့ တွေ့ဆုံစဉ်မှာ ” အမေက ကျွန်တော့်ကို ပြောတယ် .. ဟဲ့ မင်းက သေပြီးပြီကို ဒီလို ဘယ်လိုလုပ် ပြန်ရောက်လာတာလဲတဲ့ … ကျွန်တော် အတော်တုန်လှုပ်သွားတယ် … “လို့ အသက်(၄၄)နှစ်အရွယ် Sakorn က ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ Sisaket ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။

မိသားစုဝင်တွေက ပြီးခဲ့တဲ့ မေလတုန်းက ဘန်ကောက် မြို့စွန်မှာ ပိုင်ရှင်မဲ့ လူတစ်ယောက် သေဆုံးနေကြောင်း သတင်းရခဲ့ကြောင်း၊ ဘန်ကောက်ကို ရောက်နေတဲ့ ရွာသားတစ်ဦးကလည်း ပုံစံသိပ်မပီသတော့တဲ့ အလောင်းကို Sakorn လို့ ထင်မှတ်ပြီး ရွာက Sakorn ရဲ့ မိသားစုဝင်တွေကို လာကြည့်ဖို့ ခေါ်ခဲ့ကြောင်း ဆိုပါတယ်။

ဒီလိုနဲ့ ဘန်ကောက်ကို သွားရောက်ကြည့်ရှုတဲ့အခါမှာတော့ အလောင်းက အတော်လေး ပျက်စီးနေပါပြီ။ ဒါပေမယ့် သွားကို ဖြဲကြည့်တဲ့အခါ သေတဲ့သူက သွားတွေ အကုန်ရှိနေတယ်လို့ သိရပါတယ်။ Sakorn ကတော့ ရှေ့သွားတစ်ချောင်း မတော်တဆမှုနဲ့ ပြုတ်ထွက်ဖူးပါသေးတယ်။

ဒါပေမယ့် မိသားစုဝင်တွေက Sakorn ကို ဆက်သွယ်တော့ ဘယ်လိုမှ ဆက်သွယ်မရခဲ့ပါဘူး။ ဒါကြောင့် သူတို့သား အလောင်းပဲဖြစ်ရမယ်လို့ တထစ်ချယူဆပြီး အလောင်းကို ရွာဆီပြန်သယ်လာပြီး ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်ခဲ့ကြောင်း ဆိုပါတယ်။ အခုအခါမှာတော့ မသေတဲ့ Sakorn ကို ပြန်တွေ့ရလို့ တစ်ရွာလုံးက အံ့သြဝမ်းသာနေပါတယ်။

Sakorn ဟာ အခုအခါမှာ သူ့ရဲ့ သေစာရင်းကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ တရားဝင်ပြန်ဖြတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါဟာ သေစာရင်းကို သေတယ်လို့ အထင်ခံရတဲ့သူက ပြန်ဖြတ်ပေးရတာမို့ လူတစ်ယောက်အတွက်တော့ ကြုံတောင့်ကြုံခဲပါပဲ။ ဒါ့အပြင် ရဲတွေအတွက်လည်း ဒီအလောင်းက ဘယ်သူလဲဆိုတာ ထပ်မံအတည်ပြုဖို့ အလုပ်ပြန်ရှုပ်သွားရပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကျေးလက်နေအမျိုးသားတစ်ဦးဟာ အခြားဒေသကို နှစ်တော်တော်ကြာအောင် သွားရောက်အလုပ်လုပ်တဲ့ အမျိုးသားတစ်ဦးဟာ ရွာကိုပြန်လည်ရောက်ရှိချိန်မှာ သူ့ကို ဆွေမျိုးတွေက သေပြီဆိုပြီး သြင်္ဂိုဟ်ထားတာကိုသိလိုက်ရလို့ တုန်လှုပ်ခြောက်ခြားခဲ့ရကြောင်း ဆိုပါတယ်။

ရွာကဆွေမျိုးတွေက သူ့ကို သြင်္ဂိုဟ်ထားတာ ခြောက်လအထိ ကြာမြင့်ပြီဖြစ်ပြီး၊ သူ ပြန်ရောက်လာတော့ အားလုံး ကြောင်စီစီနဲ့ မှင်သက်နေကြတယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသားရဲ့အမည်မှာ Sakorn Sachiwa ဖြစ်ပြီး သူဟာ ရွာကိုပြန်ရောက်ရောက်ချင်း မျက်လုံးပြုးကြီးနဲ့ အံ့သြမင်သက်နေတဲ့ မိခင်ကြောင့် ကြောင်စီစီဖြစ်သွားတယ်လို့ ဆိုပါတယ်။

Sakorn က TV Thai PBS နဲ့ တွေ့ဆုံစဉ်မှာ ” အမေက ကျွန်တော့်ကို ပြောတယ် .. ဟဲ့ မင်းက သေပြီးပြီကို ဒီလို ဘယ်လိုလုပ် ပြန်ရောက်လာတာလဲတဲ့ … ကျွန်တော် အတော်တုန်လှုပ်သွားတယ် … “လို့ အသက်(၄၄)နှစ်အရွယ် Sakorn က ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ Sisaket ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။

မိသားစုဝင်တွေက ပြီးခဲ့တဲ့ မေလတုန်းက ဘန်ကောက် မြို့စွန်မှာ ပိုင်ရှင်မဲ့ လူတစ်ယောက် သေဆုံးနေကြောင်း သတင်းရခဲ့ကြောင်း၊ ဘန်ကောက်ကို ရောက်နေတဲ့ ရွာသားတစ်ဦးကလည်း ပုံစံသိပ်မပီသတော့တဲ့ အလောင်းကို Sakorn လို့ ထင်မှတ်ပြီး ရွာက Sakorn ရဲ့ မိသားစုဝင်တွေကို လာကြည့်ဖို့ ခေါ်ခဲ့ကြောင်း ဆိုပါတယ်။

ဒီလိုနဲ့ ဘန်ကောက်ကို သွားရောက်ကြည့်ရှုတဲ့အခါမှာတော့ အလောင်းက အတော်လေး ပျက်စီးနေပါပြီ။ ဒါပေမယ့် သွားကို ဖြဲကြည့်တဲ့အခါ သေတဲ့သူက သွားတွေ အကုန်ရှိနေတယ်လို့ သိရပါတယ်။ Sakorn ကတော့ ရှေ့သွားတစ်ချောင်း မတော်တဆမှုနဲ့ ပြုတ်ထွက်ဖူးပါသေးတယ်။

ဒါပေမယ့် မိသားစုဝင်တွေက Sakorn ကို ဆက်သွယ်တော့ ဘယ်လိုမှ ဆက်သွယ်မရခဲ့ပါဘူး။ ဒါကြောင့် သူတို့သား အလောင်းပဲဖြစ်ရမယ်လို့ တထစ်ချယူဆပြီး အလောင်းကို ရွာဆီပြန်သယ်လာပြီး ကောင်းကောင်းမွန်မွန်သြင်္ဂိုဟ်ခဲ့ကြောင်း ဆိုပါတယ်။ အခုအခါမှာတော့ မသေတဲ့ Sakorn ကို ပြန်တွေ့ရလို့ တစ်ရွာလုံးက အံ့သြဝမ်းသာနေပါတယ်။

Sakorn ဟာ အခုအခါမှာ သူ့ရဲ့ သေစာရင်းကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ တရားဝင်ပြန်ဖြတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါဟာ သေစာရင်းကို သေတယ်လို့ အထင်ခံရတဲ့သူက ပြန်ဖြတ်ပေးရတာမို့ လူတစ်ယောက်အတွက်တော့ ကြုံတောင့်ကြုံခဲပါပဲ။ ဒါ့အပြင် ရဲတွေအတွက်လည်း ဒီအလောင်းက ဘယ်သူလဲဆိုတာ ထပ်မံအတည်ပြုဖို့ အလုပ်ပြန်ရှုပ်သွားရပြီ ဖြစ်ပါတယ်။

Credit

Zawgyi












