ၾကားသိရသမွ်






ရန်ကုန်၊ မတ် ၂




သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနေအိမ်ကိုကျန်းကျန်းမာမာနဲ့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အမဖြစ်သူပြော

မောင်လေးပြေတီဦးနဲ့ညီမလေးအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနေအိမ်ကိုကျန်းကျန်းမာမာနဲ့ပြန်လည်ရောက်ရှိပါပြီ။

ဒီရက်ပိုင်းဖုန်းတွေပြန်မဖြေဖြစ်ယင်နားလည်ပေးကြပါရှင်.ဆုတောင်းမေတ္တာပို့ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်

ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့ ထောင်မှ ပြန်လွှတ်ပေး၊ ဝင်းမင်းသန်းကို ပုဒ်မ ၅၀၅ (က) ပြစ်ဒဏ် လျှော့ပေါ့၊ ဒါရိုက်တာ၀ိုင်းကို အမှု ပိတ်သိမ်း

ရန်ကုန်၊ မတ် ၂

အကြမ်းဖက် လူသတ် စစ်ကောင်စီက မတရားဖမ်းဆီး ထောင်ချထားသော ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦးနှင့်အိန္ဒြာ ကျော်ဇင်တို့ ထောင်မှ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာသည်။

ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦးနှင့်အိန္ဒြာ ကျော်ဇင်တို့ကို ထောင်မှ ပြန်လွှတ်ပေးမည်ဖြစ်ပြီး ဒါရိုက်တာ၀ိုင်းကိုမူ တရားစွဲဆိုထားသော အမှု ပိတ်သိမ်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

Beauty Blogger ဝင်းမင်းသန်းကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် ချမှတ်ထားသော ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း၊ အခြားမတရားအမှုဆင် ဖမ်းဆီးထားသော ပုဒ်မများဖြင့် ဆက်လက်၍ ပြစ်ဒဏ်ကျခံနေရကြောင်း စစ်ကောင်စီ၏ ကြေညာချက်က ဆိုသည်။