VPN သုံးရတာ နှေးနေရင်.. Data စားနေရင်.. ဘယ်လိုဖြေရှင်းမလဲ?
ကန့်သတ်ချက်တွေ ကျော်လွှားပြီး Facebook သုံးဖို့အတွက် VPN တွေ အသုံးများလာတာနဲ့ အမျှ လိုင်းကျတာတွေ၊ Data ပိုစားနေတာတွေ ကြုံလာရပါတယ်။
ဒါကလည်း Virtual Private Network (VPN) တွေရဲ့ အလုပ်လုပ်ပုံအရ နိုင်ငံခြားက တစ်ဆင့်ခံ Server တွေကို အားလုံးဝိုင်းပြီး အသုံးပြုနေရတာကြောင့် ဖြစ်ပါတယ်။
ဒီလိုအခက်အခဲလေးတွေကို လျှော့ချဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။
မလိုအပ်တဲ့အချိန်မှာ VPN ကို ပိတ်ထားပါ။
Facebook လိုမျိုး ကန့်သတ်ပိတ်ပင်ခံထားရတဲ့ Website တွေ၊ Apps တွေကို အသုံးပြုမယ့် အချိန်မှသာ VPN ကို ဖွင့်ပြီး သုံးသင့်ပါတယ်။ အခြား Apps တွေကို သုံးနေတုန်း VPN ဖွင့်ထားမယ် ဆိုရင် မလိုအပ်ဘဲ လိုင်းပိုနှေးနေမှာ ဖြစ်ပြီး၊ Data လည်း ပိုကုန်နိုင်ပါတယ်။
အနီးစပ်ဆုံး VPN Server ကိုသာ ချိတ်ဆက်ပါ။
နှစ်သက်ရာ Server Location ကို ရွေးချယ်လို့ရတဲ့ တချို့ VPN Apps တွေမှာ ကိုယ့်တည်နေရာနဲ့ အနီးစပ်ဆုံး VPN Server ကိုသာ ချိတ်ဆက်ခြင်းက လိုင်းပိုမြန်စေပါတယ်။
ဥပမာ – မြန်မာနိုင်ငံအတွက်ဆိုရင် United States ကို ချိတ်ဆက်ခြင်းထက် Singapore ကို ချိတ်ဆက်ခြင်းက ပိုမြန်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ VPN Apps တွေကိုသာ သုံးပါ။
အခမဲ့ VPN Apps တွေ များစွာ ရှိပေမယ့် Rating ကောင်းပြီး ယုံကြည်ရတဲ့ Apps တွေကိုသာ အသုံးပြုခြင်းက Security နဲ့ Performance အပြည့်အဝ ရရှိစေမှာပါ။
Free ထဲက ဆိုရင်တော့ 1.1.1.1 ဆိုတဲ့ App လေးကို Recommend ပေးပြီး၊ Paid ဆိုရင်တော့ NordVPN ကို Recommend လုပ်ချင်ပါတယ်။
ဒီနည်းလမ်းလေးတွေကို သုံးပြီး VPN ကို ပေါ့ပါးမြန်ဆန်စွာ အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်နော်
Credit : Original
Zawgyi
VPN သုံးရတာ ေႏွးေနရင္.. Data စားေနရင္.. ဘယ္လိုေျဖရွင္းမလဲ?
ကန႔္သတ္ခ်က္ေတြ ေက်ာ္လႊားၿပီး Facebook သုံးဖို႔အတြက္ VPN ေတြ အသုံးမ်ားလာတာနဲ႔ အမွ် လိုင္းက်တာေတြ၊ Data ပိုစားေနတာေတြ ႀကဳံလာရပါတယ္။
ဒါကလည္း Virtual Private Network (VPN) ေတြရဲ႕ အလုပ္လုပ္ပုံအရ ႏိုင္ငံျခားက တစ္ဆင့္ခံ Server ေတြကို အားလုံးဝိုင္းၿပီး အသုံးျပဳေနရတာေၾကာင့္ ျဖစ္ပါတယ္။
ဒီလိုအခက္အခဲေလးေတြကို ေလွ်ာ့ခ်ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေလးေတြလည္း ရွိပါတယ္။
မလိုအပ္တဲ့အခ်ိန္မွာ VPN ကို ပိတ္ထားပါ။
Facebook လိုမ်ိဳး ကန႔္သတ္ပိတ္ပင္ခံထားရတဲ့ Website ေတြ၊ Apps ေတြကို အသုံးျပဳမယ့္ အခ်ိန္မွသာ VPN ကို ဖြင့္ၿပီး သုံးသင့္ပါတယ္။ အျခား Apps ေတြကို သုံးေနတုန္း VPN ဖြင့္ထားမယ္ ဆိုရင္ မလိုအပ္ဘဲ လိုင္းပိုေႏွးေနမွာ ျဖစ္ၿပီး၊ Data လည္း ပိုကုန္ႏိုင္ပါတယ္။
အနီးစပ္ဆုံး VPN Server ကိုသာ ခ်ိတ္ဆက္ပါ။
ႏွစ္သက္ရာ Server Location ကို ေ႐ြးခ်ယ္လို႔ရတဲ့ တခ်ိဳ႕ VPN Apps ေတြမွာ ကိုယ့္တည္ေနရာနဲ႔ အနီးစပ္ဆုံး VPN Server ကိုသာ ခ်ိတ္ဆက္ျခင္းက လိုင္းပိုျမန္ေစပါတယ္။
ဥပမာ – ျမန္မာႏိုင္ငံအတြက္ဆိုရင္ United States ကို ခ်ိတ္ဆက္ျခင္းထက္ Singapore ကို ခ်ိတ္ဆက္ျခင္းက ပိုျမန္ပါတယ္။
ယုံၾကည္စိတ္ခ်ရတဲ့ VPN Apps ေတြကိုသာ သုံးပါ။
အခမဲ့ VPN Apps ေတြ မ်ားစြာ ရွိေပမယ့္ Rating ေကာင္းၿပီး ယုံၾကည္ရတဲ့ Apps ေတြကိုသာ အသုံးျပဳျခင္းက Security နဲ႔ Performance အျပည့္အဝ ရရွိေစမွာပါ။
Free ထဲက ဆိုရင္ေတာ့ 1.1.1.1 ဆိုတဲ့ App ေလးကို Recommend ေပးၿပီး၊ Paid ဆိုရင္ေတာ့ NordVPN ကို Recommend လုပ္ခ်င္ပါတယ္။
ဒီနည္းလမ္းေလးေတြကို သုံးၿပီး VPN ကို ေပါ့ပါးျမန္ဆန္စြာ အသုံးျပဳႏိုင္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္
Credit : Original