ဖေဖော်ဝါရီ (1) ရက်နေ့ မနက် ၆နာရီထဲက ဖမ်းဆီးခံခဲ့ရသည့် အရည်ကြို ပြန်လည်လွတ်မြောက် ကျွန်တော်အိမ်ပြန်ရောက်ပါပီ ၊ စိတ်ပူနေကြသူအားလုံးကျေးဇူးအထူးတင်ပါတယ်။

Feb (1) ရက်နေ့ မနက် ၆နာရီမှာ ကျွန်တော် အဖမ်းခံရပါတယ်။
ရေကြည်အိုင်နှင့်အင်းစိန်ထောင်တွင် အထိန်းသိမ်းခံရစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ အခက်အခဲနှင့်ကျန်းမာရေး အခက်ခဲတွေတွေ့ကြုံခဲ့ရပါတယ်

ပြန်လည်လွတ်မြောက်လာချိန်တွင် အချိန်အနည်းငယ်ပေးပီး အနားယူ ခဲ့ရပီးကျွန်တော်အခု အတန်အသင့် ပြန်လည် ကျန်းမာလာပြီဖြစ်တဲ့အတွက် ကိုဗစ်Third Wave မှာ ကိုဗစ်လူနာတွေအတွက် ကျွန်တော်တတ်နိုင်တာလေးတွေကို ပြန်လည်ပီးကူညီပေးသွားမှာဖြစ်ပါတယ်
ချစ်ခြင်းများစွာဖြင့်
အရည်ကြို
zawgyi

အရည်ကြို



