Unicode
AA ကြမ်းပြီ
အလှူကြီးပေးတဲ့ ခြင်းကြားတွေအများကြီးပဲ
ပလက်၀၊ ရသေ့တောင် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း AA က ထုတ်ပြန်
ရန်ကုန်၊ ဩဂုတ် ၁၅
AA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား ပလက်၀နှင့်ရသေ့တောင် နေရာ ၄ ခုတွင် ဩဂုတ်လ ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ် သား ၃၇ ဦးသေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း AA က သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၁၃ ရက်နေ့ အကြမ်းစစ်ကောင်စီ တပ်နှင့် ရက္ခိုင်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း ၃ နေရာ နှင့် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ပထမဆုံးသောတိုက်ပွဲအဖြစ် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ အနီးတွင် အကြမ်း ဖက်စစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်ကြောင်း၊ နှစ်နာရီကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးသူ ၃၁ ဦးအထိ ရှိခဲ့ပြီး အထိအခိုက်အကျအဆုံးများခဲ့ကြောင်း၊ AA ဘက်ကလည်း ရဲဘော်တချို့ ထိခိုက် ကျဆုံးမှုရှိကြောင်း သိရှိရသည်။
ရသေ့တောင်၊ ဒုံပိုက်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဒုတိယတိုက်ပွဲအဖြစ် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး သြဂုတ်လ (၁၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခလရ ၂၇၀ နှင့် ရက္ခိုင့်တပ်တော်တို့ ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်ကြောင်း၊
တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော ထိုတိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီဘက်မှ မျက်မြင် (၆) ဦးကျဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့ကြောင်း၊လက်နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် တတိယတိုက်ပွဲအဖြစ် ရက္ခိုင်-ဘင်္ဂလာနယ်စပုတွင် စစ်တပ် ခမရ ၃၅၂ တပ်ရင်းနှင့် AA တို့တိုက်ပွဲဖြစ်ပွားကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီး၊ လက် နက်ငယ် အချို့၊ ပီစတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်းရ မိခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ (၁၃) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာမြောက်ဖက် တွင် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ထိုနေရာတွင် နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ သြဂုတ်လ ၁၄ ရက်နေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း အကြမ်းဖက် စစ်တပ်က ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။
ယနေ့တွင် အကြမ်းဖက်စစ်တပ်က လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရက္ခိုင်ဒေသ အနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
Credit 📌
Khit Thit Media
Zawgyi
AA ၾကမ္းၿပီ
အလႉႀကီးေပးတဲ့ ျခင္းၾကားေတြအမ်ားႀကီးပဲ
ပလက္၀၊ ရေသ့ေတာင္ တိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၃၇ ဦးေသဆုံးၿပီး လက္နက္အမ်ားအျပား သိမ္းဆည္းရမိေၾကာင္း AA က ထုတ္ျပန္
ရန္ကုန္၊ ဩဂုတ္ ၁၅
AA ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားအၾကား ပလက္၀ႏွင့္ရေသ့ေတာင္ ေနရာ ၄ ခုတြင္ ဩဂုတ္လ ၁၃ ရက္ေန႔ တိုက္ပြဲျဖစ္ပြားၿပီး စစ္တပ္ဘက္မွ စစ္ သား ၃၇ ဦးေသဆုံးကာ လက္နက္အမ်ားအျပား သိမ္းဆည္းရမိေၾကာင္း AA က သတင္းထုတ္ျပန္သည္။
ၾသဂုတ္လ ၁၃ ရက္ေန႔ အၾကမ္းစစ္ေကာင္စီ တပ္ႏွင့္ ရကၡိဳင္တပ္ေတာ္တို႔သည္ ရကၡိဳင္ေဒသအတြင္း ၃ ေနရာ ႏွင့္ ပလက္ဝေဒသအတြင္း ၁ ေနရာ စုစုေပါင္း ၄ ေနရာတို႔၌ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။
ဩဂုတ္လ ၁၃ ရက္ေန႔ နံနက္ ၇ နာရီ ၃၅ မိနစ္အခ်ိန္ ပထမဆုံးေသာတိုက္ပြဲအျဖစ္ ရကၡိဳင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဒုံးပိုက္ေက်း႐ြာ အနီးတြင္ အၾကမ္း ဖက္စစ္တပ္ႏွင့္ နယ္ျခားေစာင့္တပ္တို႔ ပူးေပါင္းထားေသာ စစ္ေၾကာင္းတစ္ခုႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ ျဖစ္ပြားခဲ့ေသာတိုက္ပြဲျဖစ္ေၾကာင္း၊ ႏွစ္နာရီၾကာ တိုက္ပြဲအတြင္း စစ္တပ္ဘက္မွ ေသဆုံးသူ ၃၁ ဦးအထိ ရွိခဲ့ၿပီး အထိအခိုက္အက်အဆုံးမ်ားခဲ့ေၾကာင္း၊ AA ဘက္ကလည္း ရဲေဘာ္တခ်ိဳ႕ ထိခိုက္ က်ဆုံးမႈရွိေၾကာင္း သိရွိရသည္။
ရေသ့ေတာင္၊ ဒုံပိုက္ေက်း႐ြာတိုက္ပြဲတြင္ စစ္ေကာင္စီတပ္၏ ၆၀ မမ ေျပာင္းရွည္(၁) လက္၊ MA-3 (၁၅) လက္၊ MA-1 (၆) လက္၊ MA-4 (၂) လက္၊ ပီစတို (၁) လက္၊ ဆက္သြယ္ေရးစက္ (၁) လုံး၊ GPS (၂) လုံး၊ ဂ်န္မာစက္ (၁) လုံး အပါအဝင္ စစ္အသုံးအေဆာင္ ပစၥည္းမ်ား၊ လက္နက္ခဲယမ္း အမ်ားအျပား ကိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။
ဒုတိယတိုက္ပြဲအျဖစ္ ရကၡိဳင္ျပည္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပန္းဒူေက်း႐ြာအနီး ၾသဂုတ္လ (၁၃) ရက္၊ ေန႔လယ္ (၁၂) နာရီခန႔္အခ်ိန္တြင္ ျမန္မာစစ္တပ္၏ ခလရ ၂၇၀ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ ထပ္မံျဖစ္ပြားခဲ့ေသာတိုက္ပြဲျဖစ္ေၾကာင္း၊
တစ္နာရီခြဲေက်ာ္ၾကာျဖစ္ပြားခဲ့ေသာ ထိုတိုက္ပြဲအတြင္း၌လည္း စစ္ေကာင္စီဘက္မွ မ်က္ျမင္ (၆) ဦးက်ဆုံးၿပီး ဒဏ္ရာရသူ အမ်ားအျပားလည္းရွိခဲ့ေၾကာင္း၊လက္နက္ငယ္ (၄) လက္ အပါအဝင္ ခဲယမ္း၊ စစ္အသုံးအေဆာင္ ပစၥည္းမ်ား၊ ေဆးဝါးရိကၡာမ်ားကို ထပ္မံသိမ္းဆည္း ရမိခဲ့ေၾကာင္း သိရွိရသည္။
ဩဂုတ္လ ၁၃ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ တတိယတိုက္ပြဲအျဖစ္ ရကၡိဳင္-ဘဂၤလာနယ္စပုတြင္ စစ္တပ္ ခမရ ၃၅၂ တပ္ရင္းႏွင့္ AA တို႔တိုက္ပြဲျဖစ္ပြားေၾကာင္း ၊ အဆိုပါတိုက္ပြဲအတြင္း စစ္တပ္၏ လက္နက္ႀကီး၊ လက္ နက္ငယ္ အခ်ိဳ႕၊ ပီစတို (၂) လက္၊ MG 43 စက္ေသနတ္ (၁) ခု၊ ဒ႐ုန္း (၂) စီး၊ Jammer (၁) ခု၊ ဆက္သြယ္ေရး ၿဂိဳလ္တုဖုန္း (၁) လုံး၊ မိုင္းမ်ိဳးစုံ အပါအဝင္ လက္နက္ခဲယမ္း၊ စစ္အသုံးအေဆာင္ပစၥည္း၊ ေဆးဝါး၊ ရိကၡာအေျမာက္အျမားပါဝင္ေသာ ျခင္းက်ားအလုံး (၃၀) ေက်ာ္ကိုသိမ္းဆည္းရ မိခဲ့ေၾကာင္း သိရွိရသည္။
ၾသဂုတ္လ (၁၃) ရက္ေန႔တြင္ ပလက္ဝၿမိဳ႕နယ္၊ သေဌးကုန္းေက်း႐ြာေျမာက္ဖက္ တြင္ ႏွစ္ဖက္အျပန္အလွန္ ထိေတြ႕တိုက္ခိုက္မႈမ်ားရွိခဲ့ေၾကာင္း၊ ထိုေနရာတြင္ ႏွစ္ဖက္တပ္မ်ား ထိေတြ႕တိုက္ပြဲျဖစ္ပြားေနခဲ့သည္မွာ ႏွစ္ပတ္ခန႔္ရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ၾသဂုတ္လ ၁၄ ရက္ေန႔၌ ႏွစ္ဖက္ရင္ဆိုင္တိုက္ပြဲမ်ားမရွိေသာ္လည္း အၾကမ္းဖက္ စစ္တပ္က ယမန္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ေသာ ေနရာမ်ားသို႔သာမက တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိေသာေနရာမ်ားသို႔ပါ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ေနေၾကာင္း သိရွိရသည္။
ယေန႔တြင္ အၾကမ္းဖက္စစ္တပ္က လက္နက္၊ ခဲယမ္း၊ လူအင္အား ေ႐ႊ႕ေျပာင္းျခင္းမ်ားကို ရဟတ္ယာဥ္၊ စစ္သေဘၤာ၊ စစ္ကားႀကီးမ်ားျဖင့္ ရကၡိဳင္ေဒသ အႏွံ႔ ေ႐ႊ႕ေျပာင္းလ်က္ရွိေနေသာေၾကာင့္ တိုက္ပြဲမ်ား ယခုထက္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ပြားလာႏိုင္ဖြယ္ရွိေၾကာင္း AA က သတင္းထုတ္ျပန္ထားသည္။
Credit 📌
Khit Thit Media