မိန်းကလေးတိုင်း သိထားသင့်တဲ့….ဝိသာခါ ကို သူ့အဖေ ဆုံးမတဲ့ စကား(၁၀)ခွန်း
မိန်းကလေးတိုင်း သိထားသင့်တဲ့….ဝိသာခါ ကို သူ့အဖေ ဆုံးမတဲ့ စကား(၁၀)ခွန်း
၁။ အိမ်တွင်းမီး အပြင် မထုတ်နဲ့… အိမ်တွင်းရေး ပြဿနာတွေ ကို အပြင်မှာ ဖောက်သည်မချ နဲ့။
၂။ အိမ်ပြင်မီး အတွင်း မသွင်းရ… အပြင်မှာ ဖြစ်လာတဲ့ ပြဿနာတွေကို အိမ်တွင်းထဲ သယ်မလာ နဲ့။
၃။ ပြန်ပေးမယ့် သူကိုသာ ပေး… ဥစ္စာ ပစ္စည်းတွေကို ပြန်တောင်းလို့ ရမယ့် သူကိုသာ ချေးငှား ပါ။
၄။ ပြန်မပေးမယ့် သူကို မပေးနဲ့… ဥစ္စာ ပစ္စည်းတွေကို ပြန်တောင်းလို့ မရမယ့်သူကို မချေးငှား နဲ့။
၅။ ပေးသင့်သူကိုလည်း ပေး… ဆွေမျိုး အသိုင်းအဝိုင်းမှာ ဘဝပေးအရ မပြည့်စုံတဲ့ သူတွေကို ဘာမှ မမျှော်လင့်ဘဲ ထောက်ပံ့ လိုက်ပါ။
၆။ ချမ်းသာစွာ ထိုင်… မိဘ၊ ယောက္ခမ၊ ခင်ပွန်းရဲ့ အထက်အရပ်၊ လေညာအရပ် စသောအပြစ် မလွတ်သော နေရာ တွင် မထိုင်ဘဲ အပြစ်ကင်းသော နေရာမှာ ထိုင်ပါ။
၇။ ချမ်းသာစွာ စား… မိဘ၊ ယောက္ခမ၊ ခင်ပွန်း ကို ရှေးဦးစွာ ကျွေးပြီး နောက်မှ စားပါ။
၈။ ချမ်းသာစွာ အိပ်… မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကို သင့်တင့်သော ဝေယျာဝစ္စ ပြုလုပ်ပေးပြီးမှ အိပ်ပါ။
၉။ မီးကို ရိုသေစွာလုပ်ကျွေး… ယောက္ခမတွေ ကို မိဘ ကဲ့သို့ ကောင်းစွာ စောင့်ရှောက် ရိုသေပါ။
၁၀။ အိမ်ဦးနတ် ကို ရှိခိုးပူဇော်… မိမိ ခင်ပွန်းအား ရိုသေလေးစားစွာ ဆက်ဆံပါ။
Credit
zawgyi
Credit