ကမ္ဘာပေါ်မှာ မိခင် ဆိုတာ တစ်ယောက်တည်းသာ ရှိပါတယ်။ ဒါပေမယ့် မိခင်နဲ့ တူတဲ့ အမျိုးသမီး တစ်ယောက်ကို သင့်ရဲ့ ဇနီးအဖြစ် သော်လည်းကောင်း၊ ချစ်သူအဖြစ် သော်လည်းကောင်း ရရှိ ပိုင်ဆိုင်ထားတယ် ဆိုရင် အလွန်တရာမှ ကံကောင်းပါပေတယ်။
1) စိတ်ပူတတ်ခြင်း
တစ်စုံတစ်ခု ဆိုရင် မိခင် တစ်ယောက်လို စိတ်ပူပန် တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန် တတ်ကြပါတယ်။ သူတို့ရဲ့ အိမ်ထောင်ဘက်မှာ တစ်စုံတစ်ခု ဖြစ်နေမလား ဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင် တစ်ယောက်နဲ့ အလားသဏ္ဍန် တူပါပေတယ်။
2) ကြင်နာ ယုယ မြတ်နိုးတတ်ခြင်း
အချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ် ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တစ်ခါတစ်လေ အတိုင်းအထက် အလွန် ဖြစ်နေတတ်ပါတယ်။ ထိုသူတို့ဟာလည်း မိခင်တစ်ယောက် သားသမီးအပေါ် ကြင်နာ၊ ယုယ မြတ်နိုးခြင်းတွေနဲ့ ဆင်တူပါပေတယ်။
3) အခက်အခဲတွေကို ကူညီဖြေရှင်း ပေးခြင်း
မိမိရဲ့ ခင်ပွန်းမှာ အခက်အခဲ ဖြစ်နေပြီ ဆိုရင် အားပေး နှစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးတတ်ကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။
4) ပေးဆပ်မှုနဲ့ ချစ်ခြင်း
မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ ရယူလိုစိတ် လုံးဝ မပါ ပါဘူး။ ဒီလိုပဲ မိခင်နဲ့ တူတဲ့ အမျိုးသမီးတွေဟာလည်း မိမိရဲ့ အိမ်ထောင်ဘက် အမျိုးသားအပေါ်မှာ ရယူလိုစိတ် မရှိဘဲ ပေးဆပ်မှုနဲ့ ချစ်ကြပါတယ်။
5) စိတ်ညစ်ခြင်းတွေကို ဖယ်ရှားပေးခြင်း
မိမိရဲ့ ခင်ပွန်း တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမယ် ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မှုတွေကို ဖယ်ရှားပေးနိုင်အောင် ကြိုးစားတတ်ကြတယ်။ မိခင်နဲ့တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေရင် သူတို့လည်း မပျော်တတ်ကြပါဘူး။
သိမှတ်ဖွယ်ရာ ဗဟုသုတရွာ
For Zawgyi
မိခင်နဲ့တူတဲ့ ဇနီးကို ရှာကြပါ
1) စိတ်ပူတတ်ခြင်း