ၾကားသိရသမွ်

ဗဟုသုတ စာေပေတြ ေဝမၽွေပးသူ၊ ပရဟိတ လုပ္ငန္းေတြမွာ ဦးေဆာင္ ပါဝင္ေဆာင္ရြက္ခဲ့သူ ေဒါက္တာ ေရႊထြန္း ကြယ္လြန္

ဗဟုသုတ စာေပေတြ ေဝမၽွေပးသူ၊ ပရဟိတ လုပ္ငန္းေတြမွာ ဦးေဆာင္ ပါဝင္ေဆာင္ရြက္ခဲ့သူ ေဒါက္တာ ေရႊထြန္း ကြယ္လြန္

ဗဟုသုတ ရစရာ စာေပေတြ ေဝမၽွေပးသူ၊ ပရဟိတ လုပ္ငန္းေတြမွာ ဦးေဆာင္ ပါဝင္ေဆာင္ရြက္ခဲ့သူ “ေဒါက္တာေရႊထြန္း”

ယေန႔ နံနက္ ကြယ္လြန္သြားေၾကာင္း သိရပါတယ္။

ဆရာၾကီးရဲ႕ စာေပေတြကို အျမဲတမ္းေစာင့္ေမ်ွာ္အားေပးခဲ့တဲ့ ပရိတ္သတ္တစ္ေယာက္ပါ

ခုေတာ့ အေဟာင္းေတြပဲ ရွာဖတ္ရေတာ့မယ္ဗ်ာ…

ေအာက္ကစာေလးကေတာ့ ဆရာၾကီး ျပန္လည္မွ်ေ၀ထားတဲ့ ဗဟုသုတ စာေပေလးပါ

သူငယ္ခ်င္းတစ္ေယာက္က..ေျပာတယ္ ..လူတိုင္းရဲ့ရင္မွာပန္းေတြပြင့္ေနၾကတာမဟုတ္ဘူး..ဒူးရင္းသီးေတြသီးေနၾကတာ ..တဲ့…သူေျပာတာကိုသေဘာက်မိလို႔စိတ္ညစ္ညစ္နဲ႔ပဲ..ရယ္လိုက္မိေသးတယ္..

အမွန္ပါပဲ ..ဒီအခ်ိန္မွာလူတိုင္းကဖိအားေတြထဲမွာ.. ရွင္သန္ေနၾကရသလိုျဖစ္ေနၾကတယ္..စိတ္ထဲမွာ အတြင္း ဖိအားေတြရွိတယ္..ေလးလံေနၾကတယ္..မိသားစုထဲမွာ..အိမ္မွာ..အလုပ္မွာပတ္ဝန္းက်င္မွာ ..Facebook ေပၚမွာ..ဖိအားေတြ..Pressure ေတြ အသီးသီးရွိေနၾကတယ္ ..ဘယ္သူမွသာယာ..စိုျပည္မေနဘူး ..

အလုပ္လုပ္ေနရတာလည္းရွိမယ္..ခဏတစ္ျဖဳတ္အျပင္ထြက္မိတာရွိရင္ရွိမယ္.. သူငယ္ခ်င္းေတြနဲ႔ေတြ႕ခ်င္ေတြ႕မိလိမ့္မယ္..ရယ္ရင္လည္း ရယ္မိမွာပဲ..Facebook မွာ..ေပါေတာေတာေတြ ေလၽွာက္ေရးမိတာလည္း ရွိမယ္..ဒါေပမဲ့..အဲဒါေတြအကုန္လုံးဟာ..ေပ်ာ္ေနလို႔ေတာ့မဟုတ္ဘူး.. တကယ္ေပ်ာ္ေလ်က္နဲ႔ မေပ်ာ္ပါဘူးလို႔..ဟန္ေဆာင္ေလၽွာက္လဲခ်က္ေပးတာမဟုတ္ပါဘူး..လူေတြရဲ့..

စိတ္ထြက္ေပါက္ကေလးေတြကို.. အခ်င္ခ်င္း နားလည္ေပးနိုင္ဖို႔ေတာ့ေမၽွာ္လင့္မိတယ္..မနက္ဆိုရင္ Facebook ဖြင့္ရမွာေတာင္..ေၾကာက္ပါတယ္…ဘာျဖစ္လို႔လဲဆိုရင္…အျမဲတမ္း.. ကိုယ္သိတဲ့တစ္ေယာက္ေယာက္ရဲ့ နာေရးသတင္းတစ္ခုခုကေစာင့္ႀကိဳေနလို႔ပါပဲ ..ဒါဟာတကယ္ကို Shock အႀကီးစားႀကီးျဖစပါတယ္ ..

ဒီလိုအေျခအေနမွာ..ဘယ္သူကေပ်ာ္နိုင္မွာလဲ..ဒီလိုအျဖစ္အပ်က္ေတြထဲ ကိုယ္ေရာပါလာေတာ့မလား..ကိုယ္ခ်စ္တဲ့သူေတြေရာ..ပါသြားေတာ့မလားလို႔ စိုးရိမ္ရတာလည္း တကယ့္ကိုအႀကီးစား..ဖိအားႀကီးတစ္ခုျဖစ္ပါတယ္ လူတိုင္းက..အတြင္းေရာ..အျပင္ေရာ..ဖိအား..တစ္ခုမကရွိေနတဲ့အခ်ိန္မွာ စိတ္ေတြက..အစြန္းေရာက္လာတယ္..

အိမ္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာ..အဆင္မေျပၾကေတာ့ဘူး.. ေမာင္ႏွမေတြရန္ျဖစ္ၾကတယ္.. ေဆြမ်ိဳးသားခ်င္းေတြၿငိၾကတယ္.. သိပ္ခ်စ္တဲသူငယ္ခ်င္းေတြေတာင္အခ်င္းခ်င္းမေခၚၾကေတာ့ဘူးတဲ့..ေလတင္းေနတဲ့..ပူေဖာင္းေတြလိုဆတ္ခနဲထိလိုက္တာနဲ႔..ေပါက္ကြဲထြက္ကုန္ၾကတယ္..ေပ်ာ္ေနပုံရတယ္..ဆိုရင္အျပစ္ေျပာခံရတယ္ .. ေမြးေန႔လုပ္တယ္ဆိုရင္..Sorry ပါ.. Happy..Birthday လို႔မေျပာနိုင္ဘူး…ျဖစ္လာၾကတယ္..

Positive Thinking လို႔ေျပာရင္..ၾကည့္မရၾကဘူး ..စာအရွည္ႀကီးေရးရင္ ..အင္တာနက္ထဲက quote ေတြထည့္ေရးရင္ ေပါတယ္လို႔ ဟားၾကတယ္..ဘုရာတရားလုပ္တာကစလို႔..လႈတာ ..မလႈတာကအဆုံး..သေဘာကြဲလြဲမႈေတြထပ္ေနတယ္..လူတိုင္းဟာ..ကိုယ္နဲ႔မတူနိုင္ဘူး..ဆိုတဲ့အခ်က္ကို ေမ့ေနၾကေတာ့လည္း..ဒီအခ်ိန္မွာအခ်င္းခ်င္းနားလည္ေပးရမယ့္အစား ..မရည္ရြယ္ပါဘဲ..ဖိအားေတြ..ေပးေနမိသလို​ ျဖစ္ၾကရတယ္..

အျမဲပူေလာင္ ေနေစခ်င္တာလား..အခ်ိန္တိုင္း…ဝမ္းနည္း…ငိုေႂကြးေနေစခ်င္တာလား..လူေတြအကုန္လုံးစိတ္ဆင္းရဲေနမွပဲ ေက်နပ္ၾကမွာလား .. တခ်ိန္လုံးေၾကာက္ရြံ့ေနေစခ်င္တာလား ..အမုန္းသံသရာႀကီးထဲမွာ..အခ်ိန္ျပည့္..လည္ပတ္ေနေစခ်င္တာလား..ဆဲေနမွ ႀကိဳက္တာလား..အခ်ိန္ျပည့္ ေဒါသထက္ေနရမွာလား..Move On မလုပ္ၾကရေတာ့ဘူးလား..

ေအးခ်မ္းမႈဆိုတာ..ခဏေလး..ေသးေသးေလး..နည္းနည္းေလးေတာင္မွ..လုံးဝရွာေဖြမေတြ႕ရွိနိုင္ေတာ့ဘဲ..ေပ်ာက္ဆုံးသြားၾကတယ္ ..ကိုယ္ကိုယ္တိုင္စတ္.. ေအးၿငိမ္းမႈ..မရွိတဲ့အခါ..ကိုယ့္ပတ္ဝန္းက်င္က..လူေတြလည္း ..ဘယ္ၿငိမ္းခ်မ္းနိုင္ပါေတာ့မလဲ..ပူပင္ေလာင္ၿမိဳက္မႈေတြမ်ားေနတဲ့အခါမွာ..ဒီခံစားမႈေတြက ပတ္ဝန္းက်င္တစ္ခုလုံးကိုႀကီးစိုး..လြင့္ပ်ံ႕ေနတယ္.. ဒါေတြအားလုံးဟာ Negative Energy အပူစြမ္းအင္ေတြပါပဲ ..ဘယ္ေလာက္ေအးေအာင္ေနနိုင္တဲ့သူပဲျဖစ္ျဖစ္ အပူဟပ္တဲ့ဒဏ္ကို ခံစားရပါတယ္..

အကုန္လုံးထိေတြ႕ရိုက္ခတ္ ခံစားေနၾကရတယ္ ..မီးက အင္အားမ်ားေနတဲ့အခါ..ေရကမနိုင္သလိုပါပဲ..ဟုတ္တယ္…ကၽြန္မလည္း မေပ်ာ္ဘူး.. ဒါေပမဲ့..ေအးၿငိမ္းေအာင္ ႀကိဳးစားေနတယ္..အဆင္မေျပဘူး.. ဒါေပမဲ့..အဆင္​ေျပေအာင္ တတ္နိုင္သမၽွလုပ္ေနတယ္..ေၾကာက္ေတာ့ေၾကာက္တယ္..ဒါေပမဲ့ ဘာျဖစ္ျဖစ္.. တည္တည္ၿငိမ္ၿငိမ္ရင္ဆိုင္သြားမယ္.. မုန္းတယ္..ဒါေပမဲ့..အကုသိုလ္ မျဖစ္ေအာင္ေနပါတယ္..

စိတ္ဓာတ္က်တယ္..ဒါေပမဲ့ အေကာင္းဆုံးကိုေမၽွာ္လင့္ေနတယ္..မရွိေတာ့တဲ့ သူေတြအတြက္ အားနာ ဝမ္းနည္းမိတယ္..ဒါေပမဲ့..အသက္ရွင္ေနရြ႕တာ့..လုပ္စရာရွိတာေတြလုပ္ရင္း..ဆက္လက္ Move on လုပ္သြားပါမယ္..

အျဖစ္အပ်က္ေတြ အားလုံးကို မေမ့နိုင္ပါဘူး..ဒါေပမဲ့..ကိုယ့္စိတ္ကိုယ္ အျမဲနာက်င္ေနရေအာင္ေတာ့ ႏွိပ္စက္မေနေတာ့ဘူး..ဖိအားေတြမ်ားလာရင္ ေလၽွာ့ပစ္လိုက္တယ္..ခု ရက္ေတြမွာေတာ့..ဒီဖိအားေတြက..သက္သာလိုသက္သာျငား ဟာသေတြလိုက္ရွာေနမိတယ္ ..

ေသတာကေတာ့ေသမွာပါပဲ ..ဘာမွမစိုးရိမ္နဲ႔ ..တတိယလွိုင္းမွာမေသရင္လည္း စတုတၳလွိုင္းမွာေသမွာပဲ.. ကိုႀကီးဇူကာဘတ္ ..ခလိန္းတို႔ကိုမဘန္းနဲ႔ေနာ္ .. ကိုေဖသန္းက .. အေနာက္ဘက္မုခ္ကိုသြား ..Vocal ေလးေတာ့က်င့္ထား..ဆိုတဲ့ video ေလးေတြ​ၾကည့္..စာေလးေတြဖတ္ရင္း .. ခဏတျဖဳတ္ရယ္နိုင္ဖို႔ကိုႀကိဳးစားေနမိတယ္..

ေမြးေန႔.. မဂၤလာႏွစ္ပတ္လည္.. က်န္းမာခ်မ္းသာေၾကာင္း..အမ်ားသူငါ..မိတ္ေဆြေတြရဲ့အေပ်ာ္ေလးေတြ ေတြ႕ရင္.. လိုက္ပါခံစားေနမိတယ္.. အလႉဒါတြေတြ႕ရင္ေက်းဇူးတင္တယ္.. ေရာင္းသူဝယ္သူအသံတူၿပီး..တစ္ေယာက္က..လိုတာရသြား..တစ္ေယာက္ကပိုက္ဆံရသြားတဲ့အခါ….ဝမ္းသာေပးမိတယ္..
ခဏေတာ့ ေပ်ာ္ခ်င္တယ္…သတင္းေတြ..သိပ္မဖတ္ဘဲ

ေအးရာေအးေၾကာင္းေလးေတြလိုက္ရွာေနရတယ္ .. မိုးရြာတာကိုၾကည့္တယ္..ေကာင္းကင္ကိုၾကည့္တယ္ .. ခ်စ္စရာအေကာင္ပေလာင္ကေလးေတြကိုၾကည့္တယ္..ခဏေလးျဖစ္ျဖစ္..ေအး..ခ်င္တယ္..

အတင္းႀကီး လိုက္ေအးခ်မ္းေနဖို႔ မလိုေပမဲ့..အတြင္းအျပင္ ဖိအားေတြ..ရွိေနတယ္..ပိေနတယ္..ဆိုတာကိုေတာ့ နားလည္ လက္ခံ ေပးရမယ္..ဒါမွပဲ ေျဖေလ်ာ့နိုင္ပါလိမ့္မယ္.. လူတစ္ေယာက္ဟာ ..စိတ္ပိုင္းဆိုင္ရာအရ..အျမဲတမ္းႀကီး တင္းမာခက္ထန္ေနဖို႔ဆိုတာ.. ေရရွည္မွာသိပ္အဆင္ေျပမယ္..မထင္ဘူး..

တစ္ခါတေလမွာကၽြန္မတို႔ဟာ.. အေရွ႕ကိုဆက္သြားနိုင္ဖို႔..Move on လုပ္ဖို႔အတြက္..ေႏြးေထြးေပ်ာ့ေပ်ာင္းတတ္ရမယ္..ကိုယ့္ပတ္ဝန္းက်င္က လူေတြရဲ့.ေဒါသေတြ..မေက်နပ္တာေတြ..မေခ်ငံတာေတြ..ကိုေတြ႕ရတဲ့အခါမွာလည္း..ဖိအားေတြေၾကာင့္ပဲ..ဆိုတာကို နားလည္ေပးလိုက္ပါတယ္..သူတို႔ရင္ထဲမွာလည္း..ဒူးရင္းသီးေတြသီးေနလို႔ျဖစ္မွာပါပဲ ..

တစ္ခ်ိန္က်ရင္ေတာ့လည္း..အရာအားလုံးဟာ..ၿပီးဆုံးသြားလိမ့္မယ္..အားလုံးကို… ေဘးေရာဂါ..အႏၲရာယ္ေတြက ကင္းေဝးၿပီး အလိုရွိအပ္..ေတာင့္တအပ္တဲ့…ဆုေတြနဲ႔ျပည့္စုံေစခ်င္တယ္..ႏွစ္ႏွစ္ကာကာ မေပ်ာ္ရတာလည္း ၾကာၿပီပဲ..ကိုယ္လည္း..လြတ္လပ္စြာ..ေပ်ာ္ခ်င္ၿပီ..အားလုံးကိုလည္းေပ်ာ္ေစခ်င္ပါၿပီ..

unicode

ဗဟုသုတ စာပေတွေ ဝေမျှပေးသူ၊ ပရဟိတ လုပ်ငန်းတွေမှာ ဦးဆောင် ပါဝင်ဆောင်ရွက်ခဲ့သူ ဒေါက်တာ ရွှေထွန်း ကွယ်လွန်

ဗဟုသုတ ရစရာ စာပေတွေ ဝေမျှပေးသူ၊ ပရဟိတ လုပ်ငန်းတွေမှာ ဦးဆောင် ပါဝင်ဆောင်ရွက်ခဲ့သူ “ဒေါက်တာရွှေထွန်း”

ယနေ့ နံနက် ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဆရာကြီးရဲ့ စာပေတွေကို အမြဲတမ်းစောင့်မျှော်အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ယောက်ပါ

ခုတော့ အဟောင်းတွေပဲ ရှာဖတ်ရတော့မယ်ဗျာ…

အောက်ကစာလေးကတော့ ဆရာကြီး ပြန်လည်မျှဝေထားတဲ့ ဗဟုသုတ စာပေလေးပါ

သူငယ်ချင်းတစ်ယောက်က..ပြောတယ် ..လူတိုင်းရဲ့ရင်မှာပန်းတွေပွင့်နေကြတာမဟုတ်ဘူး..ဒူးရင်းသီးတွေသီးနေကြတာ ..တဲ့…သူပြောတာကိုသဘောကျမိလို့စိတ်ညစ်ညစ်နဲ့ပဲ..ရယ်လိုက်မိသေးတယ်..

အမှန်ပါပဲ ..ဒီအချိန်မှာလူတိုင်းကဖိအားတွေထဲမှာ.. ရှင်သန်နေကြရသလိုဖြစ်နေကြတယ်..စိတ်ထဲမှာ အတွင်း ဖိအားတွေရှိတယ်..လေးလံနေကြတယ်..မိသားစုထဲမှာ..အိမ်မှာ..အလုပ်မှာပတ်ဝန်းကျင်မှာ ..Facebook ပေါ်မှာ..ဖိအားတွေ..Pressure တွေ အသီးသီးရှိနေကြတယ် ..ဘယ်သူမှသာယာ..စိုပြည်မနေဘူး ..

အလုပ်လုပ်နေရတာလည်းရှိမယ်..ခဏတစ်ဖြုတ်အပြင်ထွက်မိတာရှိရင်ရှိမယ်.. သူငယ်ချင်းတွေနဲ့တွေ့ချင်တွေ့မိလိမ့်မယ်..ရယ်ရင်လည်း ရယ်မိမှာပဲ..Facebook မှာ..ပေါတောတောတွေ လျှောက်ရေးမိတာလည်း ရှိမယ်..ဒါပေမဲ့..အဲဒါတွေအကုန်လုံးဟာ..ပျော်နေလို့တော့မဟုတ်ဘူး.. တကယ်ပျော်လျေက်နဲ့ မပျော်ပါဘူးလို့..ဟန်ဆောင်လျှောက်လဲချက်ပေးတာမဟုတ်ပါဘူး..လူတွေရဲ့..

စိတ်ထွက်ပေါက်ကလေးတွေကို.. အချင်ချင်း နားလည်ပေးနိုင်ဖို့တော့မျှော်လင့်မိတယ်..မနက်ဆိုရင် Facebook ဖွင့်ရမှာတောင်..ကြောက်ပါတယ်…ဘာဖြစ်လို့လဲဆိုရင်…အမြဲတမ်း.. ကိုယ်သိတဲ့တစ်ယောက်ယောက်ရဲ့ နာရေးသတင်းတစ်ခုခုကစောင့်ကြိုနေလို့ပါပဲ ..ဒါဟာတကယ်ကို Shock အကြီးစားကြီးဖြစပါတယ် ..

ဒီလိုအခြေအနေမှာ..ဘယ်သူကပျော်နိုင်မှာလဲ..ဒီလိုအဖြစ်အပျက်တွေထဲ ကိုယ်ရောပါလာတော့မလား..ကိုယ်ချစ်တဲ့သူတွေရော..ပါသွားတော့မလားလို့ စိုးရိမ်ရတာလည်း တကယ့်ကိုအကြီးစား..ဖိအားကြီးတစ်ခုဖြစ်ပါတယ် လူတိုင်းက..အတွင်းရော..အပြင်ရော..ဖိအား..တစ်ခုမကရှိနေတဲ့အချိန်မှာ စိတ်တွေက..အစွန်းရောက်လာတယ်..

အိမ်မှာ တစ်ယောက်နဲ့တစ်ယောက် စကားပြော..အဆင်မပြေကြတော့ဘူး.. မောင်နှမတွေရန်ဖြစ်ကြတယ်.. ဆွေမျိုးသားချင်းတွေငြိကြတယ်.. သိပ်ချစ်တဲသူငယ်ချင်းတွေတောင်အချင်းချင်းမခေါ်ကြတော့ဘူးတဲ့..လေတင်းနေတဲ့..ပူဖောင်းတွေလိုဆတ်ခနဲထိလိုက်တာနဲ့..ပေါက်ကွဲထွက်ကုန်ကြတယ်..ပျော်နေပုံရတယ်..ဆိုရင်အပြစ်ပြောခံရတယ် .. မွေးနေ့လုပ်တယ်ဆိုရင်..Sorry ပါ.. Happy..Birthday လို့မပြောနိုင်ဘူး…ဖြစ်လာကြတယ်..

Positive Thinking လို့ပြောရင်..ကြည့်မရကြဘူး ..စာအရှည်ကြီးရေးရင် ..အင်တာနက်ထဲက quote တွေထည့်ရေးရင် ပေါတယ်လို့ ဟားကြတယ်..ဘုရာတရားလုပ်တာကစလို့..လှုတာ ..မလှုတာကအဆုံး..သဘောကွဲလွဲမှုတွေထပ်နေတယ်..လူတိုင်းဟာ..ကိုယ်နဲ့မတူနိုင်ဘူး..ဆိုတဲ့အချက်ကို မေ့နေကြတော့လည်း..ဒီအချိန်မှာအချင်းချင်းနားလည်ပေးရမယ့်အစား ..မရည်ရွယ်ပါဘဲ..ဖိအားတွေ..ပေးနေမိသလို​ ဖြစ်ကြရတယ်..

အမြဲပူလောင် နေစေချင်တာလား..အချိန်တိုင်း…ဝမ်းနည်း…ငိုကြွေးနေစေချင်တာလား..လူတွေအကုန်လုံးစိတ်ဆင်းရဲနေမှပဲ ကျေနပ်ကြမှာလား .. တချိန်လုံးကြောက်ရွံ့နေစေချင်တာလား ..အမုန်းသံသရာကြီးထဲမှာ..အချိန်ပြည့်..လည်ပတ်နေစေချင်တာလား..ဆဲနေမှ ကြိုက်တာလား..အချိန်ပြည့် ဒေါသထက်နေရမှာလား..Move On မလုပ်ကြရတော့ဘူးလား..

အေးချမ်းမှုဆိုတာ..ခဏလေး..သေးသေးလေး..နည်းနည်းလေးတောင်မှ..လုံးဝရှာဖွေမတွေ့ရှိနိုင်တော့ဘဲ..ပျောက်ဆုံးသွားကြတယ် ..ကိုယ်ကိုယ်တိုင်စတ်.. အေးငြိမ်းမှု..မရှိတဲ့အခါ..ကိုယ့်ပတ်ဝန်းကျင်က..လူတွေလည်း ..ဘယ်ငြိမ်းချမ်းနိုင်ပါတော့မလဲ..ပူပင်လောင်မြိုက်မှုတွေများနေတဲ့အခါမှာ..ဒီခံစားမှုတွေက ပတ်ဝန်းကျင်တစ်ခုလုံးကိုကြီးစိုး..လွင့်ပျံ့နေတယ်.. ဒါတွေအားလုံးဟာ Negative Energy အပူစွမ်းအင်တွေပါပဲ ..ဘယ်လောက်အေးအောင်နေနိုင်တဲ့သူပဲဖြစ်ဖြစ် အပူဟပ်တဲ့ဒဏ်ကို ခံစားရပါတယ်..

အကုန်လုံးထိတွေ့ရိုက်ခတ် ခံစားနေကြရတယ် ..မီးက အင်အားများနေတဲ့အခါ..ရေကမနိုင်သလိုပါပဲ..ဟုတ်တယ်…ကျွန်မလည်း မပျော်ဘူး.. ဒါပေမဲ့..အေးငြိမ်းအောင် ကြိုးစားနေတယ်..အဆင်မပြေဘူး.. ဒါပေမဲ့..အဆင်​ပြေအောင် တတ်နိုင်သမျှလုပ်နေတယ်..ကြောက်တော့ကြောက်တယ်..ဒါပေမဲ့ ဘာဖြစ်ဖြစ်.. တည်တည်ငြိမ်ငြိမ်ရင်ဆိုင်သွားမယ်.. မုန်းတယ်..ဒါပေမဲ့..အကုသိုလ် မဖြစ်အောင်နေပါတယ်..

စိတ်ဓာတ်ကျတယ်..ဒါပေမဲ့ အကောင်းဆုံးကိုမျှော်လင့်နေတယ်..မရှိတော့တဲ့ သူတွေအတွက် အားနာ ဝမ်းနည်းမိတယ်..ဒါပေမဲ့..အသက်ရှင်နေရွ့တာ့..လုပ်စရာရှိတာတွေလုပ်ရင်း..ဆက်လက် Move on လုပ်သွားပါမယ်..

အဖြစ်အပျက်တွေ အားလုံးကို မမေ့နိုင်ပါဘူး..ဒါပေမဲ့..ကိုယ့်စိတ်ကိုယ် အမြဲနာကျင်နေရအောင်တော့ နှိပ်စက်မနေတော့ဘူး..ဖိအားတွေများလာရင် လျှော့ပစ်လိုက်တယ်..ခု ရက်တွေမှာတော့..ဒီဖိအားတွေက..သက်သာလိုသက်သာငြား ဟာသတွေလိုက်ရှာနေမိတယ် ..

သေတာကတော့သေမှာပါပဲ ..ဘာမှမစိုးရိမ်နဲ့ ..တတိယလှိုင်းမှာမသေရင်လည်း စတုတ္ထလှိုင်းမှာသေမှာပဲ.. ကိုကြီးဇူကာဘတ် ..ခလိန်းတို့ကိုမဘန်းနဲ့နော် .. ကိုဖေသန်းက .. အနောက်ဘက်မုခ်ကိုသွား ..Vocal လေးတော့ကျင့်ထား..ဆိုတဲ့ video လေးတွေ​ကြည့်..စာလေးတွေဖတ်ရင်း .. ခဏတဖြုတ်ရယ်နိုင်ဖို့ကိုကြိုးစားနေမိတယ်..

မွေးနေ့.. မင်္ဂလာနှစ်ပတ်လည်.. ကျန်းမာချမ်းသာကြောင်း..အများသူငါ..မိတ်ဆွေတွေရဲ့အပျော်လေးတွေ တွေ့ရင်.. လိုက်ပါခံစားနေမိတယ်.. အလှူဒါတွတွေ့ရင်ကျေးဇူးတင်တယ်.. ရောင်းသူဝယ်သူအသံတူပြီး..တစ်ယောက်က..လိုတာရသွား..တစ်ယောက်ကပိုက်ဆံရသွားတဲ့အခါ….ဝမ်းသာပေးမိတယ်..
ခဏတော့ ပျော်ချင်တယ်…သတင်းတွေ..သိပ်မဖတ်ဘဲ

အေးရာအေးကြောင်းလေးတွေလိုက်ရှာနေရတယ် .. မိုးရွာတာကိုကြည့်တယ်..ကောင်းကင်ကိုကြည့်တယ် .. ချစ်စရာအကောင်ပလောင်ကလေးတွေကိုကြည့်တယ်..ခဏလေးဖြစ်ဖြစ်..အေး..ချင်တယ်..

အတင်းကြီး လိုက်အေးချမ်းနေဖို့ မလိုပေမဲ့..အတွင်းအပြင် ဖိအားတွေ..ရှိနေတယ်..ပိနေတယ်..ဆိုတာကိုတော့ နားလည် လက်ခံ ပေးရမယ်..ဒါမှပဲ ဖြေလျော့နိုင်ပါလိမ့်မယ်.. လူတစ်ယောက်ဟာ ..စိတ်ပိုင်းဆိုင်ရာအရ..အမြဲတမ်းကြီး တင်းမာခက်ထန်နေဖို့ဆိုတာ.. ရေရှည်မှာသိပ်အဆင်ပြေမယ်..မထင်ဘူး..

တစ်ခါတလေမှာကျွန်မတို့ဟာ.. အရှေ့ကိုဆက်သွားနိုင်ဖို့..Move on လုပ်ဖို့အတွက်..နွေးထွေးပျော့ပျောင်းတတ်ရမယ်..ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့.ဒေါသတွေ..မကျေနပ်တာတွေ..မချေငံတာတွေ..ကိုတွေ့ရတဲ့အခါမှာလည်း..ဖိအားတွေကြောင့်ပဲ..ဆိုတာကို နားလည်ပေးလိုက်ပါတယ်..သူတို့ရင်ထဲမှာလည်း..ဒူးရင်းသီးတွေသီးနေလို့ဖြစ်မှာပါပဲ ..

တစ်ချိန်ကျရင်တော့လည်း..အရာအားလုံးဟာ..ပြီးဆုံးသွားလိမ့်မယ်..အားလုံးကို… ဘေးရောဂါ..အန္တရာယ်တွေက ကင်းဝေးပြီး အလိုရှိအပ်..တောင့်တအပ်တဲ့…ဆုတွေနဲ့ပြည့်စုံစေချင်တယ်..နှစ်နှစ်ကာကာ မပျော်ရတာလည်း ကြာပြီပဲ..ကိုယ်လည်း..လွတ်လပ်စွာ..ပျော်ချင်ပြီ..အားလုံးကိုလည်းပျော်စေချင်ပါပြီ..