ၾကားသိရသမွ်

မႏၲေလးၿပီးမွ ရန္ကုန္ဆိုတာ ေက်ေက်နပ္နပ္ႀကီးလက္ခံလိုက္ပါၿပီဆိုတဲ့ ယုန္ေလး

ယုန္ေလးကေတာ့ လတ္တေလာမွာ ဂီတဝါသနာရွင္မ်ိဳးဆက္သစ္လူငယ္ေတြကို လက္တြဲေခၚယူေန႐ုံမက ခ်ိဳ႕တဲ့ေနသူေတြကို ဆက္တိုက္ကူညီေနသူမို႔ ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ပါ။

သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာလည္း တေန႔တာအေၾကာင္းအရာနဲ႔ ခံစားခ်က္ေတြကို ဆက္တိုက္မၽွေဝေပးေလ့ရွိသူရွိၿပီး ဒီေန႔မွာေတာ့ မႏၲေလးၿမိဳ႕နဲ႔ပတ္သက္ၿပီး ၾကည္ႏူးပီတိျဖစ္ေနပုံကို မၽွေဝခဲ့ပါတယ္။

လြန္ခဲ့တဲ့ရက္ပိုင္းက အမရပူရ တာရိုးက်ိဳးေပါက္သြားခဲ့တဲ့အေပၚမွာ ျပန္လည္တည္ေဆာက္ေရးသာမက ေရေဘးသင့္ျပည္သူေတြအတြက္ ဝန္ႀကီးခ်ဳပ္၊ၿမိဳ႕ေတာ္ဝန္နဲ႔ အလႉရွင္ေတြ ျပည္သူေတြ စစ္သားေတြတက္ညီလက္ညီ ကူညီေနမႈနဲ႔ပတ္သက္ၿပီး ” ဂုဏ္ယူပါတယ္ Mandalay

ေလးစား ပီတိ ျဖစ္မိပါတယ္ဗ်ာ .Respect ပါ… တစ္နိုင္ငံလုံး Mandalay လိုေတြျဖစ္ရင္ .အေမ့သားေတြ အကုန္ ဦးေဇာ္ျမင့္ေမာင္ . ဦးရဲလြင္ဆို ကၽြန္ေတာ္တို႔ေတြ ပိုေပ်ာ္ရၿပီ .ဒီျမင္ကြင္းေလးက အေတာ္က်က္သေရရွိပါတယ္ .ဘုန္းဘုန္း ရွင္ေဆကိႏၵ ကလည္း ေရေဘးသင့္ လူ(၅၀၀၀)ကို ထမင္းေတြေကၽြး . စစ္တပ္ကလည္း ဝိုင္းကူ…. စည္းလုံး ျခင္းသည္ အင္အားဆိုတာ ဒါပါ .အဲ့လို ေတြ စည္းလုံး ညီညြတ္ခ်င္ၿပီ .

အရင္တုန္းကေတ့ ရန္ကုန္သား ဘာညာေပါ့ ကိုယ္လည္း ေသြးတိုးနဲ႔ . အခုေတာ့ ဝန္ခံပါတယ္ .Mandalay ၿပီးမြ Yangon ဆိုတာ ေက်ေက်နပ္နပ္လက္ခံပါတယ္….အားလုံး Peace ” ဆိုၿပီး ရင္ထဲကခံစားခ်က္ေတြကို မၽွေဝခဲ့ပါတယ္။

မထင္မွတ္ဘဲ ျဖစ္ေပၚလာတဲ့ ေဘးဒုကၡအႏၲရာယ္ကို ျပည္သူတစ္ရပ္လုံးတက္ညီလက္ညီ ဝိုင္းဝန္းကူညီေနၾကတဲ့ ျမင္ကြင္းေလးေတြကေတာ့ တကယ္ကို ၾကည္ႏူးစရာပါပဲ ပရိသတ္ႀကီးေရ… ယုန္ေလးကေတာ့ လူညီလြန္းတဲ့ မႏၲေလးၿမိဳ႕ကလူေတြကို ဂုဏ္ယူေလးစားေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာမွာ မၽွေဝခဲ့တာပါ။

Source -Yone Lay

Rainbow- Cele Gabar

Unicode

ယုန်လေးကတော့ လတ်တလောမှာ ဂီတဝါသနာရှင်မျိုးဆက်သစ်လူငယ်တွေကို လက်တွဲခေါ်ယူနေရုံမက ချို့တဲ့နေသူတွေကို ဆက်တိုက်ကူညီနေသူမို့ ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း တနေ့တာအကြောင်းအရာနဲ့ ခံစားချက်တွေကို ဆက်တိုက်မျှဝေပေးလေ့ရှိသူရှိပြီး ဒီနေ့မှာတော့ မန္တလေးမြို့နဲ့ပတ်သက်ပြီး ကြည်နူးပီတိဖြစ်နေပုံကို မျှဝေခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက အမရပူရ တာရိုးကျိုးပေါက်သွားခဲ့တဲ့အပေါ်မှာ ပြန်လည်တည်ဆောက်ရေးသာမက ရေဘေးသင့်ပြည်သူတွေအတွက် ဝန်ကြီးချုပ်၊မြို့တော်ဝန်နဲ့ အလှူရှင်တွေ ပြည်သူတွေ စစ်သားတွေတက်ညီလက်ညီ ကူညီနေမှုနဲ့ပတ်သက်ပြီး ” ဂုဏ်ယူပါတယ် Mandalay

လေးစား ပီတိ ဖြစ်မိပါတယ်ဗျာ .Respect ပါ… တစ်နိုင်ငံလုံး Mandalay လိုတွေဖြစ်ရင် .အမေ့သားတွေ အကုန် ဦးဇော်မြင့်မောင် . ဦးရဲလွင်ဆို ကျွန်တော်တို့တွေ ပိုပျော်ရပြီ .ဒီမြင်ကွင်းလေးက အတော်ကျက်သရေရှိပါတယ် .ဘုန်းဘုန်း ရှင်ဆေကိန္ဒ ကလည်း ရေဘေးသင့် လူ(၅၀၀၀)ကို ထမင်းတွေကျွေး . စစ်တပ်ကလည်း ဝိုင်းကူ…. စည်းလုံး ခြင်းသည် အင်အားဆိုတာ ဒါပါ .အဲ့လို တွေ စည်းလုံး ညီညွတ်ချင်ပြီ .

အရင်တုန်းကတေ့ ရန်ကုန်သား ဘာညာပေါ့ ကိုယ်လည်း သွေးတိုးနဲ့ . အခုတော့ ဝန်ခံပါတယ် .Mandalay ပြီးမွ Yangon ဆိုတာ ကျေကျေနပ်နပ်လက်ခံပါတယ်….အားလုံး Peace ” ဆိုပြီး ရင်ထဲကခံစားချက်တွေကို မျှဝေခဲ့ပါတယ်။

မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခအန္တရာယ်ကို ပြည်သူတစ်ရပ်လုံးတက်ညီလက်ညီ ဝိုင်းဝန်းကူညီနေကြတဲ့ မြင်ကွင်းလေးတွေကတော့ တကယ်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ… ယုန်လေးကတော့ လူညီလွန်းတဲ့ မန္တလေးမြို့ကလူတွေကို ဂုဏ်ယူလေးစားကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပါ။

Source -Yone Lay

Rainbow- Cele Gabar