သရုပ်ဆောင်ချစ်သုဝေကတော့ မတူညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်။
ချစ်သုဝေကသရုပ်ဆောင်ကောင်းတာအပြင်အသံပါဝါကောင်းကောင်းနဲ့တေးသီချင်းကောင်းများစွာကိုလဲတီဆိုထားပါသေးတယ်၊နောက်ပြီးတော့ချစ်သုဝေကချစ်ခင်ပွန်းအဆိုတော်လင်းလင်းနဲ့ချစ်စရာကောင်းတဲ့အမွှာသမီးလေး၂ယောက်ကိုလဲပိုင်ဆိုင်ထားပါသေးတယ်။
ချစ်သုဝေကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထူလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊
အမှန်တရားကိုမြတ်နိုးပြီးဒီလိုပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်အရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်၊ချစ်သုဝေကတိမ်းရှောင်နေစဉ်မှာလဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေခဲ့တာပဲဖြစ်ပါတယ်။
အခုတစ်ခါမှာဆိုရင်လဲချစ်သုဝေကပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုအခုလိုရေးသားထားပါတယ်၊ချစ်သုက ဒီလမ်းကိုချောမယ်ထင်လို့ရွေးခဲ့တာမဟုတ်ရောက်မှာယုံလို့ဖောက်ခဲ့တာ။ဘဝမှာတခါတရံမြင်စမ်းပါလို့မတိုက်တွန်းဘဲယုံစမ်းပါလို့တောင်းဆိုရမြဲမဟုတ်လား၊
ရင်ဆိုင်ရာကိုစိုက်ကြည့်ရင်းကျောခိုင်းရာကိုပြုံးပြရင်းဓါးလှံဘက်ခိုလှုံတာထက်တရားမှန်ဘက်ကိုပုံလိုက်တာ၊မယုံမရဲနဲ့ဆိုနွေညကောင်းကင်ကြည့်ရင်တောင်ကြယ်ကလေးတပွင့်မြင်မှာမဟုတ်ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။
Credit…M. M. H
———–
Credit…