ၾကားသိရသမွ်

ရုပ်အလောင်းကို ယနေ့အချိန်ထိပြန်မပေးတာကြောင့် Dead Bodyမပါဘဲ ပြုလုပ်ခဲ့ရတဲ့ သူရဲကောင်းမသူသူဇင်ရဲ့စျာပနအခမ်းအနားမြင်ကွင်း

ပြီးခဲ့တဲ့ Julyလ(27)ရက်နေ့က မန္တလေးမြို့မှာ မြတောင်သပိတ်စစ်ကြောင်းဆင်နွှဲနေတုန်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရပြီး ပြည်သူ(၃)ဦး

ကျည်ထိမှန်ခဲ့ပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ ပြည်သူတွေထဲ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မသူသူဇင်တစ်ယောက်ပါဝင်ခဲ့ပြီး ဦးခေါင်းကျည်ထိမှန်ခဲ့ကာ

နေရာမှာပင်ပွဲချင်းပြီး အသက်သေဆုံးသွားခဲ့ရပါတယ်။

ကျဆုံးသွားတဲ့ သူရဲကောင်းမသူသူဇင်ဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ထုတ်ဖော်ပြသတဲ့ မန္တလေးက ဆန္ဒပြပွဲတွေမှာ ရဲရဲရင့်

ရင့်နဲ့တက်တက်ကြွကြွပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

နောက်ဆုံးအချိန်ထိ အာဏာရှင်ကိုတွန်းလှန်ခဲ့ပြီး အာဇာနည်သွေးအပြည့်ပါတဲ့ မသူသူဇင်တစ်ယောက် ကျဆုံးသွားလို့ ပြည်သူတွေ

က ဝမ်းနည်းပူဆွေးနေကြပါတယ်။သူရဲကောင်းမသူသူဇင်ရဲ့ ရုပ်အလောင်းကိုတော့ ယနေ့အချိန်အထိမိသားစုထံ ပြန်မပေးသေး

ကြောင်း စိတ်မကောင်းစွာနဲ့ သိရှိရပါတယ်။

ယနေ့Julyလ(29)ရက်နေ့မှာတော့ အာဏာရှင်ကို ရရာနည်းလမ်းနဲ့တွန်းလှန်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းမသူသူဇင်

ရဲ့ စျာပနအခမ်းအနားကို မန္တလေးသပိတ်ပေါင်းစုံက ရဲဘော်ရဲဘက်တွေက ပြုလုပ်ပေးခဲ့ပါတယ်။

သူရဲကောင်းမသူသူဇင်ရဲ့ ရုပ်အလောင်းကို ပြန်မ​ပေးတာကြောင့် Dead Bodyမပါဘဲ စျပနာကို ကျင်းပပြုလုပ်ခဲ့ရတာဖြစ်ပြီး ပြည်သူတွေ

ကတော့ ဝမ်းနည်းဆို့နစ်စရာ​ကောင်းတဲ့ စျာပနာအခမ်းအနားပုံရိပ်လေးတွေကို ကြည့်ကာ ဝမ်းနည်းနေခဲ့ပါတယ်။

မြန်မာပြည်သူတွေကတော့ အခုလိုပစ်ခတ်ခံရမှုတွေရှိနေပေမယ့်လည်း မကြောက်ရွံကြဘဲ အာဏာရှင်ဆန်ကျင့်တဲ့ သပိတ်

စစ်ကြောင်းတွေကို ဆက်လက်ပြုလုပ်နေကြတာဖြစ်ပါတယ်။

မသူသူဇင်ရဲ့ စျာပနအခမ်းအနားကို စိတ်မကောင်းခြင်းတွေများစွာနဲ့ လာရောက်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်

ဖော်ပြပေးလိုက်ရပါတယ်။

Crd