လြန္ခဲ့တဲ့အႏွစ္ ၂၀ က ခင္ပြန္းျဖစ္သူအိပ္မက္မက္ခဲ့တဲ့နံပါတ္မ်ားျဖင့္ ထီထိုးခဲ့ရာ ေဒၚလာ ၆၀ သန္းတန္ထီဆုေပါက္သြားခဲ့တဲ့ အမ်ိဳးသမီး
ကေနဒါႏိုင္ငံရွိ အသက္ ၅၇ ႏွစ္အ႐ြယ္ Deng Pravatoudom အမည္ရွိအမ်ိဳးသမီးတစ္ဦး ဟာ လြန္ခဲ့တဲ့အႏွစ္ ၂၀ က ခင္ပြန္းျဖစ္သူအိမ္မက္မက္ခဲ့တဲ့နံပါတ္မ်ားကို အသုံးျပဳၿပီး ထီထိုးခဲ့ရာ ေဒၚလာသန္း ၆၀ တန္ Lotto Max jackpot ကို ေပါက္သြားခဲ့ေၾကာင္းကို မွ်ေဝခဲ့ပါတယ္။
ၿပီးခဲ့တဲ့လမွာ Pravatoudom ဟာ ဘဏ္မွာေငြေတာင္းခံလႊာအခ်ိဳ႕ကိုေပးေခ်ေနစဥ္ ကားထဲမွာရွိေနတဲ့သူမရဲ႕ခင္ပြန္းက ထီလက္မွတ္ကို စစ္ေဆးေနခဲ့ပါတယ္။
သူမဟာ ကားထဲသို႔ေရာက္လာေတာ့ ခင္ပြန္းျဖစ္သူက ေဒၚလာသန္း ၆၀ ထီဆုေပါက္ခဲ့တယ္လို႔ သူမအား အေလးအနက္ေျပာျပခဲ့ပါတယ္။ခင္ပြန္းျဖစ္သူက အတည္ေပါက္ႀကီးေျပာေနတယ္ဆိုတာ သူမသိသြားတဲ့ခ်ိန္မွာေတာ့ သူမဟာ မ်က္ရည္က်သြားခဲ့ပါတယ္။
သူမဟာ မိသားစုကို ျပဳစုေစာင့္ေရွာက္ႏိုင္မယ့္ ေကာင္းခ်ီးတစ္ခုကို အၿမဲဆုေတာင္းေနခဲ့ေၾကာင္း Pravatoudom က ဆိုခဲ့ပါတယ္။
Pravatoudom ႏွင့္ ခင္ပြန္းျဖစ္သူတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ေပါင္း ၄၀ ေက်ာ္ကာလအတြင္း အေထြေထြအလုပ္သမားမ်ားအျဖစ္ နာရီေပါင္းမ်ားစြာ အလုပ္လုပ္ခဲ့ၿပီး ခက္ခဲဆင္းရဲ႕တဲ့မိသားစုအတြက္ တတ္ႏိုင္သမွ်ကို ကယ္တင္ရန္ႀကိဳးစားခဲ့တယ္လို႔ Pravatoudom က ဆိုခဲ့ပါတယ္။
ဆက္လက္ျဖစ္ပြါးေနခဲ့တဲ့ ကူးစက္ေရာဂါေၾကာင့္ ဒီေငြဟာ ကြၽန္မတို႔ဘဝေတြကို အမ်ားႀကီးပိုလြယ္ကူသြားေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Pravatoudom က ထပ္မံေျပာၾကားခဲ့ပါတယ္။
အသစ္ေတြ႕ရွိခဲ့ရတဲ့စည္းစိမ္ဥစၥာႏွင့္အတူ Pravatoudom ႏွင့္သူမရဲ႕ခင္ပြန္းျဖစ္သူတို႔ဟာ အိမ္တစ္လုံးဝယ္ယူရန္၊ အေႂကြးမ်ားအား ေပးေခ်ရန္၊ ခရီးသြားရန္ႏွင့္ သူတို႔ရဲ႕မိသားစုကိုေထာက္ပံ့ရန္ အစီအစဥ္ရွိတယ္လို႔ OLG က တဆင့္ ေဖာ္ျပထားပါတယ္။
Ontario Lottery and Gaming (OLG) ရဲ႕ပထမဦးဆုံး virtual Winner ပြဲအခမ္းအနားျပသမႈကိုတင္ျပတဲ့အခါ Pravatoudom ဟာ အိမ္တစ္လုံးဝယ္ရန္ႏွင့္ ကူးစက္ေရာဂါက ခြင့္ျပဳမယ္ဆိုရင္ သူမ ကမာၻတဝွမ္းကိုပတ္သြားခ်င္ေၾကာင္း ၊သူမဟာ လာအို မွ ကေနဒါကိုေရာက္တဲ့ အခ်ိန္မွစၿပီး ဘယ္ကိုမွ ခရီးမသြားဖူးဘူးေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။
ဥေရာပ ၊ တကၠဆက္၊ ဟာဝိုင္ယီကို သြားခ်င္ၿပီး ကမာၻေပၚရွိအသစ္ေသာအရာေတြကိုျမင္ေတြ႕ရဖို႔ သူမ အရမ္းစိတ္လႈပ္ရွားေနၿပီျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။
credit
လွန်ခဲ့တဲ့အနှစ် ၂၀ က ခင်ပွန်းဖြစ်သူအိပ်မက်မက်ခဲ့တဲ့နံပါတ်များဖြင့် ထီထိုးခဲ့ရာ ဒေါ်လာ ၆၀ သန်းတန်ထီဆုပေါက်သွားခဲ့တဲ့ အမျိုးသမီး
ကနေဒါနိုင်ငံရှိ အသက် ၅၇ နှစ်အရွယ် Deng Pravatoudom အမည်ရှိအမျိုးသမီးတစ်ဦး ဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က ခင်ပွန်းဖြစ်သူအိမ်မက်မက်ခဲ့တဲ့နံပါတ်များကို အသုံးပြုပြီး ထီထိုးခဲ့ရာ ဒေါ်လာသန်း ၆၀ တန် Lotto Max jackpot ကို ပေါက်သွားခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ Pravatoudom ဟာ ဘဏ်မှာငွေတောင်းခံလွှာအချို့ကိုပေးချေနေစဉ် ကားထဲမှာရှိနေတဲ့သူမရဲ့ခင်ပွန်းက ထီလက်မှတ်ကို စစ်ဆေးနေခဲ့ပါတယ်။
သူမဟာ ကားထဲသို့ရောက်လာတော့ ခင်ပွန်းဖြစ်သူက ဒေါ်လာသန်း ၆၀ ထီဆုပေါက်ခဲ့တယ်လို့ သူမအား အလေးအနက်ပြောပြခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက အတည်ပေါက်ကြီးပြောနေတယ်ဆိုတာ သူမသိသွားတဲ့ချိန်မှာတော့ သူမဟာ မျက်ရည်ကျသွားခဲ့ပါတယ်။
သူမဟာ မိသားစုကို ပြုစုစောင့်ရှောက်နိုင်မယ့် ကောင်းချီးတစ်ခုကို အမြဲဆုတောင်းနေခဲ့ကြောင်း Pravatoudom က ဆိုခဲ့ပါတယ်။
Pravatoudom နှင့် ခင်ပွန်းဖြစ်သူတို့ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း အထွေထွေအလုပ်သမားများအဖြစ် နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ခက်ခဲဆင်းရဲ့တဲ့မိသားစုအတွက် တတ်နိုင်သမျှကို ကယ်တင်ရန်ကြိုးစားခဲ့တယ်လို့ Pravatoudom က ဆိုခဲ့ပါတယ်။
ဆက်လက်ဖြစ်ပွါးနေခဲ့တဲ့ ကူးစက်ရောဂါကြောင့် ဒီငွေဟာ ကျွန်မတို့ဘဝတွေကို အများကြီးပိုလွယ်ကူသွားစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း Pravatoudom က ထပ်မံပြောကြားခဲ့ပါတယ်။
အသစ်တွေ့ရှိခဲ့ရတဲ့စည်းစိမ်ဥစ္စာနှင့်အတူ Pravatoudom နှင့်သူမရဲ့ခင်ပွန်းဖြစ်သူတို့ဟာ အိမ်တစ်လုံးဝယ်ယူရန်၊ အကြွေးများအား ပေးချေရန်၊ ခရီးသွားရန်နှင့် သူတို့ရဲ့မိသားစုကိုထောက်ပံ့ရန် အစီအစဉ်ရှိတယ်လို့ OLG က တဆင့် ဖော်ပြထားပါတယ်။
Ontario Lottery and Gaming (OLG) ရဲ့ပထမဦးဆုံး virtual Winner ပွဲအခမ်းအနားပြသမှုကိုတင်ပြတဲ့အခါ Pravatoudom ဟာ အိမ်တစ်လုံးဝယ်ရန်နှင့် ကူးစက်ရောဂါက ခွင့်ပြုမယ်ဆိုရင် သူမ ကမ္ဘာတဝှမ်းကိုပတ်သွားချင်ကြောင်း ၊သူမဟာ လာအို မှ ကနေဒါကိုရောက်တဲ့ အချိန်မှစပြီး ဘယ်ကိုမှ ခရီးမသွားဖူးဘူးကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
ဥရောပ ၊ တက္ကဆက်၊ ဟာဝိုင်ယီကို သွားချင်ပြီး ကမ္ဘာပေါ်ရှိအသစ်သောအရာတွေကိုမြင်တွေ့ရဖို့ သူမ အရမ်းစိတ်လှုပ်ရှားနေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
credit