ၾကားသိရသမွ်

အိမ္မကပ္ပဲအရက္ဆိုင္ပဲသြားသြားေနသည့္ ခင္ပြန္းျဖစ္သူအတြက္ အိမ္ေနာက္ေဖးမွာ အရက္ဆိုင္ေထာင္ေပးခဲ့ေသာ ဇနီးသည္

လူတိုင္းက ကိုယ္ခ်စ္တဲ့သူေပ်ာ္ေနတာေလးကိုပဲ ျမင္ခ်င္ၾကၿပီး သူတို႔အဆင္ေျပဖို႔အတြက္ဆိုရင္ လိုအပ္တာမွန္သမွ် အလိုက္သိစြာနဲ႔ ျဖည့္ဆည္းေပးဖို႔ အၿမဲအသင့္ရွိသူေတြသာျဖစ္သည္။

ယခုတြင္လည္း အဂၤလန္ႏိုင္ငံမွ အသက္၄၈ႏွစ္အ႐ြယ္ ဇနီးသည္တစ္ဦးသည္ သူမရဲ႕ခင္ပြန္းျဖစ္သူ အရက္ေသာက္တာကို တားျမစ္ပိတ္ပင္မည့္အစား ခင္ပြန္းအႀကိဳက္ ဘားဆိုင္တစ္ခုကိုပါ ေဆာက္လုပ္ေပးခဲ့ေသာ အျဖစ္အပ်က္ေလးသည္ လူမႈကြန္ယက္တြင္ ေရပန္းစားလာခဲ့သည္။

ခင္ပြန္းျဖစ္သူသည္ ညဖက္ေတြမွာ ရပ္ကြက္ထဲအရက္ဆိုင္သို႔သြားၿပီး သူငယ္ခ်င္းေတြနဲ႔ ေသာက္စားေလ့ရွိရာ အိမ္ျပန္ေနာက္က်တတ္၍ ဇနီးသည္မွ ခင္ပြန္းအတြက္စဥ္းစားေပးကာ အိမ္ေနာက္ေဖးရွိ ေျမကြက္လပ္ေလးမွာ ဆိုင္ခန္းေဆာက္လုပ္ေပးခဲ့သည္။

ဇနီးျဖစ္သူသည္ ခင္ပြန္းသည္စိတ္တိုင္းက် ဘားဆိုင္ေလးကို ေဆာက္လုပ္ေပးခဲ့ၿပီး ဆိုင္အတြင္းအျပင္အားလုံးကလည္း ဆြဲေဆာင္မႈရွိလြန္း၍ ခင္ပြန္းျဖစ္သူမွ အျပင္ထြက္ဖို႔မေျပာနဲ႔ အိမ္ကပင္မခြာေတာ့ပဲ သူငယ္ခ်င္းေတြကိုပါ ဖိတ္ေခၚခဲ့သည္။

Rain (For Ialinks)

Unicode

အိမ်မကပ်ပဲအရက်ဆိုင်ပဲသွားသွားနေသည့် ခင်ပွန်းဖြစ်သူအတွက် အိမ်နောက်ဖေးမှာ အရက်ဆိုင်ထောင်ပေးခဲ့သော ဇနီးသည်

လူတိုင်းက ကိုယ်ချစ်တဲ့သူပျော်နေတာလေးကိုပဲ မြင်ချင်ကြပြီး သူတို့အဆင်ပြေဖို့အတွက်ဆိုရင် လိုအပ်တာမှန်သမျှ အလိုက်သိစွာနဲ့ ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိသူတွေသာဖြစ်သည်။

ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်၄၈နှစ်အရွယ် ဇနီးသည်တစ်ဦးသည် သူမရဲ့ခင်ပွန်းဖြစ်သူ အရက်သောက်တာကို တားမြစ်ပိတ်ပင်မည့်အစား ခင်ပွန်းအကြိုက် ဘားဆိုင်တစ်ခုကိုပါ ဆောက်လုပ်ပေးခဲ့သော အဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် ရေပန်းစားလာခဲ့သည်။

ခင်ပွန်းဖြစ်သူသည် ညဖက်တွေမှာ ရပ်ကွက်ထဲအရက်ဆိုင်သို့သွားပြီး သူငယ်ချင်းတွေနဲ့ သောက်စားလေ့ရှိရာ အိမ်ပြန်နောက်ကျတတ်၍ ဇနီးသည်မှ ခင်ပွန်းအတွက်စဥ်းစားပေးကာ အိမ်နောက်ဖေးရှိ မြေကွက်လပ်လေးမှာ ဆိုင်ခန်းဆောက်လုပ်ပေးခဲ့သည်။

ဇနီးဖြစ်သူသည် ခင်ပွန်းသည်စိတ်တိုင်းကျ ဘားဆိုင်လေးကို ဆောက်လုပ်ပေးခဲ့ပြီး ဆိုင်အတွင်းအပြင်အားလုံးကလည်း ဆွဲဆောင်မှုရှိလွန်း၍ ခင်ပွန်းဖြစ်သူမှ အပြင်ထွက်ဖို့မပြောနဲ့ အိမ်ကပင်မခွာတော့ပဲ သူငယ်ချင်းတွေကိုပါ ဖိတ်ခေါ်ခဲ့သည်။

Rain (For Ialinks)