ၾကားသိရသမွ်

နႏၵာရဲ႔ ေမာင္ေလး စိန္ၿဖိဳးလိွဳင္ POSITIVE ျဖစ္လုိ႔ တမိသားစုလံုး ေလာ့ေဒါင္းက်ေနတဲ့ သူမရဲ႕ျခံႀကီးကိုၾကည့္ပီး ဝမ္းနည္းေနတဲ့ နႏၵလိွဳင္….

ေလာ့ေဒါင္း ခ်ခံထားရတဲ့ သူမရဲ႕ အိမ္ႀကီးကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနတဲ့ နႏၵာလႈိင္ (နႏၵာရဲ႔ ေမာင္ေလး စိန္ၿဖိဳးလိွဳင္ Positive ျဖစ္လုိ႔ တမိသားစုလံုး ေလာ့ေဒါင္းက်ေနတဲ့ သူမရဲ႕ျခံႀကီးကိုၾကည့္ပီး ဝမ္းနည္းေနတဲ့ နႏၵလိွဳင္)

*အောက်တွင်ယူနီကုတ်ဖြင့်ဖော်ပြထားပါသည်

ပရိတ္သတ္ႀကီးေရ မင္းသမီးႀကီး နႏၵာလႈိင္ကေတာ့ ညီမျဖစ္သူ မေႏြးေႏြးလႈိင္တို႔ ဇနီးေမာင္ႏွံဟာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံခဲ့ရတာကို အားလုံးလည္း သိရွိၿပီး ျဖစ္မယ္ထင္ပါတယ္ေနာ္။ မေႏြးေႏြးလႈိင္ရဲ႕ အမ်ိဳးသားျဖစ္သူကေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဆုံးပါးကြယ္လြန္သြားတဲ့အတြက္ အားလုံးက စိတ္မေကာင္း ျဖစ္ခဲ့ၾကတာပါ။

ထို႔ေနာက္မွာေတာ့ မင္းသမီး နႏၵာလႈိင္တို႔ မိသားစုကေတာ့ ေနအိမ္မွာပဲ ေစာင့္ၾကည့္လူနာမ်ားအျဖစ္ ၁၄ ရက္ ေစာင့္ၾကည့္ရေတာ့မွာပဲ ျဖစ္ပါတယ္။

မေႏြးေႏြးလႈိင္ရဲ႕ ကေလးမ်ားနဲ႔အတူ စိန္ၿဖိဳးလႈိင္ ( ေမာင္ ) ကေတာ့ အတူတူ ေဟာ္တယ္ ကြာရန္တင္း ဝင္ေရာက္ကာ ေစာင့္ေရွာက္ေပးခဲ့ၿပီး Sept 22 ရက္ေန႔မွာေတာ့ ၅ ႏွစ္အ႐ြယ္ကေလးနဲ႔အတူ စိန္ၿဖိဳးလႈိင္ ( ေမာင္ ) လည္း ကိုဗစ္ကူးစက္ခံေနရေၾကာင္း သိရွိခဲ့ရပါတယ္။

ဒီေန႔ Sept 23 ရက္ေန႔မွာေတာ့ နႏၵာလႈိင္ဟာ သူမရဲ႕ ဆိုရွယ္မီဒီယာကေနတဆင့္ ေလာ့ေဒါင္း ခ်ခံထားရတဲ့ သူမရဲ႕ အိမ္အေျခအေနကို ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ စိတ္မေကာင္းျဖစ္တဲ့အေၾကာင္း ပရိတ္သတ္မ်ားက မွတ္ခ်က္ျပဳေရးသားကာ ကိုဗစ္ကူးစက္ခံရျခင္း မရွိပါေစနဲ႔လို႔လည္း ဆုေတာင္းေပးခဲ့ၾကပါေသးတယ္။

ပရိတ္သတ္ႀကီးေရ ကိုဗစ္ကပ္ေရာဂါဆိုးႀကီးဟာ တေန႔ထက္ တေန႔ ျပင္းထန္လာၿပီး ေသဆုံးသူ ဦးေရ ၁၀၀ ေက်ာ္ရွိသြားၿပီ ျဖစ္သလို ကူးစက္ခံရသူ အေရအတြက္ကလည္း တိုးပြားလ်က္ ရွိပါတယ္။

လူစုလူေဝး မသြားပဲ အိမ္ထဲမွာပဲ တတ္ႏိုင္သမွ်ေနထိုင္ၿပီး အိမ္ျပင္ထြက္ဖို႔ လိုအပ္လာတဲ့ အခါမွာလည္း ႏွာေခါင္းစီး ကို ေသခ်ာတပ္ၿပီး လက္ကို ေသခ်ာစနစ္တေက် ေဆးေၾကာကာ ေရာဂါပိုးကို ကာကြယ္ၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

San Kyi Par

Unicode ,

လော့ဒေါင်း ချခံထားရတဲ့ သူမရဲ့ အိမ်ကြီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ နန္ဒာလှိုင် (နန္ဒာရဲ့ မောင်လေး စိန်ဖြိုးလှိုင် Positive ဖြစ်လို့ တမိသားစုလုံး လော့ဒေါင်းကျနေတဲ့ သူမရဲ့ခြံကြီးကိုကြည့်ပီး ဝမ်းနည်းနေတဲ့ နန္ဒလှိုင်)

ပရိတ်သတ်ကြီးရေ မင်းသမီးကြီး နန္ဒာလှိုင်ကတော့ ညီမဖြစ်သူ မနွေးနွေးလှိုင်တို့ ဇနီးမောင်နှံဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံခဲ့ရတာကို အားလုံးလည်း သိရှိပြီး ဖြစ်မယ်ထင်ပါတယ်နော်။ မနွေးနွေးလှိုင်ရဲ့ အမျိုးသားဖြစ်သူကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဆုံးပါးကွယ်လွန်သွားတဲ့အတွက် အားလုံးက စိတ်မကောင်း ဖြစ်ခဲ့ကြတာပါ။

ထို့နောက်မှာတော့ မင်းသမီး နန္ဒာလှိုင်တို့ မိသားစုကတော့ နေအိမ်မှာပဲ စောင့်ကြည့်လူနာများအဖြစ် ၁၄ ရက် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

မနွေးနွေးလှိုင်ရဲ့ ကလေးများနဲ့အတူ စိန်ဖြိုးလှိုင် ( မောင် ) ကတော့ အတူတူ ဟော်တယ် ကွာရန်တင်း ဝင်ရောက်ကာ စောင့်ရှောက်ပေးခဲ့ပြီး Sept 22 ရက်နေ့မှာတော့ ၅ နှစ်အရွယ်ကလေးနဲ့အတူ စိန်ဖြိုးလှိုင် ( မောင် ) လည်း ကိုဗစ်ကူးစက်ခံနေရကြောင်း သိရှိခဲ့ရပါတယ်။

ဒီနေ့ Sept 23 ရက်နေ့မှာတော့ နန္ဒာလှိုင်ဟာ သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် လော့ဒေါင်း ချခံထားရတဲ့ သူမရဲ့ အိမ်အခြေအနေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စိတ်မကောင်းဖြစ်တဲ့အကြောင်း ပရိတ်သတ်များက မှတ်ချက်ပြုရေးသားကာ ကိုဗစ်ကူးစက်ခံရခြင်း မရှိပါစေနဲ့လို့လည်း ဆုတောင်းပေးခဲ့ကြပါသေးတယ်။

ပရိတ်သတ်ကြီးရေ ကိုဗစ်ကပ်ရောဂါဆိုးကြီးဟာ တနေ့ထက် တနေ့ ပြင်းထန်လာပြီး သေဆုံးသူ ဦးရေ ၁၀၀ ကျော်ရှိသွားပြီ ဖြစ်သလို ကူးစက်ခံရသူ အရေအတွက်ကလည်း တိုးပွားလျက် ရှိပါတယ်။

လူစုလူဝေး မသွားပဲ အိမ်ထဲမှာပဲ တတ်နိုင်သမျှနေထိုင်ပြီး အိမ်ပြင်ထွက်ဖို့ လိုအပ်လာတဲ့ အခါမှာလည်း နှာခေါင်းစီး ကို သေချာတပ်ပြီး လက်ကို သေချာစနစ်တကျေ ဆေးကြောကာ ရောဂါပိုးကို ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

San Kyi Par