ၾကားသိရသမွ်

အွန်လိုင်းကနေတဆင့် မြင်မြင်ချစ်မိသွားပြီး လက်မထပ်မီ ၈ နှစ်ကြာ ချိန်းတွေ့ခဲ့ကြတဲ့ ကမ္ဘာ့အသေးဆုံး စုံတွဲတစ်တွဲ

အွန်လိုင်းကနေတဆင့် မြင်မြင်ချစ်မိသွားပြီး လက်မထပ်မီ ၈ နှစ်ကြာ ချိန်းတွေ့ခဲ့ကြတဲ့ ကမ္ဘာ့အသေးဆုံး စုံတွဲတစ်တွဲ

သူတို့စုံတွဲဟာ 2016 မှာလက်ထပ်ခဲ့တာလို့သိရပြီး မင်္ဂလာဆောင်ပြီးပြီးချင်းမှာပဲ ဒီစံချိန်ကို ကိုင်မြောက်ခဲ့ပါတယ် ။ ခင်ပွန်းအမည်မှာ Paulo ဖြစ်ပြီး အရပ် ၉၀ စင်တီမီတာရှိပါတယ် ။ ဇနီးဖြစ်သူက Katyucia လို့ခေါ်ပြီး သူ့ခင်ပွန်းသည်ထက် ၁ စင်တီမီတာ အရပ်ပိုမြင့်ပါတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက်က

သာမန်ဘဝနဲ့ အခြားသူများကဲ့သို့ လှပတဲ့ အချစ်ဇာတ်လမ်းမျိုး ရှိနေဆဲဖြစ်ပါတယ် ။ Katyucia က သူတို့ဟာ သာမန်လူတွေထက် ပိုတိုပေမယ့် နွေးထွေးတဲ့ နှလုံးသားရှိတယ်လို့ တစ်ချိန်က ပြောခဲ့ဖူးပါတယ် ။ နှစ်ယောက်စလုံးဟာ ဘဝရဲ့ စိန်ခေါ်မှုတွေကို အတူရင်ဆိုင်ကျော်ဖြတ်ကြပါတယ် ။

မျှဝေချက်အရ Paulo နဲ့ Katyucia တို့ဟာ လူမှုကွန်ယက်တွေကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သိကြတာပါ ။ Paolo က မြင်မြင်ချင်းပင် ချစ်မိသွားပြီး Katyucia ကို ချစ်ကြောင်း ဝန်ခံရန် ဆုံးဖြတ်ခဲ့ပါတယ် ။

ဒါပေမဲ့ အွန်လိုင်းအချစ်ဇာတ်လမ်းက လူအများထင်ထားသလောက် မချောမွေ့သော်လည်း Paulo ကတော့ Katyucia ကို သဘာဝလုံးစာရီရွယ်ပြီး သစ္စာရှိရှိချစ်ခဲ့တာပါ ။

နှစ်ယောက်သား လိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ပိုစကားပြောကြပြီး အပြင်မှာ ပထမဆုံးအကြိမ် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြပါတယ် ။ တွေ့ဆုံပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ မေတ္တာပိုတွယ်ခဲ့ပါတယ် ။

ကာလအတန်ကြာ ချစ်ကြိုက်ပြီးနောက် Katyucia က သူမရဲ့ ချစ်သူနေထိုင်ရာမြို့ဖြစ်တဲ့ Itapeva သို့ ပြောင်းရွှေ့ခဲ့ပါတယ် ။ သူတို့နှစ်ယောက်ဟာ လက်မထပ်ခင် ၈ နှစ်လောက်က ချိန်းတွေ့ခဲ့ကြတာပါ ။

Katyucia က သူတို့နှစ်ယောက် ချိန်းတွေ့နေတာကြာပြီဖြစ်ပေမဲ့ ဒါဟာ အမှန်ကို မယုံကြည်သေးဘူးလို့ ဆိုပါတယ် ။ လတ်တလောမှာတော့ သူတို့ ဇနီးမောင်နှံဟာ ပျော်ပျော််ရွှင်ရွှင်နဲ့ အတူတူ နေထိုင်ကြပါပြီ ။

Credit