ကိုလျှံဖြိုးအောင်က မတ်လ(၂၇)ရက်နေ့က ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ရင်း ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်က မျက်လုံးတစ်ဖက် ဆုံးရှုံး၊ ညာဘက်လက်ပြတ်၊ ဘယ်ဘက်လက်ကျိုးခဲ့တဲ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ဆေးကုသမှုတွေလိုအပ်နေဆဲဖြစ်ပါတယ်။ အခုလိုဆေးကုသမှုတွေအရေးပေါ်လိုအပ်နေပေမယ့် ကိုလျှံဖြိုးအောင်ကို အကျဉ်းချထားဆဲဖြစ်ပါတယ်။

အခုလိုဆေးကုသမှုတွေလိုအပ်နေတာကြောင့် ကိုလျှံဖြိုးအောင်ကိုဆေးကုသခွင့်ရရန်အတွက် မိဘဆွေမျိုးတွေနဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူဟောင်းတွေက အသနားခံစာရေးကာတောင်းဆိုလာကြပါတယ်။
ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ မတရားမှုကိုလက်သင့်မခံနိုင်ကြတဲ့ပြည်သူတွေကလည်း အသနားခံစာရေးကာတောင်းဆိုလာကြပါတယ်။
ဒီအကြောင်းအရာလေးကို လူမှုကွန်ယက်စာမျက်နှာမှာ “မကွေးအကျဉ်းထောင်အတွင်းမောင်လျှံဖြိုးအောင်အားဖမ်းဆီးချုပ်နှောင်ထားခြင်းမှလွတ်မြောက်ပေးရန်အတွက်မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား/ကျောင်းသူဟောင်းများ၏သဘောထားထုတ်ပြန်ချက်နှင့်ပြည်သူများ၏လက်မှတ်ရေထိုးတောင်းဆိုချက်များအားယနေ့မှစ၍ ကူညီတောင်းခံလျှက်ရှိပါသည်။

မောင်လျှံဖြိုးအောင်ဆေးကုခွင့်ရရန်နှင့်အမြန်ဆုံးလွတ်မြောက်စေရန်အတွက်ပြည်သူများ၏တောင်းဆိုမှု့၊အရေပေါ်လိုအပ်နေပါသည်။သို့ပါသောကြောင့်ပြည်သူများအနေဖြင့်အောက်ဖော်ပြပါအသနားခံတင်ပြသောပုံစံများနှင့်အတူမိဘပြည်သူများကူညီပေးပါရန်မောင်လျှံဖြိုးအောင်မိသားစုမှလေးစားစွာအသနားခံတင်ပြအပ်ပါသည်။

အသနားခံစာကူညီပေးပါသောမိဘပြည်သူများအနေဖြင့်comment / Cb တွင်စာရေးသားပေးပို့နိုင်ပါသည်ခင်ဗျာပြည်သူများထံမှအသနားခံစာကူညီစောင်ရွက်ပေးပါသောမကွေးနည်းပညာတက္ကသိုလ်မှကျောင်းသားဟောင်းကိုတိုးနိုင်ဌေးနှင့်သူငယ်ချင်းများအားအထူးပင်ကျေးဇူးတင်ရှိပါသည်” ဆိုပြီးလည်းရေးသားမျှဝေထားတာကိုတွေ့ရပါတယ်။ ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Hlyan Phyo Aung’s Facebook acc



