က်မၼာေရး ဗဟုသုတ

ဂျင်းပြုတ်ရည် မသောက်သင့်သူများ

ဂျင်းပြုတ်ရည် မသောက်သင့်သူများ

ခုချိန်မှာ ကိုယ်ခံအားကောင်းအောင်ဆိုပြီးဂျင်းပြုတ်ရည်တွေ သောက်ကြပါတယ်။ဂျင်းဟာ ကောင်းကျိုးတွေ အများကြီး ရှိသလိုတချို့လူတွေအတွက်ကတော့အကျိုးမရှိပါဘူး။

သွေးကျဲဆေးတွေ သောက်နေရတာကို ဂျင်းပြုတ်ရည်တွေ သောက်မိလို့ နေမကောင်းဖြစ်တဲ့အကြောင်း ပို့စ်လေးလဲ တွေ့လိုက်မိပါတယ်။အောက်မှာရေးထားတဲ​့ကျန်းမာရေးအခြေအနေ ရှိသူတွေကဂျင်းပြုတ်ရည် သောက်တာမျိုးကိုရှောင်ကြဉ်သင့်ပါတယ်။

❌သွေးကျဲဆေးသောက်နေသူတွေ

❌ သွေးတိုး ကျဆေးသောက်နေသူတွေ

❌ဆီးချိုရောဂါဆေးသောက်နေသူတွေ

❌အင်ဆူလင်ထိုးနေရသူတွေ

❌ သွေးမတိတ်ရောဂါရှိလို့ သွေးခဲဆေးသောက်နေရသူတွေ

❌ကိုယ်ဝန်ဆောင်တွေ

ဂျင်းဟာ သွေးကျဲစေပြီး သွေးတိုး ကျစေတဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သွေးကျဲဆေး တွေ ၊ သွေးတိုးကျဆေး သောက်နေရသူတွေအဖို့ပိုဆိုးနိုင်လိ​ု့ မသောက်သင့်ပါ။

ဆီးချိုဆေးတွေ နဲ့ အင်ဆူလင်လိုမျိုး နဲ့ဓာတ်ပြုပြီး ဆေးအာနိသင်ကိုလျော့စေတဲ့အတွက်အဆိုပါဆေးသောက်နေရသူတွေလဲရှောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ အနေနဲ့ကတော့ လရင့်တဲ့အခါမှာ အချိန်မတိုင်ခင် သားအိမ်ညှစ်ပြီးကလေးစောမွေးတတ်လို့ မစားသုံးသင့်ပါဘူး။

MediExpress မှ ရေးသားမျှဝေပါတယ်။

ဂ်င္းျပဳတ္ရည္ မေသာက္သင့္သူမ်ား

ခုခ်ိန္မွာ ကိုယ္ခံအားေကာင္းေအာင္ဆိုၿပီးဂ်င္းျပဳတ္ရည္ေတြ ေသာက္ၾကပါတယ္။ဂ်င္းဟာ ေကာင္းက်ိဳးေတြ အမ်ားႀကီး ရွိသလိုတခ်ိဳ႕လူေတြအတြက္ကေတာ့အက်ိဳးမရွိပါဘူး။

ေသြးက်ဲေဆးေတြ ေသာက္ေနရတာကို ဂ်င္းျပဳတ္ရည္ေတြ ေသာက္မိလို႔ ေနမေကာင္းျဖစ္တဲ့အေၾကာင္း ပို႔စ္ေလးလဲ ေတြ႕လိုက္မိပါတယ္။ေအာက္မွာေရးထားတဲ​့က်န္းမာေရးအေျခအေန ရွိသူေတြကဂ်င္းျပဳတ္ရည္ ေသာက္တာမ်ိဳးကိုေရွာင္ၾကဥ္သင့္ပါတယ္။

❌ေသြးက်ဲေဆးေသာက္ေနသူေတြ

❌ ေသြးတိုး က်ေဆးေသာက္ေနသူေတြ

❌ဆီးခ်ိဳေရာဂါေဆးေသာက္ေနသူေတြ

❌အင္ဆူလင္ထိုးေနရသူေတြ

❌ ေသြးမတိတ္ေရာဂါရွိလို႔ ေသြးခဲေဆးေသာက္ေနရသူေတြ

❌ကိုယ္ဝန္ေဆာင္ေတြ

ဂ်င္းဟာ ေသြးက်ဲေစၿပီး ေသြးတိုး က်ေစတဲ့ အစြမ္းရွိပါတယ္။ ဒါေၾကာင့္ ေသြးက်ဲေဆး ေတြ ၊ ေသြးတိုးက်ေဆး ေသာက္ေနရသူေတြအဖို႔ပိုဆိုးနိုင္လိ​ု႔ မေသာက္သင့္ပါ။

ဆီးခ်ိဳေဆးေတြ နဲ႔ အင္ဆူလင္လိုမ်ိဳး နဲ႔ဓာတ္ျပဳၿပီး ေဆးအာနိသင္ကိုေလ်ာ့ေစတဲ့အတြက္အဆိုပါေဆးေသာက္ေနရသူေတြလဲေရွာင္သင့္ပါတယ္။

ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔ကေတာ့ လရင့္တဲ့အခါမွာ အခ်ိန္မတိုင္ခင္ သားအိမ္ညႇစ္ၿပီးကေလးေစာေမြးတတ္လို႔ မစားသုံးသင့္ပါဘူး။

MediExpress မွ ေရးသားမၽွေဝပါတယ္။