သတင္း

(၈)တန္းႏွင့္(၁၀)တန္း ေက်ာင္းသူ(၂)ဦးအား သတ္ခဲ့မႈသတင္းအျပည့္အစုံ

(၈)တန္းႏွင့္(၁၀)တန္း ေက်ာင္းသူ(၂)ဦးအား သတ္ခဲ့မႈသတင္းအျပည့္အစုံ

အင္းေတာ္ၿမိဳ႕နယ္ နတ္မဟုတ္ကေလးေက်းရြာမွ(၈)တန္းႏွင့္(၁၀)တန္း ေက်ာင္းသူ(၂)ဦးအား သတ္ခဲ့မႈသတင္းအျပည့္အစုံ

အင္းေတာ္ၿမိဳ႕နယ္က ႏွစ္‌ေလာင္းၿပိဳင္လူသတ္မႈကိုကသာခရိုင္ရဲမႈးႀကီး အနီးကပ္ႀကီးၾကပ္ကြပ္ကဲမႈျဖင့္‌ေဖာ္ထုတ္ကာ လူသတ္တရားခံအားတရားစြဲဆိုနိုင္ေတာ့မည္ ျဖစ္ေၾကာင္းသိရ။

စစ္ကိုင္းတိုင္းေဒသႀကီးကသာခရိုင္အင္းေတာ္ၿမိဳ႕နယ္နတ္မဟုတ္ကေလးေက်းရြာအနီးေမာင္းအင္းကန္နံေဘးတြင္အသက္၁၇ႏွစ္အရြယ္ႏွင့္အသက္၁၄ႏွစ္အရြယ္ေက်ာင္းသူႏွစ္ဦးကိုဓားျဖင့္အခ်က္ေပါင္းမ်ားစြာထိုးသတ္ခဲ့သည့့္အမႈ၁၃-၇-၂၀၂၀ရက္ေန႔ကျဖစ္ပြားခဲ့သည္။

အဆိုပါအမႈကိုေသဆုံးသူညီအစ္မ၏မိခင္ေဒၚတင္ျဖဴ ဦးကတရားလိုျပဳလုပ္ကာအင္းေတာ္ၿမိဳ႕မရဲစခန္း၌(ပ)၅၆/၂၀၂၀ရာဇသတ္ႀကီးဥပေဒပုဒ္မ(၃၀၂)ျဖင့္အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အမႈဖြင့္ၿပီးေနာက္အမႉမွမသကၤာသူသန္းထြန္း(ခ)အံေထာ္ကိုသက္‌ေသခိုင္မာစြာျဖင့္တရားစြဲဆိုတင္ပို႔နိုင္ေရးအတြက္ကသာခရိုင္ရဲတပ္ဖြဲ႕မႉးဒုတိယရဲမႉးႀကီးျမင့္‌ေသာင္းမွအနီးကပ္ႀကီးၾကပ္ကြပ္ကဲလၽွက္ကသာခရိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမႈခင္းႏွိမ္နင္းေရးဌာနစုမွရဲအုပ္သက္နိုင္ဦးရဲအုပ္တင္မ်ိဳးထြဋ္ဦးေဆာင္ေသာတပ္ဖြဲ႕ဝင္မ်ားအင္း‌ေတာ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉးမ်ိဳး‌ေအး‌ေဆြအင္းေတာ္ၿမိ့မရဲစခန္းမွနယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္မင္းေအာင္ဦး‌ေဆာင္‌ေသာတပ္ဖြဲ႕ဝင္မ်ားအမႈစစ္‌ေခတၱၿမိဳ႕မရဲစခန္းမႈးဒုရဲမႈးစိန္ရတို႔မွအထူးအမႉစစ္အဖြဲ႕ဖြဲ႕စည္းကာအမႈကိုတိက်စြာေဖာ္ထုတ္ခဲ့ရေၾကာင္းသိရသည္။

စစ္ေဆးခ်က္အရမသကၤာတရားခံသန္းထြန္းသည္ (၁၃-၇-၂၀၂၀)ရက္ေန႔နံနက္၆နာရီအခ်ိန္ကနတ္မဟုတ္ကေလးေက်းရြာအေနာက္ဖက္(၁)ဖာလုံခန႔္အကြာရွိ၎၏အစ္ကိုျဖစ္သူဦးထြန္းႏြဲ႕၏လယ္တြင္သူရင္းငွားအလုပ္လုပ္ကိုင္ေနခဲ့ေၾကာင္းထိုေန႔ေန႔လယ္တစ္နာရီခန႔္အခ်ိန္ကဦးႏွင္းေအာင္၏အခင္းေတာထဲ၌၎စုပုံထားေသာထင္းေခ်ာင္းအေျခာက္အားယူေဆာင္ရန္သြားစဥ္ထင္းမ်ားစုပုံထားေသာေနရာမွတစ္ဖာလုံခန႔္အကြာတြင္

တစ္ရြာထဲေန သိန္းသန္းစိုး(ခ)ေမာင္စိုး၏သမီးႏွစ္ေယာက္ျဖစ္ေသာ မနီလာစိုးႏွင့္ မသြယ္သြယ္ဟိန္းတို႔ႏွစ္ဦးမွာ ၎ယူေဆာင္ရန္ထားရွိေသာထင္းတုံးန‌ွင့္ ထင္း‌ေခ်ာင္းတစ္‌ေခ်ာင္းတို႔အားသယ္‌ေဆာင္လာသည္ကိုေတြ႕ရသျဖင့္ထင္းမ်ားကို ယူမသြားရန္တားျမစ္ခဲ့ၿပီး

ထိုညီအစ္မႏွစ္ဦးႏွင့္ စကားမ်ားရန္ျဖစ္ရာအငယ္မျဖစ္သူက မၾကားဝံမနာသာ စကားမ်ားျဖင့္ဆဲဆိုခဲ့ေၾကာင္း

ေစာက္ပတ္႐ုပ္/ေဆးစားဘဲႀကီး/ဘိန္းဆီစားႀကီးဟု ဆက္တိုက္ဆဲဆိုခဲ့ေၾကာင္း

ထိုသို႔မဆဲဆိုရန္ တားျမစ္ေသာ္လည္းမရသျဖင့္၎မွာမူးယစ္ေဆးဝါးလည္းအလြန္အကၽြံသုံးစြဲထားသျဖင့္ စိတ္ရိုင္းမ်ားဝင္ကာ မသြယ္သြယ္ဟိန္း၏ ညာဘက္နားထင္အား ညာလက္ျဖင့္ရိုက္ခ်ခဲ့ေၾကာင္း

ထို႔ေနာက္ေက်ာတြင္လြယ္ထားေသာအျပာေရာင္ေရပိုက္စျဖင့္ခ်ဳပ္ထားသည့္ဓါးထည့္အိတ္အတြင္းမွအရိုးအသြားအရွည္တစ္ေတာင္ခန႔္ရွိဓားဦးခၽြန္ျဖင့္မသြယ္သြယ္ဟိန္း၏ဝမ္းဗိုက္အားအရင္ဆုံးထိုးခဲ့ေၾကာင္း ထို႔ေနာက္အႀကီးမျဖစ္သူမနီလာစိုးမွာ အနားကပ္လာသျဖင့္လက္တြင္ကိုင္ထားေသာအဆိုပါဓားဦးခၽြန္ျဖင့္ထိုးခဲ့‌ေၾကာင္းညီအစ္မႏွစ္ဦးအား လိုက္လံထိုးႏွက္စဥ္

အခင္းျဖစ္လမ္းေဘးျခဳံဘုတ္အတြင္းပုံလၽွက္လဲက်သြားခဲ့ေၾကာင္း ထိုအခါသူမတို႔ႏွစ္ဦး၏ခႏၶာကိုယ္အႏွံဓားျဖင့္းအဆက္မျပတ္ထိုးခဲ့ျပ‌ီးအစ္ကိုျဖစ္သူဦးထြန္းႏြဲ႕၏လယ္တဲသို႔ျပန္လာခဲ့ေၾကာင္းအခင္းျဖစ္ေနရာတြင္၎စီးနင္းသည့္နံပါတ္(၁၀)ခြဲအဝါေရာင္သဲႀကိဳးပါရွိုးဝါးဖိနပ္တစ္ဘက္က်န္ရစ္ခဲ့ေၾကာင္းညာဘက္ဖိနပ္မွာမည္သည့္ေနရာတြင္က်န္ခဲ့သည္ကို မမွတ္မိေသာဓားႏွင့္ အကၤ်ီမ်ားကိုလည္းလိုက္လံျပသခဲ့ၿပီးေနာက္အင္း‌ေတာ္တရား႐ုံးရွိတရားသူႀကီးေရ‌ွ႕ေမွာက္တြင္ေျဖာင့္ခ်က္ေပးကာဝန္ခံထြက္ဆိုခဲ့သည္။

ယင္းလူသတ္မႈအားအမႈမွန္ေပၚေပါက္ေအာင္မနားမေနစုံစမ္းေထာက္လွမ္းေဖာ္ထုတ္ခဲ့ေသာကသာခရိုင္ရဲတပ္ဖြဲ႕မႈး ဒုတိယရဲမႈးႀကီးျမင့္ေသာင္းသည္ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွဆုလက္မွတ္ေပါင္း(၂၄)ႀကိမ္ဆုတံဆိတ္(၂)ႀကိမ္ရရွိခဲ့သူျဖစ္ၿပီးတစ္ဆင့္ျမင့္ရာထူးတိုး ႏွစ္ႀကိမ္ရခဲ့သည္။

၂၀၀၅ ခုႏွစ္က မဂၤလာေတာင္ညြန႔္ၿမိဳ႕နယ္ကန္ေတာ္ေလးအနီးတြင္ျဖစ္ပြားခဲ့ေသာေအာင္ေအာင္(LGBT)အား လူ ၃ဦးကအဓမၼျပဳက်င့္သတ္ျဖတ္ခဲ့ေသာ အမႈအမွတ္(ပ)၁၂၆၄/၂၀၀၅ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၃၀၅ ႏွင့္ပတ္သက္၍တရားခံ ၃ဦးကို အခ်ိန္ပိုင္းအတြင္းသက္ေသခံပစၥည္းမ်ားႏွင့္ အတူဖမ္းဆီးရမိခဲ့သည့္အတြက္ ဒုရဲအုပ္ရာထူးမွ ရဲအုပ္ ရာထူး သို႔အဆင့္တိုးခ်ီုးျမႇင့္ျခင္းခံခဲ့ရသည္။

၂၀၀၉ ခုႏွစ္ ဇႏၷဝါရီလအတြင္းကလည္းေရးဘဏ္အတြင္း ဝင္ေရာက္ကာ ရက္ရက္စက္စက္သတ္ျဖတ္ခဲ့ေသာအမႈႏွင့္ ၎ဘဏ္အနီးကားပြဲစားဇနီးေမာင္ႏွံႏွစ္ဦးကို နံနက္၄နာရီအခ်ိန္ရက္ရက္ စက္စက္သတ္ျဖတ္ခဲ့မႈႏွင့္ပတ္သက္၍၃၆နာရီအတြင္း ႏွစ္မႈစလုံးကိုေဖာ္ထုတ္ကာတရားစြဲဆိုနိုင္ခဲ့သျဖင့္ ထိုအခ်ိန္ကျပည္ထဲေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္ ပခုံးေပၚအပြင့္တင္ကာ ရဲအုပ္အဆင့္မွဒုရဲမႈးအဆင့္ တိုးကာခ်ီးေျမာက္ဂုဏ္ျပဳခဲ့ရသူျဖစ္သည္။

ယခုအမႈတြင္လည္းတရားခံ၏။ သေဘာဆႏၵအေလၽွာက္အခင္းျဖစ္အခ်ိန္ကလူသတ္မႈက်ဴးလြန္‌ေစခဲ့သည့္သက္ေသခံပစၥည္းမ်ားကိုေဖာ္ထုတ္ကာတရားသူႀကီးေရွ႕ေမွာက္၌ဝန္ခံေျဖာင့္ခ်က္ေပးသည္အထိစိတ္ရွည္ဇြဲရွိစြာေဖာ္ထုတ္ေပးခဲ့သည္။

အသက္၁၈ႏွစ္ေအာက္မိန္းမပ်ိဳႏွစ္ဦးအားဓားဒဏ္ရာအခ်က္ေပါင္း၃၀ေက်ာ္စီျဖင့္ထိုးသတ္ခဲ့ေသာတရားခံႏွင့္ပတ္သက္၍အမႈမွန္ေဖာ္ထုတ္ေနစဥ္အတြင္းအခင္းျဖစ္‌ေနရာအနီးမူးယစ္ေဆးဝါးမႈႏွစ္မႈကိုလည္းဖမ္းဆီးနိုင္ခဲ့‌ေၾကာင္းသိရသည္။

(သတင္းဓါတ္ပုံ- ယဥ္ယဥ္သိန္း နဘား)

unicode

(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ

အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာမှ(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ

အင်းတော်မြို့နယ်က နှစ်‌လောင်းပြိုင်လူသတ်မှုကိုကသာခရိုင်ရဲမှုးကြီး အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်‌ဖော်ထုတ်ကာ လူသတ်တရားခံအားတရားစွဲဆိုနိုင်တော့မည် ဖြစ်ကြောင်းသိရ။

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့နယ်နတ်မဟုတ်ကလေးကျေးရွာအနီးမောင်းအင်းကန်နံဘေးတွင်အသက်၁ရနှစ်အရွယ်နှင့်အသက်၁၄နှစ်အရွယ်ကျောင်းသူနှစ်ဦးကိုဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သည့့်အမှု၁၃-၇-၂၀၂ဝရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါအမှုကိုသေဆုံးသူညီအစ်မ၏မိခင်ဒေါ်တင်ဖြူ ဦးကတရားလိုပြုလုပ်ကာအင်းတော်မြို့မရဲစခန်း၌(ပ)၅၆/၂၀၂ဝရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ပြီးနောက်အမှူမှမသင်္ကာသူသန်းထွန်း(ခ)အံထော်ကိုသက်‌သေခိုင်မာစွာဖြင့်တရားစွဲဆိုတင်ပို့နိုင်ရေးအတွက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်‌သောင်းမှအနီးကပ်ကြီးကြပ်ကွပ်ကဲလျှက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်းရေးဌာနစုမှရဲအုပ်သက်နိုင်ဦးရဲအုပ်တင်မျိုးထွဋ်ဦးဆောင်သောတပ်ဖွဲ့ဝင်များအင်း‌တော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုး‌အေး‌ဆွေအင်းတော်မြိ့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်မင်းအောင်ဦး‌ဆောင်‌သောတပ်ဖွဲ့ဝင်များအမှုစစ်‌ခေတ္တမြို့မရဲစခန်းမှုးဒုရဲမှုးစိန်ရတို့မှအထူးအမှူစစ်အဖွဲ့ဖွဲ့စည်းကာအမှုကိုတိကျစွာဖော်ထုတ်ခဲ့ရကြောင်းသိရသည်။

စစ်ဆေးချက်အရမသင်္ကာတရားခံသန်းထွန်းသည် (၁၃-၇-၂၀၂၀)ရက်နေ့နံနက်၆နာရီအချိန်ကနတ်မဟုတ်ကလေးကျေးရွာအနောက်ဖက်(၁)ဖာလုံခန့်အကွာရှိ၎င်း၏အစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တွင်သူရင်းငှားအလုပ်လုပ်ကိုင်နေခဲ့ကြောင်းထိုနေ့နေ့လယ်တစ်နာရီခန့်အချိန်ကဦးနှင်းအောင်၏အခင်းတောထဲ၌၎င်းစုပုံထားသောထင်းချောင်းအခြောက်အားယူဆောင်ရန်သွားစဉ်ထင်းများစုပုံထားသောနေရာမှတစ်ဖာလုံခန့်အကွာတွင်

တစ်ရွာထဲနေ သိန်းသန်းစိုး(ခ)မောင်စိုး၏သမီးနှစ်ယောက်ဖြစ်သော မနီလာစိုးနှင့် မသွယ်သွယ်ဟိန်းတို့နှစ်ဦးမှာ ၎င်းယူဆောင်ရန်ထားရှိသောထင်းတုံးန‌ှင့် ထင်း‌ချောင်းတစ်‌ချောင်းတို့အားသယ်‌ဆောင်လာသည်ကိုတွေ့ရသဖြင့်ထင်းများကို ယူမသွားရန်တားမြစ်ခဲ့ပြီး

ထိုညီအစ်မနှစ်ဦးနှင့် စကားများရန်ဖြစ်ရာအငယ်မဖြစ်သူက မကြားဝံမနာသာ စကားများဖြင့်ဆဲဆိုခဲ့ကြောင်း

စောက်ပတ်ရုပ်/ဆေးစားဘဲကြီး/ဘိန်းဆီစားကြီးဟု ဆက်တိုက်ဆဲဆိုခဲ့ကြောင်း

ထိုသို့မဆဲဆိုရန် တားမြစ်သော်လည်းမရသဖြင့်၎င်းမှာမူးယစ်ဆေးဝါးလည်းအလွန်အကျွံသုံးစွဲထားသဖြင့် စိတ်ရိုင်းများဝင်ကာ မသွယ်သွယ်ဟိန်း၏ ညာဘက်နားထင်အား ညာလက်ဖြင့်ရိုက်ချခဲ့ကြောင်း

ထို့နောက်ကျောတွင်လွယ်ထားသောအပြာရောင်ရေပိုက်စဖြင့်ချုပ်ထားသည့်ဓါးထည့်အိတ်အတွင်းမှအရိုးအသွားအရှည်တစ်တောင်ခန့်ရှိဓားဦးချွန်ဖြင့်မသွယ်သွယ်ဟိန်း၏ဝမ်းဗိုက်အားအရင်ဆုံးထိုးခဲ့ကြောင်း ထို့နောက်အကြီးမဖြစ်သူမနီလာစိုးမှာ အနားကပ်လာသဖြင့်လက်တွင်ကိုင်ထားသောအဆိုပါဓားဦးချွန်ဖြင့်ထိုးခဲ့‌ကြောင်းညီအစ်မနှစ်ဦးအား လိုက်လံထိုးနှက်စဉ်

အခင်းဖြစ်လမ်းဘေးခြုံဘုတ်အတွင်းပုံလျှက်လဲကျသွားခဲ့ကြောင်း ထိုအခါသူမတို့နှစ်ဦး၏ခန္ဓာကိုယ်အနှံဓားဖြင့်းအဆက်မပြတ်ထိုးခဲ့ပြ‌ီးအစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တဲသို့ပြန်လာခဲ့ကြောင်းအခင်းဖြစ်နေရာတွင်၎င်းစီးနင်းသည့်နံပါတ်(၁၀)ခွဲအဝါရောင်သဲကြိုးပါရှိုးဝါးဖိနပ်တစ်ဘက်ကျန်ရစ်ခဲ့ကြောင်းညာဘက်ဖိနပ်မှာမည်သည့်နေရာတွင်ကျန်ခဲ့သည်ကို မမှတ်မိသောဓားနှင့် အင်္ကျီများကိုလည်းလိုက်လံပြသခဲ့ပြီးနောက်အင်း‌တော်တရားရုံးရှိတရားသူကြီးရေ‌ှ့မှောက်တွင်ဖြောင့်ချက်ပေးကာဝန်ခံထွက်ဆိုခဲ့သည်။

ယင်းလူသတ်မှုအားအမှုမှန်ပေါ်ပေါက်အောင်မနားမနေစုံစမ်းထောက်လှမ်းဖော်ထုတ်ခဲ့သောကသာခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးမြင့်သောင်းသည်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆုလက်မှတ်ပေါင်း(၂၄)ကြိမ်ဆုတံဆိတ်(၂)ကြိမ်ရရှိခဲ့သူဖြစ်ပြီးတစ်ဆင့်မြင့်ရာထူးတိုး နှစ်ကြိမ်ရခဲ့သည်။

၂၀၀၅ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်လေးအနီးတွင်ဖြစ်ပွားခဲ့သောအောင်အောင်(LGBT)အား လူ ၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သော အမှုအမှတ်(ပ)၁၂၆၄/၂၀၀၅ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၅ နှင့်ပတ်သက်၍တရားခံ ၃ဦးကို အချိန်ပိုင်းအတွင်းသက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိခဲ့သည့်အတွက် ဒုရဲအုပ်ရာထူးမှ ရဲအုပ် ရာထူး သို့အဆင့်တိုးချီုးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၀၉ ခုနှစ် ဇန္နဝါရီလအတွင်းကလည်းရေးဘဏ်အတွင်း ဝင်ရောက်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သောအမှုနှင့် ၎င်းဘဏ်အနီးကားပွဲစားဇနီးမောင်နှံနှစ်ဦးကို နံနက်၄နာရီအချိန်ရက်ရက် စက်စက်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍၃၆နာရီအတွင်း နှစ်မှုစလုံးကိုဖော်ထုတ်ကာတရားစွဲဆိုနိုင်ခဲ့သဖြင့် ထိုအချိန်ကပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပခုံးပေါ်အပွင့်တင်ကာ ရဲအုပ်အဆင့်မှဒုရဲမှုးအဆင့် တိုးကာချီးမြောက်ဂုဏ်ပြုခဲ့ရသူဖြစ်သည်။

ယခုအမှုတွင်လည်းတရားခံ၏။ သဘောဆန္ဒအလျှောက်အခင်းဖြစ်အချိန်ကလူသတ်မှုကျူးလွန်‌စေခဲ့သည့်သက်သေခံပစ္စည်းများကိုဖော်ထုတ်ကာတရားသူကြီးရှေ့မှောက်၌ဝန်ခံဖြောင့်ချက်ပေးသည်အထိစိတ်ရှည်ဇွဲရှိစွာဖော်ထုတ်ပေးခဲ့သည်။

အသက်၁၈နှစ်အောက်မိန်းမပျိုနှစ်ဦးအားဓားဒဏ်ရာအချက်ပေါင်း၃ဝကျော်စီဖြင့်ထိုးသတ်ခဲ့သောတရားခံနှင့်ပတ်သက်၍အမှုမှန်ဖော်ထုတ်နေစဉ်အတွင်းအခင်းဖြစ်‌နေရာအနီးမူးယစ်ဆေးဝါးမှုနှစ်မှုကိုလည်းဖမ်းဆီးနိုင်ခဲ့‌ကြောင်းသိရသည်။

(သတင်းဓါတ်ပုံ- ယဉ်ယဉ်သိန်း နဘား)