ၾကားသိရသမွ်

D_DAY ဆိုတဲ့ အသံတွေ စည်ဝေလာတာနဲ့ပက်သက်ပြီး ပန်ဆယ်လိုပြော

D_Day နဲ့ပတ်သတ်ပြီး ပန်ပန်ပြော

D_Day ဆိုတဲ့ အသံတွေ စည်ဝေလာတယ်ဒါဟာ အခြေအမြစ်တစ်ခုကနေ D-Day ဆိုတဲ့ အသံတွေ စည်ဝေလာတယ်။ ဒါဟာ အခြေအမြစ်တစ်ခုကနေ လာတဲ့သတင်းမို့ တိုးတိုးတိတ်တိတ်ကနေ ကျယ်လောင်လာတယ် ယူဆရတယ်။

ဘယ်နှလပိုင်း၊ ဘယ်နှရက်နေ့မှာ D-Day ဘာညာဆိုတာတွေက ချဲ့ကားတာပါ။ D-Day ဆိုတာ ကြိုသိစရာမလိုဘူး။ သိမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် လာမှာက သေချာတယ်။ သေချာတဲ့အတွက် ကြိုတင် ပြင်ဆင်ရမယ်။

အဓိက ပြင်ဆင်ဖို့လိုအပ်တာက စိတ်ဓါတ်ပါပဲ။ D-Day ဘယ်တော့လဲ၊ ဘယ်နေ့တိုက်မလဲ တဂျီဂျီမေးနေပြီး D-Day တကယ်ရောက်လာတဲ့အခါ ကုတင်အောက်ဝင်ပုန်းနေသူချည်းဆိုရင်တော့ မလွယ်ဘူး။

D-Day ဆိုတာ တိုက်ပွဲခေါ်လိုက်တာ။ ခေါ်ပြီဆိုကတည်းက ပါဝင်ကြရမှာ။ ကြက်သွန်လှီးနေတဲ့ အိမ်ရှင်မရဲ့ ကြက်သွန်လှီးဓါးက လက်နက်ပဲ။ ခြံထဲမြက်ခုတ်နေတဲ့ ဦးလေးကြီးရဲ့ ပေါက်တူးက လက်နက်ပဲ။ ရရာလက်နက်ဆွဲကိုင်ပြီး ကျွံဝင်လာသမျှ လက်မတွန့်ကြဖို့ လိုတယ်။

PDF တွေဆို Gen-Z ပဲ ပြေးမြင်တတ်တဲ့ လပ်တီးက ငပဲ့တွေအတွက် GenXတွေ GenY တွေရဲ့ ဇ ပြရမယ့်ပွဲ။ စစ်အာဏာရူးတွေကို ဆန့်ကျင်သူမှန်သမျှ အဲ့နေ့မှာ PDF ပဲ။

မုဆိုးမတပ် ကြက်ချုပ်ရဲ့ ပလန်က အရှင်းကြီး။ အာဏာသိမ်းတယ်။ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းတယ်။ အိမ်စောင့်ခွေးဆိုပြီး စစ်ယူနီဖောင်းချွတ်၊ ပုဆိုးကောက်စွပ်တယ်။ Legitimacy မျှော်မယ်။ အာဆီယံနဲ့ အချိန်ဆွဲမယ်။ NLD ပါတီ ဖျက်သိမ်းမယ်။ သုံးလေးငါးနှစ်ကြာရင် ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး PR စနစ်နဲ့ ခွေးတိုးပေါက်က ထပ်ဝင်ပြီး တစ်သက်လုံး အုပ်ချုပ်မယ်။

ဒါက စောက်ပုပလန်။ သူ့ဟာသူ ပတ်ရှုပ်နေတာ။ ငါတို့ပြည်သူက ရှင်းတယ်။ ဘာလုပ်လုပ် လိမှ လက်မခံဘူး။ အခုအချိန် ရော့… အာဏာပြန်ယူဆိုရင်တောင် အရှင်ထွက် ပေးမထွက်ဘူး။ အာဆီယံလို ရပ်ကွက်ဓမ္မာရုံအဆင့်လောက် မပြောနဲ့ လူထုက ချစ်လှပါချည်ရဲ့ဆိုတဲ့ အမေစုတောင် ထွက်တားလည်း မရတော့ဘူး။ (စကားအဖြစ်ပြောတာ၊ အမေလည်း မတားဘူး)

ဖေဖော်ဝါရီအစကနေ ဇူလိုင်အကုန်ထိ

ငညစ်ရော ငဗစ်ရော ပြိုင်တိုက်လာရတဲ့ ပြည်သူ။ အခုထိ သန်မာနေကြဆဲပဲ။

ပြည်သူ့အာဏာ၊ ပြည်သူ့လက်ထဲ။ပြည်သူ မပေးရင် မရစေရ။ဖက်ဆစ်စစ်တပ်၊ အမြစ်ဖြတ်စစ်ပင်ကိုခုတ် စစ်ငုတ်မချန်။အိမ်စောင့်စစ်ခွေး မောင်းချရေးအတွက် ငါတိုဘယ် တော့မှ သွေးမအေးဘူး။

ငါတို့က နိုင်ကိုနိုင်မှာ။

ပန်ဆယ်လို