ၾကားသိရသမွ်

ကိုဗစ်သံသယနဲ့သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေကိုယ်စား ကိုယ်တိုင်မီးရှို့ပြီး သဂြိုလ်ပေးနေတဲ့ သထုံက ပရဟိတလူငယ်များ

ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားက ပြည်သူအချို့ဟာ အသက်သေဆုံးနေကြကြောင်း စိတ်မကောင်းစွာ

နဲ့သိရှိရပါတယ်။

ပရဟိတသမားတွေလည်း ရောဂါကူးစက်မှုတွေ ရှိနေတဲ့ ကြားကပဲ အားသွန်ခွန်စိုက်နဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ကာ အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို ကူညီပေးနေကြပါတယ်။

အသက်သေဆုံးတဲ့ ပြည်သူတွေများပြားလွန်းတာကြောင့် လူငယ်တွေဟာလည်း ပရဟိတအလုပ်တွေဝင်ရောက်လုပ်ကိုင်ပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder

ယနေ့သြဂုတ်လ(၄)ရက်နေ့မှာတော့ မွန်ပြည်နယ်၊ သထုံမြို့ကပရဟိတလူငယ်များဟာ ကိုဗစ်သံသယနဲ့သေဆုံးသွားတဲ့ ပြည်သူ(၈)ဦးရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်မီးရှို့ပြီး သဂြိုလ်ပေးနေခဲ့ပါတယ်။

သက်တန့်ရောင်စဥ်လူငယ်ပရဟိတနှင့်နာရေးကူညီမှုအသင်းမှ ပရဟိတလူငယ်တွေဟာ မီးသဂြိုလ်ဖို့အတွက် တာယာတွေ၊ထင်းတွေကို အပင်ပန်းခံပြီး ကိုယ်တိုင်သယ်နေခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါလူငယ်တွေကတော့ ကိုဗစ်ရောဂါကူးစက်မှာကို ကြောက်ပေမယ့်လည်းပရဟိတစိတ်ဓာတ်အပြည့်နဲ့ မိသားစုဝင်တွေကိုယ်စား မီးရှို့သဂြိုလ်ပေးနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder

ပြည်သူတွေကတော့ အခုလိုအစစအရာရာကူညီပေးနေတဲ့ အဆိုပါပရဟိတသမားတွေကို ချီးကျူးနေကြပါတယ်။ ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ ” (၄.၈.၂၀၂၁)သထုံမြို့နေ့လည်(၁၂:၀၀)အချိန်ထိ နေ့လည်တစ်ဖြတ် ကိုဗစ်သံသယဖြင့် သေဆုံးသူ(၈)ဦးအား

မိသားစုဝင်များကိုယ်စား သက်တန့်ရောင်စဉ်မှ စတင်ကူညီသဂြိုလ်မှုပြုပါပြီ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ကိုဗစ်သံသယနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို မီးရှို့သဂြိုလ်ပေးနေတဲ့ သထုံက ပရဟိတလူငယ်တွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Original Uploder