ဗဟုသုတ

ယောကျ်ားလေးများ အဝတ်အစားဝတ်ရာမှာ ပိုမိုစမတ်ကျစေမယ့် နည်းလမ်းများ

ယောကျ်ားလေးတစ်ယောက်ဟာ အဝတ်အစားဝတ်ဆင်တဲ့ နေရာမှာ ဆွဲဆောင်မှုရှိဖို့က အလွန်အရေးပါ ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အဝတ်အစားတွေက ပုံမကျပန်းမကျနဲ့ ဖြစ်နေရင် ကြည့်မကောင်းပါဘူး။

10. အင်္ကျီလက်ခေါက်ဝတ်ပါ။

အင်္ကျီလက်ကို ခေါက်မဝတ်ရင် ဖရိုဖရဲဖြစ်နေတတ်ပါတယ်။ အင်္ကျီလက်ကို သေသေသပ်သပ်ခေါက်ဝတ်တဲ့အခါ သပ်ရပ်ပြီး ရည်ရည်မွန်မွန် ဖြစ်သွားပါလိမ့်မယ်။

9. နေကာမျက်မှန် တပ်ပါ။

နေကာမျက်မှန်တပ်ခြင်းက သင့်ကိုပိုပြီး ခန့်ညားစေပါတယ်။ ဒါပေမယ့် အခန်းထဲမှာ မတပ်ဘဲ ချွတ်ထားခြင်းက သင့်ကိုပိုပြီး ထင်ရှားစေပါတယ်။ နေကာမျက်မှန်ကိုလည်း မျက်နှာအနေအထားပေါ် မူတည်ပြီး ရွေးချယ်ဖို့လိုပါတယ်။

8. ရှပ်အင်္ကျီအောက်အနားကို အထဲထည့်ဝတ်ပါ။

အများစုက ရှပ်အင်္ကျီအောက်အနားကို အထဲထည့်ဝတ်တတ်ကြပါတယ်။ ရှပ်အင်္ကျီနဲ့ ခန္ဓာကိုယ်က ကွက်တိဖြစ်နေဖို့ လိုပါတယ်။ ကွက်တိမဖြစ်ဘဲ ပွနေတဲ့ရှပ်အင်္ကျီက မသပ်မရပ်ဖြစ်စေပါတယ်။

7. နာရီပတ်ပါ။

နာရီပတ်ခြင်းက အရိုးစင်းဆုံးဝတ်စုံကို ဝတ်ထားရင်တောင် ထူးခြားနေစေပါတယ်။ သင့်ပုံစံနဲ့ သင့်တော်မယ့် နာရီကိုရွေးချယ်ဖို့ မမေ့ပါနဲ့။

6. ဖိနပ်အမျိုးမျိုး ပြောင်းစီးပါ။

ဖိနပ်တွေကလည်း သင့်ရဲ့စတိုင်ကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမယ့် ဖိနပ်တစ်မျိုးတည်းကိုပဲ စီးနေရင်တော့ အမှားကြီးပါပဲ။ ဝတ်စုံနဲ့လိုက်ဖက်မယ့် ဖိနပ်မျိုးကို ရွေးချယ်ပါ။ သင်ဟာ အမြဲစမတ်ကျနေမှာပါ။

5. ခြေအိတ်ဝတ်ပါ။

သင်ဟာ ခြေအိတ်ကြီးပေါ်နေတာ မကြိုက်ဘူးဆိုရင် မမြင်ရတဲ့ ခြေအိတ်မျိုးကို ဝတ်ဆင်ပါ။ ခြေအိတ်ဝတ်ခြင်းဖြင့် ခြေထောက်ကို တစ်နေ့လုံး သက်တောင့်သက်သာ ရှိစေပါတယ်။

4. ကာလဒေသနဲ့ လျော်ညီတဲ့ဝတ်စုံကို ဝတ်ပါ။

သင်ဟာ ပွဲတစ်ခုခု၊ အခမ်းအနားတစ်ခုခုကို သွားတော့မယ်ဆိုရင် ပွဲနဲ့သင့်တော်မယ့် အဝတ်အစားကို ရွေးချယ်ဝတ်ပါ။ အဝတ်အစားတွေကို တောင်တစ်ခုမြောက်တစ်ခု တွဲစပ်ပြီးဝတ်တာက ကလေးဆန်စေပါတယ်။

3. ခါးရှည်တဲ့ T-shirts

ခါးရှည်တဲ့ T-shirt တွေကို ဘောင်းဘီအကျပ်နဲ့ တွဲဝတ်ရင် ကြည့်ကောင်းပါတယ်။ သင်ဟာ Hip-hop ပုံစံနဲ့ မလိုက်ဖက်ရင်တော့ ခါးရှည်တဲ့T-shirt တွေကို သတိထား ရွေးချယ်သင့်ပါတယ်။

2. ခြေအိတ်ဖြူ

အားကစားနဲ့ သက်ဆိုင်တဲ့နေရာ၊ ပွဲမျိုးမဟုတ်ရင်တော့ ခြေအိတ်အဖြူကို မရွေးချယ်သင့်ပါဘူး။ ထင်းကနဲမြင်သာတဲ့ ခြေအိတ်မျိုးကို ဝတ်တာ ပိုကောင်းပါတယ်။

1. ဘောင်းဘီအပွတွေ မဝတ်ပါနဲ့။

Sizeလွန်ပြီး ပွနေတဲ ဘောင်းဘီတွေကို ရွေးချယ်ခြင်းက အမှားများထဲက တစ်ခုပါပဲ။ ဘောင်းဘီအပွနဲ့ ဖိနပ်က မလိုက်ဖက်တော့ရင် သင့်ရဲ့စတိုင်က ပြောစရာ ဖြစ်နေပါလိမ့်မယ်။

V-shape သို့မဟုတ် တြိဂံပုံသဏ္ဍာန် ခန္ဓာကိုယ်ရှိသူတွေက

-V-shape လည်ပင်းရှပ်အင်္ကျီတွေနဲ့ ဆွယ်တာတွေကို ရွေးချယ်သင့်ပါတယ်။

-ပွနေတဲ့ဂျာကင်အင်္ကျီတွေက ခန္ဓာကိုယ်ရင်ပိုင်းနဲ့ ပုခုံးကို အချိုးကျစေပါတယ်။

-အသားကပ်ဂျင်းအင်္ကျီတွေကို မဝတ်သင့်ပါဘူး။

ထောင့်မှန်စတုဂံပုံသဏ္ဍာန်ခန္ဓာကိုယ် ရှိတဲ့သူတွေက

– အထပ်အထပ်ပါတဲ့ အင်္ကျီတွေကို ရွေးချယ်သင့်ပါတယ်။

– လည်ပင်းဝိုင်းတဲ့ တီရှပ်နဲ့ ဂျာကင်ကို ရွေးချယ်သင့်ပါတယ်၊

– အရုပ်ပါတဲ့ တီရှပ်တွေက သင့်ရဲ့လေးထောင့်ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေလို့ မရွေးချယ်သင့်ပါဘူး။

ဘဲဥပုံသဏ္ဍာန်ခန္ဓာကိုယ်ရှိတဲ့သူတွေက

– အစင်းရှည်နဲ့အဖြူ စင်းသေးသေးလေးတွေ ပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်သင့်ပါတယ်။ ဒီလိုဝတ်ဆင်ခြင်းဖြင့် သင့်ခန္ဓာကိုယ်က ရှည်တယ်လို့ ထင်ရစေပါတယ်။

– ဘောင်းဘီအပွတွေကို မဝတ်ပါနဲ့။

– အရောင်တောက်တဲ့ ခါးပတ်တွေက် မရွေးပါနဲ့။ အရောင်တောက်ပတဲ့ ခါးပတ်တွေက သင့်ခန္ဓာကိုယ်ကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

Zombie (Lovemedia)

For Zawgyi

ယောကျ်ားလေးများ အဝတ်အစားဝတ်ရာမှာ ပိုမိုစမတ်ကျစေမယ့် နည်းလမ်းများ

ယောကျ်ားလေးတစ်ယောက်ဟာ အဝတ်အစားဝတ်ဆင်တဲ့ နေရာမှာ ဆွဲဆောင်မှုရှိဖို့က အလွန်အရေးပါပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အဝတ်အစားတွေက ပုံမကျပန်းမကျနဲ့ဖြစ်နေရင် ကြည့်မကောင်းပါဘူး။

10. အင်္ကျီလက်ခေါက်ဝတ်ပါ။

အင်္ကျီလက်ကို ခေါက်မဝတ်ရင် ဖရိုဖရဲဖြစ်နေတတ်ပါတယ်။ အင်္ကျီလက်ကို သေသေသပ်သပ်ခေါက်ဝတ်တဲ့အခါ သပ်ရပ်ပြီး ရည်ရည်မွန်မွန် ဖြစ်သွားပါလိမ့်မယ်။

9. နေကာမျက်မှန် တပ်ပါ။

နေကာမျက်မှန်တပ်ခြင်းက သင့်ကိုပိုပြီး ခန့်ညားစေပါတယ်။ ဒါပေမယ့် အခန်းထဲမှာ မတပ်ဘဲ ချွတ်ထားခြင်းက သင့်ကိုပိုပြီး ထင်ရှားစေပါတယ်။ နေကာမျက်မှန်ကိုလည်း မျက်နှာအနေအထားပေါ် မူတည်ပြီး ရွေးချယ်ဖို့လိုပါတယ်။

8. ရှပ်အင်္ကျီအောက်အနားကို အထဲထည့်ဝတ်ပါ။

အများစုက ရှပ်အင်္ကျီအောက်အနားကို အထဲထည့်ဝတ်တတ်ကြပါတယ်။ ရှပ်အင်္ကျီနဲ့ ခန္ဓာကိုယ်က ကွက်တိဖြစ်နေဖို့ လိုပါတယ်။ ကွက်တိမဖြစ်ဘဲ ပွနေတဲ့ရှပ်အင်္ကျီက မသပ်မရပ်ဖြစ်စေပါတယ်။

7. နာရီပတ္ပါ။

နာရီပတ်ခြင်းက အရိုးစင်းဆုံးဝတ်စုံကို ဝတ်ထားရင်တောင် ထူးခြားနေစေပါတယ်။ သင့်ပုံစံနဲ့ သင့်တော်မယ့် နာရီကိုရွေးချယ်ဖို့ မမေ့ပါနဲ့။

6. ဖိနပ်အမျိုးမျိုးပြောင်းစီးပါ။

ဖိနပ်တွေကလည်း သင့်ရဲ့စတိုင်ကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမယ့် ဖိနပ်တစ်မျိုးတည်းကိုပဲ စီးနေရင်တော့ အမှားကြီးပါပဲ။ ဝတ်စုံနဲ့လိုက်ဖက်မယ့် ဖိနပ်မျိုးကို ရွေးချယ်ပါ။ သင်ဟာ အမြဲစမတ်ကျနေမှာပါ။

5. ခြေအိတ်ဝတ်ပါ။

သင်ဟာ ခြေအိတ်ကြီးပေါ်နေတာ မကြိုက်ဘူးဆိုရင် မမြင်ရတဲ့ ခြေအိတ်မျိုးကို ဝတ်ဆင်ပါ။ ခြေအိတ်ဝတ်ခြင်းဖြင့် ခြေထောက်ကို တစ်နေ့လုံး သက်တောင့်သက်သာ ရှိစေပါတယ်။

4. ကာလဒေသနဲ့ လျော်ညီတဲ့ဝတ်စုံကို ဝတ်ပါ။

သင်ဟာ ပွဲတစ်ခုခု၊ အခမ်းအနားတစ်ခုခုကို သွားတော့မယ်ဆိုရင် ပွဲနဲ့သင့်တော်မယ့် အဝတ်အစားကို ရွေးချယ်ဝတ်ပါ။ အဝတ်အစားတွေကို တောင်တစ်ခုမြောက်တစ်ခု တွဲစပ်ပြီးဝတ်တာက ကလေးဆန်စေပါတယ်။

3. ခါးရွည္တဲ့ T-shirts